Border News Agency
စစ်တွေ၊ ဧပြီ ၄။
စစ်ခေါင်ဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ်ခန့်အပ်မှုအပေါ် ရခိုင်ဦးဆောင်ပါတီ (AFP) က ဧပြီလ ၃ ရက်နေ့မှာ ဂုဏ်ပြုလွှာပေးပို့လိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယသမ္မတတွေဖြစ်ကြတဲ့ ဦးညွန့်ဝေ၊ ဒေါ်နန်းနီနီအေး တို့ကို ဂုဏ်ပြုတယ်လို့ဆိုပါတယ်။
အဲဒီအစိုးရသစ်အနေနဲ့ နိုင်ငံတစ်ဝှမ်းရှိ ငြိမ်းချမ်းရေး၊ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ လုံခြုံရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာကို ယုံကြည်တယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် ရခိုင်ပြည်အတွင်း ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရသစ်နဲ့အတူ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ AFP ပါတီက ဆိုပါတယ်။






