Border News Agency
နေပြည်တော်၊မတ်လ ၁၉။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha ဦးဆောင်တဲ့ အဖွဲ့ကို မတ်လ ၁၈ ရက်နေ့ကနေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံတပ်မတော်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အပြင် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားမဝင်ကုန်သွယ်မှုနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီအပြင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေးနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို နှိမ်နင်းဖို့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
နောက်ပြီးမြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးတွေအစည်းအဝေးကျင်းပမယ့် အခြေအနေတွေနဲ့ နှစ်နိုင်ငံရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကိုလည်းပြောဆိုခဲ့ကြတာပါ။
ဒီတွေ့ဆုံပွဲကို စစ်ခေါင်းဆောင်ဖက်ဘက်က ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် ထိပ်သီးစစ်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။






