Border News Agency
နေပြည်တော်၊ မတ် ၁၆။
အာဏာသိမ်းစစ်တပ်ရဲ့တရားမဝင်တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမဆုံးအစည်းအဝေးကို မတ်လ ၁၆ ရက်၊ ဒီနေ့မနက်ပိုင်းမှာ စတင်ကျင်းပနေပါတယ်။
အဲဒီအစည်းအဝေးမှာ ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌတွေရွေးလိုက်တာပါ။
အဲဒီလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီကိုရွေးလိုက်သလို ဒုတိယဥက္ကဋ္ဌအဖြစ်ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုန်းကို ရွေးလိုက်တာ ဖြစ်ပါတယ်။
ဦးခင်ရီဟာ ဇေယျာသီရိမဲဆန္ဒနယ်ကဖြစ်ပြီး ဦးမောင်မောင်အုန်းကတော့ တပ်ကုန်းမဲဆန္ဒနယ်က ကိုယ်စားလှယ်အဖြစ်အမည်စာရင်းတင်ထားသူပါ။
အဲဒီမှာသဘာပတိတဦးကို ရွေးချယ်ခဲ့ရာမှာ လဲချားမဲဆန္ဒနယ်က စိုင်းဇင်ဝင်းနဲ့ ဒဂုံမဲဆန္ဒနယ်က ဦးနန္ဒကျော်စွာတို့ အမည်စာရင်းတက်လာပြီး ထောက်ခံမဲအများစုနဲ့ ဦးနန္ဒကျော်စွာက သဘာပတိအဖြစ် ဦးဆောင်ခဲ့တာပါ။
အဲဒီတရားမဝင်လွှတ်တော်ရဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌဟာ သဘာပတိရှေ့မှာ ကတိသစ္စာပြုတာတွေကို ဆက်လုပ်နေကြပါတယ်။






