Border News Agency
ဆောထိ၊ ဧပြီ ၉။
ဆောထိမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဧပြီလ ၈ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီဆောထိမြို့နယ် ညောင်ပင်ကြီးရွာသစ်ကို ဧပြီလ ၄ ရက်နေ့က စစ်ကော်မရှင်တပ်မှ တိုက်လေယာဥ်တစီးနဲ့ ပေါင်၂၀၀ဗုံး သုံးလုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ညောင်ပင်ကြီးရွာသစ်နေ စောမင်းသူသေဆုံးခဲ့ပြီး အသက်သုံးဆယ်အရွယ်မောင်သောင်တာ၊ အသက်သုံးဆယ်အရွယ်စောမောရေထူးနဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် စောဒဲလေးဒဏ်ရာသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းရှိမြို့နယ်သုံးမြို့နယ်ကို လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်တွေနဲ့ နေ့စဥ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေစိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ သွားလာနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။








