Border News Agency
ဝါရှင်တန်၊ ဧပြီ ၁၀ (BNA)
အရှေ့အလယ်ပိုင်းဒေသက အခြေစိုက်စခန်းတခုကနေ အမေရိကန်လေတပ်ရဲ့ C-17 Globemaster III ကုန်တင်လေယာဉ်ကြီးပျံတက်နေတဲ့မှတ်တမ်းကိုအမေရိကန်စစ်ဌာနချုပ်က ဧပြီလ ၁၀ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီလေယာဉ်ကြီးဟာ ကုန်ပစ္စည်းအလေးချိန် ပေါင် ၁၇၀,၀၀၀ ကျော် (တန်ချိန် ၇၇ တန်ခန့်)အထိ သယ်ဆောင်နိုင်စွမ်းရှိပြီး စစ်မြေပြင်အတွက် လိုအပ်တဲ့အကြီးစားစစ်လက်နက်တွေနဲ့ ရိက္ခာတွေကိုတင်ဆောင်နိုင်တဲ့အစွမ်းရှိတာဖြစ်ပါတယ်။
C-17 ရဲ့ အားသာချက်ကတော့ လေယာဉ်ပြေးလမ်း အရှည်ကြီးမလိုသလို ပေ ၃,၅၀၀ လောက်သာရှိတဲ့ တိုတောင်းတဲ့ပြေးလမ်းတွေမှာတောင် ကောင်းကောင်းဆင်းသက်နိုင်အောင် ဒီဇိုင်းထုတ်ထားတာကြောင့် ခက်ခဲတဲ့ဒေသတွေအထိ သွားလာနိုင်ပါတယ်။
အခုလိုအရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်စစ်ဌာနချုပ်က ဒီလိုထောက်ပံ့ရေးလေယာဉ်ကြီးတွေရဲ့ လှုပ်ရှားမှုကိုထုတ်ပြလာတာဟာ ဒေသတွင်းစစ်ရေးအင်အားပြသမှုတခုလည်းဖြစ်နိုင်ပါတယ်။
ဒီလေယာဉ်ကြီးတွေဟာ ကမ္ဘာ့ဘယ်နေရာကိုမဆို အချိန်တိုအတွင်းမှာ လိုအပ်တဲ့ စစ်ရေးထောက်ပံ့မှုတွေ ပေးနိုင်တာကြောင့် အမေရိကန်လေတပ်ရဲ့ အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေး လက်နက်တခုအဖြစ် အားကိုးနေရပါတယ်။






