Border News Agency
နေပြည်တော်၊ ဧပြီ ၄။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်တဲ့အပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဧပြီလ ၃ ရက်နေ့မှာ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသဝဏ်လွှာမှာ သမ္မတသစ်အနေနဲ့ နိုင်ငံအတွင်းက အခက်အခဲတွေကို ကျော်လွှားပြီး နိုင်ငံရေးအပြောင်းအလဲတွေကို ချောမွေ့အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားသလို ငြိမ်းချမ်းရေး လမ်းကြောင်းကိုလည်း ပိုမိုဖော်ဆောင်နိုင်မှာကိုယုံကြည်တယ်လို့ဆိုပါတယ်။
သမ္မတသစ်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ သာသနာပြုလုပ်ငန်းတွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတဦးဖြစ်တယ်လို့အမွှန်းတင် ဖော်ပြထားပါတယ်။
အဲဒါကြောင့် နောင်အနာဂတ်မှာ တိုင်းရင်းသားအားလုံး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မယ့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်ပါစေလို့လည်းဆိုပါတယ်။
ဒါ့အပြင် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ရာမှာ သမ္မတသစ်အနေနဲ့ အောင်မြင်စွာ ဦးဆောင်သွားနိုင်မှာကိုယုံကြည်တယ်လို့လည်းဆိုပါတယ်






