Border News Agency
ကျောက်ဖြူ၊ မတ် ၂၄။
ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စစ်ကော်မရှင်တပ် ဒရုန်းဗုံးကြဲတိုက်ခိုက်လို့ ကလေးတဦးအပါအဝင် အရပ်သား ၄ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စနဲမြို့၊အလယ်ပိုင်းရပ်ကွက်ကို မတ်လ ၂၃ရက်၊မနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်ဆူဆိုဒ်ဒရုန်း ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား၄ ဦးဒဏ်ရာရသွားခဲ့တာပါ။
အဲဒီအလယ်ပိုင်းရပ်ကွက်မှ အသက်ခုနှစ်ဆယ်ငါးနှစ်အရွယ်ဒေါ်မခင်သိန်း၊ အစက်နှစ်ဆယ့်တနှစ်အရွယ် ကိုဟိန်းထက်ဇော်၊ အသက်ဆယ့်သုံးနှစ်အရွယ်မောင်ကြီးနဲ့ အသက်နှစ်ဆယ့်ကိုးနှစ်အရွယ် ဒေါ်မြင့်ရွှေရီတို့ ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် လူနေအိမ် ၆ လုံးလည်း မီးလောင်ပြာကျသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။











