Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး သတင်း

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့်သစ္စာ ခံမှု-၇

Author picture

By

Saw Shin Nyo
Reading Time: 4 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၁၁။

နေရာမှားသောသစ္စာခံမှုနှင့် မျက်နှာလိုက်ဝါဒ

လက်နက်ကိုင်တပ်ဖွဲ့တခု၏တပ်ရင်း တပ်စိတ် သို့မဟုတ် အစိတ်အပိုင်းတရပ်ရပ်တွင် လက်နက်ကိုင်ရခြင်း၏လူသားစံတန်ဖိုးကို ဦးတည်မနေပါက ထိုတပ်ရင်း တပ်စိတ် သို့မဟုတ် အစိတ်အပိုင်းတရပ်ရပ်ထဲ”နေရာမှားသောသစ္စာခံမှု”မှာ ကြိမ်းသေရှိနေပြီဖြစ်သည်။

ထိုသို့ရှိနေပါက ထိုတပ်ရင်း တပ်စိတ် သို့မဟုတ် အစိတ်အပိုင်းများတွင် အောက်ပါအင်္ဂါရပ်များဖြစ်ပေါ်လာသည်။

“၁။တပ်ဖွဲ့ဝင်များမှာ ကျင့်ဝတ်၊စံနှုန်းပေါ်တွင်သစ္စာမခံဘဲ မိမိထက်ရာထူးကြီးသူ(မိမိတပ်စိတ်၏ခေါင်းဆောင်) ထံတွင်သာသစ္စာခံပြခြင်း။

၂။ထိုအခြေအနေကိုပင် ခေါင်းဆောင်ဖြစ်သူကိုယ်တိုင် နှစ်သက်ကြေနပ်နေခြင်း။”စသည့်များ ပေါ်ပေါက်လာတော့သည်။

မျက်နှာလိုက်ဝါဒ(Favoritism)

အဆိုပါအင်္ဂါရပ်နှစ်ခုကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက ထိုတပ်ရင်း၊တပ်စိတ်၊ တပ်စုထဲတွင် သာမန်တပ်ဖွဲ့ဝင်များနှင့် ခေါင်းဆောင်တို့၌ “မိမိကိုယ်ကျိုးစီးပွား သို့မဟုတ် ကိုယ်ကျိုးအမြတ်ဗဟိုပြုမှု”ကိုတွေ့ရမည်။

လက်နက်ကိုင်ခြင်းဆိုသည်မှာ”လူသားဂုဏ်သိက္ခာကို လေးစားမှုနှင့်လူသားတန်ဖိုးကိုလေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်”ဆိုသော ကျင့်ဝတ်၊စံနှုန်းက ထိုအင်္ဂါရပ်နှစ်ခုအောက်တွင် မြောင်းထဲရောက်ကုန်ပြီဖြစ်သည်။

ခေါင်းဆောင်ဖြစ်သူကလည်း မိမိ၏လက်အောက်ငယ်သားများအား ကျင့်ဝတ်စံနှုန်းအပေါ်တွင်သာ သစ္စာခံရန်မထိန်းကျောင်း၊လက်အောက်ငယ်သားများကလည်း ကျင့်ဝတ်စံနှုန်းထက် မိမိထက်ရာထူးလုပ်ပိုင်ခွင့်ရှိသူကို ဖားယားကာ မိမိအတွက်အကျိုးအမြတ်ကိုသာ ရှာရန် ကြိုးစားကြသည်။

နဂိုကပင် လက်နက်ကိုင်ဆောင်ထားသူများဖြစ်၍ သာမန်လူထုထက် မိမိကိုယ်ကိုအင်အားရှိသည်ဟု မာန်ဝင်နေသောစိတ်ဘဝင်ကလည်းရှိနေသည်။

ဤအခြေအနေမျိုးက သာမန်လူထုအတွက် ကျောချမ်းစရာဖြစ်လာတော့သ ည်။

“အဘယ်ကြောင့်ဆိုသောကျင့်ဝတ်၊စံနှုန်းကိုမျက်ကွယ်ပြုကာ မိမိအကျိုးအမြတ်အတွက် ဦးတည်နေသောလက်နက်ကိုင်ထားသူဟူသည် လူထုအတွက် အချိန်မရွေးအန္တရာယ်ပေးနိုင်ချေရှိနေသောကြောင့်ဖြစ်သည်။”

ဤသို့ဖြင့် အကျိုးဆက်က…

“၁။မျက်နှာလိုက်ဝါဒ(Favoritism)ထွန်း ကားလာခြင်း။

၂။ကျင့်ဝတ်၊စံနှုန်းအပေါ် ယုံကြည်သောတပ်ဖွဲ့ဝင်များ ချောင်ထိုးခံရခြင်း။

၃။အရည်အချင်းအပေါ် အကဲဖြတ်မှုထက် အဖားကောင်းမှုကသာ နေရာနှင့်လုပ်ပိုင်ခွင့်အတွက် အခွင့်အရေးဖြစ်လာခြင်း။

၄။မိမိအတ္တကိုဗဟိုပြုလာသောအခါ ကြီးနိုင်ငယ်ညှင်း ဓလေ့၊ရာထူးလုပ်ပိုင်ခွင့်ဖြင့် ဆက်ဆံသောဓလေ့အားကောင်းလာခြင်း။

၄။ကျင့်ဝတ်စံနှုန်းအပေါ် ဖောက်ဖျက်နေမှု(Misconduct)များကို ဖော်ထုတ်ရန် ပျက်ကွက်ခြင်း၊အခွင့်မသာခြင်း။

၅။ကျင့်ဝတ်စံနှုန်းဖောက်ဖျက်မှုများကို ဖော်ထုတ်သူများ၊ ကျင့်ဝတ်စံနှုန်းကိုတောင်းဆိုသူ(Whistleblower)များအား မတရားအာဏာပြနှိပ်ကွပ်မှု (Retaliation)အလေ့အထအားကောင်းလာခြင်း။”စသည့် အချက်များဖြစ်ပေါ် လာတော့သည်။

ဤအကျိုးဆက်များက အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို ဆိုးဝါးစွာထိခိုက်စေတော့သည်။

အရပ်ဘက်မှဖော်ထုတ်မှုအပေါ် လက်တုန့်ပြန်ခြင်း

လက်နက်ကိုင်တပ်ဖွဲ့တခုတွင် တပ်ဖွဲ့ဝင်များသည် ကျင့်ဝတ်စံနှုန်းဖောက်ဖျက်မှုများရှိနေပါက ထိုအချက်များကို ဖော်ထုတ်ရန်တာဝန်မှာ တပ်ဖွဲ့ဝင်များတွင်ရှိသလို ပြည်သူတွင်လည်းရှိသည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ကျင့်ဝတ်စံနှုန်းကိုသွယ်ဖယ်နေပါက ကျင့်ဝတ်စံနှုန်းအတိုင်း ပြုမှုရန်ပြည်သူတွင်လည်း တောင်းဆိုခွင့်ရှိသည်။

ပြည်သူသည် မိမိအားကာကွယ်ရန်ကတိကဝတ်ပြုထားသော လက်နက်ကိုင်တပ်ဖွဲ့၏ကျင့်ဝတ်စံနှုန်းပျက်ယွင်းမှုများကို ဖော်ထုတ်သူ(Whistleblower)အဖြစ် ရပ်တည်ခွင့်လည်းရှိသည်။

သို့သော် နေရာမှားသော သစ္စာခံမှုအလေ့အထအားကောင်းနေပါက ထိုသို့ ဖော်ထုတ်ပေးသည့် Whistleblower များကို မတရားအာဏာပြနှိပ်ကွပ်မှု (Retaliation)ပြုလာတော့သည်။

တပ်ဖွဲ့ဝင်မဟုတ်သော အရပ်ဘက်မှ (Whistleblower)များကို လက်တုန့်ပြန်ပုံများတွင်…

“၁။ဖော်ထုတ်သူအား အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ ဝန်မခံဘဲငြင်းဆိုခြင်း။

၂။ဖော်ထုတ်သူအား ပြည်သူလူထုနားလည်မှုလွဲရန် သတင်းမှားများဖြင့် ထိုးနှက်တိုက်ခိုက်ခြင်း။

၃။ခြိမ်းခြောက်ခြင်း၊လက်စဖျောက်ခြင်း၊ဖမ်းဆီးခြင်း။

၄။အနုနည်းဖြင့် ပြန်လည်ဆွဲဆောင်ခြင်း၊မက်လုံးပေးခြင်း။”စသည့်အချက်များပါဝင်ပါသည်။

အတွင်းစည်းမှဖော်ထုတ်သူများအား လက်တုန့်ပြန်ခြင်း

တပ်ကြပ်ကြီးချုပ်ဒေးဗစ်အာရ်ချဒ်ဘန်း(Master Sgt. David R. Chadburn)က”နေရာမှားသောသစ္စာခံမှု”ကြောင့် ဖြစ်လာသောပြဿနာများကို အမေရိကန်စစ်ဘက်၏နာမည်ကျော် အဆင့်မြင့်တပ်ကြပ်ကြီးချုပ် လေ့ကျင့်ရေးသင်တန်း (Sergeants Major Course)တွင် အောက်ပါအတိုင်း လက်ချာပေးထားသည်။

လက်နက်ကိုင် တပ်ဖွဲ့တခု၏”သစ္စာစောင့်သိမှု(Loyalty)”ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာမွန်မြတ်သည်ဟု ထင်စရာရှိသည်။

သို့သော် ထိုမွန်မြတ်မှုကိုပင် အဓိပ္ပာယ်ကောက်ယူရန် လွှဲမှားနိုင်မှုရှိနေသည်။

အမေရိကန်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၊ တပ်မတော်၊ မိမိတို့၏တပ်ဖွဲ့နှင့်အခြားစစ်သည်များအပေါ် သစ္စာစောင့်သိကြရမည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် ဤကဲ့သို့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၊ဒီမိုကရေစီ၊လွတ်လပ်ခွင့်နှင့်စစ်ဘက်ဆိုင်ရာစံနှုန်းများကြား ချည်နှောင်ထားသောအင်စတီကျူးရှင်းဆိုင်ရာကတိကဝတ်များအား အသေးစိတ်မရေးဘဲ အနှစ်ချုပ်လျှက်”ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တပ်မတော်၊ မိမိတို့၏တပ်ဖွဲ့နှင့်အခြားစစ်သည်များအပေါ် သစ္စာ စောင့်သိကြရမည်။”ဟု တိကျရေရာမှုမရှိသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကြောင့်တပ်ဖွဲ့ဝင်များတွင် သစ္စာစောင့်သိမှုကို တလွှဲတချော်သဘောပေါက်၍ နေရာလွှဲမှားစွာ ကျင့်သုံးမိကြတော့သည်။

နေရာမှားသောသစ္စာခံမှု (Misplaced Loyalty)ဆိုသည်မှာ တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့လက်နက်ကိုင်တပ်ဖွဲ့၏မြင့်မြတ်သောတာဝန်ဝတ္တရားများနှင့်တန်ဖိုးထားမှုများကို ဘေးဖယ်ကာတဦးတယောက်ချင်းအပေါ် သစ္စာစောင့်သိမှုကို ပို၍ဦးစားပေးမိခြင်းဖြစ်သည်။

ဤသို့ဖြစ်လာပါက မျက်နှာလိုက်ခြင်း၊ အကျင့်ပျက်ခြစားမှုများကို သတင်းမပို့ခြင်းနှင့်အမှားကို ထောက်ပြသူများ (Whistleblowers)အပေါ် လက်စားချေခြင်းစသည့် ကျင့်ဝတ်ဖောက်ဖျက်မှုများကို ဖြစ်ပေါ်လာတော့သည်။

ခေါင်းဆောင်တဦးချင်းစီ သို့မဟုတ်အခြားတပ်ဖွဲ့ဝင်များအပေါ် သစ္စာစောင့်သိနေခြင်းသည် အကျင့်ပျက်ခြစားမှုများကို သတင်းပို့ရန်တားဆီးထားသကဲ့သို့ ဖြစ်နေတတ်သည်။

ထိုသို့သတင်းမပို့ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းသည် နေရာမှားသောသစ္စာခံမှု၏ဆိုးကျိုးပင်ဖြစ်သည်။

အရာခံဗိုလ်များ(NCOs)နှင့်အထက်အရာရှိများသည် ဖြစ်ရပ်များကိုဖုံးကွယ်ပေးခြင်းဖြင့် တဦးကိုတဦးကာကွယ်ပေးလေ့ရှိကြောင်း စစ်ဘက်ဆိုင်ရာဌာနက ဖော်ထုတ်ထားသည်။

ဤသို့ကျင့်ဝတ်ဖောက်ဖျက်မှုများအပေါ် အပြန်အလှန်အကာအကွယ်ပေးမှုများက လက်နက်ကိုင်တပ်ဖွဲ့အတွင်း” လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့် စော်ကားမှုဖြစ်စဉ်များ”၊”ကျင့်ဝတ်စံနှုန်းနှင့် သွယ်ဖယ်နေသောလုပ်ရပ်များ” ကို သတင်းပို့မှုနည်းပါးသွားစေသည်။

အခြားဥပမာတခုမှာ တပ်စုမှူး(Platoon leader)က အရက်မူးနေသောတပ်စု တပ်ကြပ်ကြီး(Platoon sergeant)ကို အကာအကွယ်ပေးသည့်အနေဖြင့် ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ဘဲ အနားယူစေကာ အမှားကိုဖုံးကွယ်ပေးခြင်းမျိုးဖြစ်သည်။

နေရာမှားသောသစ္စာခံမှုကြောင့် အမှားကိုသတင်းမပို့ဘဲနေခြင်းမှာ အဖွဲ့အစည်းကိုပျက်စီးစေတော့သည်။

ထို့ပြင် နေရာမှားသောသစ္စာခံမှုသည် လက်စားချေမှုများကိုဖြစ်စေပြီး ယုံကြည်မှုနှင့်စည်းလုံးညီညွတ်မှုကို ပိုမိုယိုယွင်းပျက်စီးစေသည်။

အပြစ်ရှိသော လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အပြစ်ရှိသောခေါင်းဆောင်အပေါ် သစ္စာစောင့်သိလွန်းခြင်းကြောင့် အမှန်တရားကို ထောက်ပြသူများအပေါ် လက်စားချေတိုက်ခိုက်ခြင်းများပြုလုပ်တတ်ကြသည်။

လက်စားချေခြင်းကို အဓိကအားဖြင့် အုပ်စုနှစ်စုခွဲခြားနိုင်သည်။

ပထမတမျိုးမှာ လူမှုရေးအရ လက်စားချေခြင်း(Social retaliation) ဖြစ်သည်။

အမှန်တရားကို ဖော်ထုတ်သောတပ်ဖွဲ့ဝင်အားဝိုင်းပယ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့်လုပ်ဖော်ကိုင်ဖက်များက အပြစ်တင်ခြင်းစသည့် ပုံစံကိုကျင့်သုံးကြသာည်။

ဒုတိယတမျိုးမှာ သက်မွေးဝမ်းကျောင်းအရ လက်စားချေခြင်း(Professional retaliation)ဖြစ်သည်။

အမှန်တရားကို ဖော်ထုတ်သောတပ်ဖွဲ့ဝင်၏အခွင့်အရေးများ ရုပ်သိမ်းခြင်း၊ ရာထူးတိုး သို့မဟုတ် သင်တန်းများ ပိတ်ပင်ခြင်းနှင့်မကောင်းသောနေရာများသို့ ပြောင်းရွှေ့ခြင်းစသည့်ပုံစံများ ဖြစ်သည်။

ဥပမာအားဖြင့်-တပ်စုခေါင်းဆောင်၏ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု(သို့ မဟုတ်)ကျင့်ဝတ်စံနှုန်းနှင့်မညီသောလုပ်ရပ်ကို သတင်းပို့သည့် တပ်ဖွဲ့ဝင်တဦးအား အခြားတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းအပြစ်တင်ခြင်းသည်နေရာမှား သောသစ္စာခံမှုကြောင့်ဖြစ်ရသည့်လက် စားချေမှုပင် ဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့တခု၌သစ္စာခံမှုတွင်ပင် ဤကဲ့သို့သော”မှောင်မိုက်သော အ ခြမ်း(Shadow side)”မျိုးရှိတတ်သည်ပင်။

ဤအချက်များ လက်နက်ကိုင်တပ်ဖွဲ့အပေါ် ဆိုးရွားစွာသက်ရောက်မှုရှိစေသည်။

“ကြံခိုင်မှုတွင်ကျင့်ဝတ်လည်းပါရသည် ။”

​“လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားကြံ့ခိုင်မှုကိုမြှင့်တင်ပေးသော သင်တန်းများတွင်ပင်တပ်ဖွဲ့ဝင်တဦးအတွက် အဓိကထားရမည့် ကျင့်ဝတ်တန်ဖိုးများနှင့်ပက်သက်သောလက်တွေ့လေ့ကျင့်ခန်းတွင် ပါဝင်ရမည်ဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့တခု၏ မူလကျင့်ဝတ်တန်ဖိုးများအပေါ် ဘက်စုံလေ့ကျင့်သင်ကြားပေးခြင်းက”ကျင့်ဝတ်နှင့်ညီညွတ်သောစစ်မှုထမ်းခြင်း”၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ရန်မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။

ကြံခိုင်မှုသင်တန်းများသည် တပ်ဖွဲ့ဝင်တယောက်အတွက်တိုက်ခိုက်ရေးစွမ်းရည်များကို အထောက်အကူပြုရန်သက်သက်မဟုတ်ဘဲ”သစ္စာစောင့်သိမှု၏ စစ်မှန်သောအဓိပ္ပာယ်”ကိုတပ်ဖွဲ့ဝင်များနားလည်သဘောပေါက်စေရန်ကူညီပေးရမည့် သင်တန်းများလည်းဖြစ်သည်။

ဆက်ရန်…

အပိုင်း- ၁

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့် သစ္စာခံမှု – ၁

အပိုင်း -၂

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့်သစ္စာခံမှု – ၂

အပိုင်း -၃

လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့်သစ္စာခံမှု-၃

အပိုင်း -၄

လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့်သစ္စာခံမှု – ၄

အပိုင်း-၅

လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့်သစ္စာခံမှု-၅

အပိုင်း -၆

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့် သစ္စာခံမှု – ၆

ကိုးကား…

https://www.armyupress.army.mil/Journals/NCO-Journal/Archives/2024/August/The-Shadow-Side-of-Loyalty/hl/en-GB
PrevPreviousစစ်တပ်တိုက်ခိုက်မှုတွေအတွက် တရားမျှတမှုရအောင် အာရက္ခတပ်​တော်ကြိုးစားမယ်
Next​စေတုတ္တရာရှိ စစ်ကော်မရှင်တပ်ဂိတ်စခန်းတိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံးNext
Previous Post

စစ်တပ်တိုက်ခိုက်မှုတွေအတွက် တရားမျှတမှုရအောင် အာရက္ခတပ်​တော်ကြိုးစားမယ်

Next Post

​စေတုတ္တရာရှိ စစ်ကော်မရှင်တပ်ဂိတ်စခန်းတိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မုတ်သုံလေအားကောင်းလာပြီး တနိုင်ငံလုံး မိုးကြီးရေကြီးနိုင်လို့ သတိပြုဖို့ နှိုးဆော်

May 18, 2026

​ယူအေအီး နျူကလီးယားစက်ရုံ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

May 18, 2026

​ဟောမုဇ်ရေလက်ကြားမှာ အီရန်က အခွန်ကောက်မယ်ဆိုပြီး အစ္စရေးက လက်ဘနွန်ကို ဆက်ဗုံးကြဲနေ

May 18, 2026

​တနင်္သာရီမှာ အာဏာသိမ်းစစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်သား ၅ ဦးသေဆုံး

May 18, 2026

မုတ်သုံလေအားကောင်းလာပြီး တနိုင်ငံလုံး မိုးကြီးရေကြီးနိုင်လို့ သတိပြုဖို့ နှိုးဆော်

​ယူအေအီး နျူကလီးယားစက်ရုံ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

​ဟောမုဇ်ရေလက်ကြားမှာ အီရန်က အခွန်ကောက်မယ်ဆိုပြီး အစ္စရေးက လက်ဘနွန်ကို ဆက်ဗုံးကြဲနေ

​တနင်္သာရီမှာ အာဏာသိမ်းစစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်သား ၅ ဦးသေဆုံး

စလင်းမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား

ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးလမ်းနဲ့ချင်းတွင်းမြစ်ကြောင်းကို ယာယီပိတ်

Releated Post

မုတ်သုံလေအားကောင်းလာပြီး တနိုင်ငံလုံး မိုးကြီးရေကြီးနိုင်လို့ သတိပြုဖို့ နှိုးဆော်

May 18, 2026

​ယူအေအီး နျူကလီးယားစက်ရုံ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

May 18, 2026

​ဟောမုဇ်ရေလက်ကြားမှာ အီရန်က အခွန်ကောက်မယ်ဆိုပြီး အစ္စရေးက လက်ဘနွန်ကို ဆက်ဗုံးကြဲနေ

May 18, 2026

​တနင်္သာရီမှာ အာဏာသိမ်းစစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်သား ၅ ဦးသေဆုံး

May 18, 2026
ဓာတ်ပုံ - မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း

စလင်းမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား

May 17, 2026
ဓာတ်ပုံ - အာဏာရှင်တော်လှန်းရေး ပြည်သူ့တပ်မတော်

ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးလမ်းနဲ့ချင်းတွင်းမြစ်ကြောင်းကို ယာယီပိတ်

May 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page