Border News Agency
အိန္ဒိယ၊မတ် ၂၅။
အိန္ဒိယအလံစိုက်ထူထားတဲ့ Jag Vasant နဲ့ Pine Gas အမည်ရ LPG ဓာတ်ငွေ့တင်သင်္ဘောနှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားကနေ ဘေးကင်းစွာ ဖြတ်သန်းသွားခဲ့ပြီ ဖြစ်တယ်လို့ အိန္ဒိယအစိုးရက မတ်လ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီသင်္ဘောနှစ်စင်းပေါ်မှာ စုစုပေါင်း LPG ဓာတ်ငွေ့တန်ချိန် ၉၂,၆၁၂ ကျော် တင်ဆောင်လာတာဖြစ်ပြီး အိန္ဒိယသင်္ဘောသား ၃၃ ဦးနဲ့ ၂၇ ဦးစီ အသီးသီး လိုက်ပါလာတာပါ။
အဲဒီသင်္ဘောနှစ်စင်းဟာ အိန္ဒိယနိုင်ငံက ဆိပ်ကမ်းတွေကို ဦးတည်ခုတ်မောင်းနေပြီး လာမယ့် မတ်လ ၂၆ ရက်ကနေ ၂၈ ရက်အတွင်း ဆိပ်ကမ်းဆိုက်ကပ်မယ်လို့ ခန့်မှန်းထားပါတယ်။
အိန္ဒိယအစိုးရဟာ ဒီသင်္ဘောတွေ ဖြတ်သန်းခွင့်အတွက် အီရန်အစိုးရကို အမေရိကန်ဒေါ်လာ ၂ သန်း ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
သင်္ဘောတွေရဲ့ လုံခြုံရေးအတွက် အိန္ဒိယရေတပ်က INS Kochi နဲ့ INS Chennai ဒုံးကျည်တင်ဖျက်သင်္ဘောနှစ်စင်းဟာ ရေလက်ကြားတလျှောက်မှာ အနီးကပ် လိုက်ပါစောင့်ရှောက်ပေးခဲ့တယ်လို့ဆိုပါတယ်။






