Border News Agencyမြောက်ဦး၊ မတ် ၁၄။ မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်တွေဟာ အကူအညီတွေ လိုအပ်နေကြပါတယ်။ အဲဒီစစ်ဘေးရှောင်အများစုဟာ စစ်တွေမြို့နယ်က စစ်ဘေးရှောင်လာကြသူတွေဖြစ်ပါတယ်။ အဲဒါကြောင့် စားဝတ်နေရေးအတွက်ငွေကြေးအပါအဝင်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ "အဓိကလိုအပ်ချက်ကဆိုရင် ပိုက်ဆံဆိုပိုလို့အဆင်ပြေပါတယ်။ကိုယ်လို အ...
Read moreBorder News Agencyမြောက်ဦး၊ မတ် ၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကသမိုင်းဝင်လက်ဆည်ကန်နဲ့ အနူမကန်တွေကို စနစ်တကျပြုပြင်ထိန်းသိမ်းဖို့ အာရက္ခပြည်သူ့အစိုးရက ပြင်ဆင်နေပါတယ်။ အဲဒီရေကန်တွေဟာ မြောက်ဦးခေတ်က ရန်သူတွေမဝင်နိုင်အောင်တူးဖော်ခဲ့တဲ့ ရေကျုံးဟောင်းတွေဖြစ်သလို အခုထိလည်းမြို့ခံတွေသောက်သုံးရေအတွက် အဓိကအားထားနေရတာပါ။ အရင်အစိုးရအဆက်ဆက်မှာ ထိန်းသိမ်းမှုအားနည်းခဲ့လို့ ပျက်စီးယိုယွင်းမှုတွေရှိနေခဲ့ပါတယ်။...
Read moreBorder News Agencyမြောက်ဦး၊ မတ် ၄ ။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးခရိုင်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဟိုလီပွဲတော်ကို မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့ထိကျင်းပခဲ့ပါတယ်။ အဲဒီပွဲတော်မှာ ဟိန္ဒူဘာသာဝင်တွေဟာ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်တာ၊ ရောင်စုံဆီးမှုန့်တွေနဲ့ဆော့ကစားတာ၊ နို့ချဉ်လုတာ၊...
Read moreBorder News Agency စစ်တွေ၊ဖေဖော်ဝါရီ ၂၇။ စစ်တွေခရိုင်အတွင်းက ကျေးရွာ ၁၄ ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၆၅ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ အဲဒီလိုကွင်းဆင်းကုသပေးရာမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီ လူနာတွေထဲမှာ အရေပြားရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူ အများအပြားပါဝင်နေပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။ အခုလိုဝေးလံတဲ့ကျေးရွာတွေအထိ လာရောက်ကုသပေးတာကြောင့် ဒေသခံတွေကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်နေကြပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောခရိုင်တွေမှာလည်း စစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။
Read moreBorder News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၂၂။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရသွားခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတဦးထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီ သေဆုံးသွားသူဟာ စစ်တွေဘက်ကနေ မြောက်ဦးမှာ လာရောက်စစ်ဘေးရှောင်နေတဲ့ ဒေါ်အောင်မစိန်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၀ ရက်နေ့ မနက်ပိုင်းမှာပဲ ဆေးကုသနေရင်းဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားခဲ့တာပါ။ သူမဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကော်မရှင်တပ် စစ်ဘေးရှောင်တွေခိုလှုံတဲ့နေရာကို ပေါင် ၅၀၀ ဗုံးနဲ့လေကြောင်းတိုက်ခိုက်ခံရစဉ် ကျောကုန်းနဲ့ခြေထောက်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကြောင့် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာလို့ ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတုန်းက ဒေါ်အောင်မစိန်ရဲ့ အသက် ၂ လသားအရွယ် မြေးဖြစ်သူ ကလေးငယ်လည်း သေဆုံးခဲ့ရသလို တခြားအရပ်သားပြည်သူ ၇ ဦးလည်း ဒဏ်ရာရသွားခဲ့ကြတာပါ။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို နေ့စဥ်နဲ့အမျှလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသကို တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ကင်းထောက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်တွေကို အထူးသတိပြုကြဖို့ အာရက္ခတပ်တော်က အသိပေးထားပါတယ်။
Read moreBorder News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ကျောက်တော်မြို့တွေကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့ ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ စစ်ကော်မရှင်တပ် လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ "နှစ်လုံးချတာပဲ ကြားရတယ်။ ည ၉ နာရီ ၂၅ မိနစ်လောက်မှ လေယာဉ်ပြန်ထွက်သွားတာ။ ဗုံးခိုကျင်းမရှိတော့ ကြောက်လွန်းလို့ကုတင်အောက်တွေမှာပဲ ဝင်ပုန်းနေကြရတယ်။" လို့ မြောက်ဦးဒေသခံတဦးက Border News Agency ကိုပြောပါတယ်။ လက်ရှိမှာ လေယာဉ်ပြန်ထွက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေကတော့ ထပ်ပြီးတိုက်ခိုက်ခံရမှာကိုစိုးရိမ်ပြီး ထိတ်လန့်နေကြရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။
Read moreမြောက်ဦးမြို့မှာရှေးဟောင်းရတနာတွေနဲ့ ငွေဒင်္ဂါးပြား တရာ့သုံးဆယ်နှစ်ပြားကို တာဝန်သိသိနဲ့ လာရောက်အပ်နှံခဲ့တဲ့ လူငယ်လေးဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တဦးကိုကျပ်ခုနှစ်ဆယ်ငါးသိန်းစီကို ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။ အဲဒီတာဝန်သိလူငယ်တွေကတော့ မြောက်ဦးမြို့က ဦးနိုင်ဝင်းထွန်းရဲ့သား မောင်စိုးအောင်မင်း၊ ဦးညီဘုရဲသား မောင်သုခအောင်၊ ဦးမောင်ကျော်သိန်းရဲ့သား မောင်ဖြိုးမြတ်ဦး နဲ့ ဦးခိုင်ကျော်လင်းရဲ့သား မောင်ကျော်စိုးလင်း တို့ ဖြစ်ကြပါတယ်။ သူတို့လေးဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ၂၄ ရက်နေ့က ဘောလုံးကွင်းမှာ ကစားရင်း မတော်တဆခြေချော်လဲရာကနေ ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး မိဘတွေနဲ့အတူ မြို့နယ်အုပ်ချုပ်ရေးဌာနသို့ သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ရှိရတဲ့ ငွေဒင်္ဂါးတွေထဲမှာ ရက္ခိုင်သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်ကျော်က နရပတိကြီး၊စန္ဒသုဓမ္မရာဇာ၊သတိုးမင်းတရားနဲ့ ဝရဓမ္မရာဇာလက်ထက်က ဒင်္ဂါးပြားတွေ ပါဝင်ပါတယ်။ အာရက္ခအစိုးရကတော့ ဒီလူငယ်လေးတွေရဲ့ ရိုးသားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ်ကို အထူးချီးကျူးကြောင်းပြောကြားခဲ့ပါတယ်။
Read moreHey! Don't Copy my content.