Border News Agency
စေတုတ္တရာ၊ ဧပြီ ၁၁ ။
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ကင်ပွန်းခြုံဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)က ထုတ်ပြန်ပါတယ်။
အဲဒီ ငဖဲ-စေတုတ္တရာလမ်းပေါ်မှာရှိတဲ့အင်အား ၃၀ ကျော်တပ်စွဲထားတဲ့ အဲဒီဂိတ်စခန်းကို ဧပြီ ၁၀ ရက် မနက် ၅ နာရီခန့်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း ဂိတ်စခန်းကနေ MA1 တလက်၊ကာဘိုင်နှစ်လက်နဲ့ ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို CDF-Asho အပါအဝင် လူ့ဘောင်သစ်တပ်မတော် (NSA)၊ PRA-Magway၊ မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်းနဲ့ ငဖဲမြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။






