Border News Agency
မရာ၊ ဧပြီ ၁၀။
အာရက္ခတပ်တော်(AA)တည်ထောင်တဲ့ ၁၇ နှစ်ပြည့်နေ့အတွက် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF)က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
AA ဟာ မြန်မာနိုင်ငံမှာ အင်အားအရှိဆုံးနဲ့ထိရောက်မှုအရှိဆုံး တော်လှန်ရေးအဖွဲ့အစည်းအဖြစ်ရပ်တည်နေတာကို လေးစားအသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် MTC/MDF အပါအဝင် တခြားသောတော်လှန်ရေးအဖွဲ့တွေကို AA က စစ်ရေး၊စစ်ပညာနဲ့ လက်နက်ခဲယမ်းပိုင်းတွေမှာအဘက်ဘက်က ကူညီပံ့ပိုးပေးနေတာကို အထူးလေးစားတယ်လို့ ဆိုပါတယ်။
AA ရဲ့ အောင်မြင်မှုတွေဟာ အာရက္ခပြည်သူတွေအတွက်တင်မကဘဲ တနိုင်ငံလုံးကပြည်သူတွေအတွက်ပါ အနာဂတ်အလင်းရောင်တခု ဖြစ်တယ်လို့လည်းဆိုပါတယ်။
နောင်အနာဂတ်မှာလည်း AA နဲ့ MTC/MDF ကြားမှာ ပိုမိုခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အခိုင်အမာကတိပြုထားပါတယ်။
နောက်ဆုံးမှာတော့ AA ရဲ့ အာရက္ခအိပ်မက်တွေ အမြန်ဆုံးအောင်မြင်ပါစေကြောင်း ဆုတောင်းပေးထားပြီးပေးဆပ်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်တွေကိုလည်း လေးနက်စွာဂုဏ်ပြုဦးညွှတ်ထားပါတယ်။






