Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်ကို စက်တင်ဘာလ ၁၉ ရက်နေ့၊၁၁ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်ရဲ့ကင်းထောက်ဒရုန်းပျံဝဲနေတာမို့ အာရက္ခတပ်တော်ကပစ်ခတ်နေတယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့ပေါ်ကို အာဏာသိမ်းစစ်တပ်ကင်းထောက်ဒရုန်းဟာ အကြိမ်ကြိမ်ပျံဝဲကင်းထောက်နေတာပါ။
အဲဒီကျောက်တော်မြို့နယ်နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ထိုးစစ်ဆင်နေတာမို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။






