Border News Agency
မောင်တော၊ မတ် ၁၆။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးတွေဆက်လုပ်နေပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာအာရက္ခတပ်တော်ဟာပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အဲဒီနောက်မြေမြှုပ်မိုင်းရှင်းလင်းရေးတွေဆက်လုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့က မောင်တောမြို့နယ်မှာဆက်လုပ်နေတာပါ။
အဲဒီနေရာတွေကိုမိုင်းရှင်းလင်းရေးလုပ်ရာမှာ M- 14 မိုင်း ၇၈ လုံးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ နေရပ်ပြန်အရပ်သားတွေနေထိုင်သွားလာရေး အဆင်ပြေစေဖို့ စစ်ကော်မရှင်စခန်းချခဲ့တဲ့ နေရာတွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေအပါအဝင် တောတောင်၊ ကားလမ်း၊ လူနေခြံဝင်းတွေကို မိုင်းရှင်းလင်းရေးခဲ့လို့ မြေမြုပ်မိုင်း ၁၂၈လုံးရခဲ့ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်စခန်းနေရာတွေ၊ ယာယီတပ်စွဲခဲ့တဲ့နေရာတွေအပြင်တိုက် ပွဲဖြစ်ခဲ့တဲ့နေရာတွေကို လုံးဝမသွားလာကြဖို့ အာရက္ခတပ်တော်တား မြစ်ထားတာပါ။
အာရက္ခတပ်တော်တားမြစ်နယ်မြေတွေကိုဝင်ထွက်သွားလာမှုမရှိရအောင် မိုင်းနဲ့စစ်ကျန်လက်နက်အန္တရာယ် သတိပေးဆိုင်းဘုတ်တွေထောင်ပြီး စောင့်ကြည့်မှုတွေ ဆက်လုပ်နေပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲတွေဆောင်ရွက်နေပြီး မိုင်းပညာပေးလက်ကမ်းစာစောင်တွေဖြန့်ဝေတာ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။






