Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

ငွေစက္ကူပြဿနာကို အဖြေရှာဖြေရှင်းပေးဖို့ လိုအပ်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Bordar News Agency
မြောက်ဦး၊ ဇွန် ၁၄။

အာရက္ခဒေသမှာ ဘဏ်လည်ပတ်မှုတွေမရှိတော့တာမို့ ဟောင်းနွမ်းငွေစက္ကူတွေဟာ တန်ဖိုးကျဆင်းနေပြီးငွေစက္ကူ ပြဿနာကို ဖြေရှင်းပေးဖို့လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် အာရက္ခဒေသမှာ ဘဏ်လည်ပတ်မှုတွေရပ်တန့်သွားခဲ့တာမို့ ဟောင်း နွမ်းငွေစက္ကူတွေကို အသုံးပြုနေကြရပြီး ငွေစက္ကူတွေ ပျက်စီးစုပ်ပြဲတာတွေ
များလာတာမို့ ဆက်လက်သုံးစွဲဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

“ပိုက်ဆံက ဟောင်းပြီးနွမ်းနေရင်အ သုံးမပြုကြတော့ဘူး။ပိုက်ဆံအကြွေတွေဆိုလည်း မသုံးကြဘူး။အဲတော့လွင့်ပစ်ရမှာလည်း နှမြောဖို့ကောင်းတယ်။လွှင့်ပစ်ရဖို့တတူ ငွေလဲလှယ်တဲ့သူတွေဆီမှာ ထက်ဝက်ဈေးနဲ့လဲနေရတယ်။” လို့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဟောင်းနွမ်းငွေစက္ကူတွေ၊ငါးဆယ်ကျပ်တန်၊တရာကျပ်တန်၊ နှစ်ရာကျပ်တန်ငွေစက္ကူအကြွေတွေကို လက်မခံကြတော့ဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီငွေစက္ကူတွေကို ပစ္စည်းတွေဝယ်ယူရာတွေမှာ အသုံးပြုလို့ အဆင်မပြေတော့တာမို့ ဝယ်ယူသူတွေကို ငွေစက္ကူတန်ဖိုးရဲ့ထက်ဝက်ဈေးနဲ့လဲလှယ်အ သုံးပြုနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“တသောင်းတန်ဟောင်းနွမ်းငွေစက္ကူတရွက်ကို လှဲလိုက်တဲ့အခါ ထက်ဝက်တန်ဖိုးဈေး ငါးထောင်တန်အဖြစ် တန်ဖိုးကျဆင်းသွားတယ်။ဟောင်းနွမ်းငွေစက္ကူတွေက တန်ဖိုးရဲ့ထက်ဝက်သို့ တန်ဖိုးကျဆင်းနေတယ်။” လို့ အာရက္ခပြည်သူတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီငွေစက္ကူတွေကို သိန်းဂဏန်းအော က်ဆို ငါးဆ၊သိန်းဂဏန်းအထက်ဆိုရင် ခြောက်ဆနဲ့တထောင်ကို ငါးရာကျပ်၊ ငါးထောင်ကို နှစ်ထောင့်ငါးရာကျပ်၊တသောင်းကို ငါးထောင်ကျပ်စတဲ့ တန်ဖိုးရဲ့ထက်ဝက်ဈေးတွေနဲ့သာ လှဲလှယ်အသုံးပြုနေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် သာမန်လက်လုပ်လက်စားပြည်သူတွေ၊ဈေးရောင်းချပြီး ဝင်ငွေရှာနေသူတွေဟာ ငွေစက္ကူအဟောင်းတွေ၊ ငွေစက္ကူအကြွေတွေကို လက်ခံယူနေကြရတာမို့ နစ်နာမှုတွေရှိနေကြတယ်လို့ဆိုကြပါတယ်။

အရင်းအနှီးအနည်းငယ်နဲ့ငွေလှဲ့ပေးတဲ့ သူတွေဟာလည်း ဟောင်းနွမ်းငွေစက္ကူမဟုတ်ပဲ ငွေစက္ကူအတုတွေနဲ့ နှစ်ပိုင်းပြတ်ပြီး မတူညီတဲ့ငွေစက္ကူနှစ်ရွက်ကိုဆက်ကာ ငွေလှဲ့မှုတွေလည်းရှိ​​နေတာ
မို့ ငွေစက္ကူဝယ်ယူသူတွေဆီမှာပြန်သွင်းရတဲ့အခါအခက်အခဲတွေဖြစ်ကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ကျွန်မတို့က ငွေလှဲ့ပေးတဲ့လုပ်ငန်းတွေလုပ်နေတာပါ။ မြို့နယ်အနှံ့သွားပြီး လှဲ့ပေးသလို အိမ်မှာလည်း လာလှဲ့ကြတ ယ်။ကျွန်မတို့ကတန်ဖိုးရဲ့ ထက်ဝက်ဈေးနဲ့လှဲ့ပေးတယ်။ကျွန်မတို့ဆီက ငွေစက္ကူအကောင်းနဲ့ တခြားသူတွေဆီက ဟောင်းနွမ်းငွေစက္ကူတွေကို ပြန်လှဲ့ပေးတာပါ။ဒိုင်တွေဆီမှာပြန်သွင်းရတဲ့အခါ လှဲ့ပေးတဲ့ဈေးထက် နှစ်ဆပိုတောင်းယူရတယ်။ဘာလို့လဲဆိုတော့ နယ်အနှံ့သွားလာရတဲ့ခရီးစာရိတ်တွေလည်းရှိသေးလို့ပါ။ငွေလှဲ့တဲ့အခါ သတိမထားမိရင် ငွေတုတွေနဲ့မတူညီတဲ့ပိုက် ဆံနှစ်ရွက်ကို ဆက်ပြီးလဲကြတာတွေလည်းပါတယ်။အဲဒီလိုပါလာတော့ ဒိုင်တွေဆီမှာပြန်းသွင်းလို့မရဘူး။အဲဒီလိုမျိုးဆို ကိုယ့်ဆီက ငွေကုန်တာပဲရှိတယ်။” လို့ ဟောင်းနွမ်းငွေစက္ကူတွေဝယ်သူနေသူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီဟောင်းနွမ်းငွေစက္ကူတွေကို ဝယ်ယူလုပ်ကိုင်နေကြသူတွေများတာမို့ အဆင်ပြေသလို ဟောင်းနွမ်းငွေစက္ကူတွေ ရှားပါးလာတာမို့ ပိုမိုအဆင်မပြေဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ဟောင်းနွမ်းငွေစက္ကူတွေကို လက်ခံအသုံးပြုကြဖို့ ဒေသန္တရအမိန့်ထု တ်ထားပေမယ့် လက်ခံမယူသူတွေများနေတာမို့ ငွေစက္ကူရှားပါးနေမှု၊ ငွေစက္ကူအဟောင်းပြဿနာကို အဖြေရှာဖြေရှင်းပေးဖို့ လိုအပ်နေပြီလို့ ဆိုကြပါတယ်။

PrevPrevious“အသိပညာရှင်၊အတတ်ပညာရှင်တွေကို မွေးထုတ်ပေးနိုင်ရပါမယ်။ အဲဒါမှပဲ နိုင်ငံတခုထူထောင်တာ ကောင်းလာပါမယ်။”
NextGlobal Leaders Call for Urgent Action to Educate Rohingya Children in Bangladesh CampsNext
Previous Post

“အသိပညာရှင်၊အတတ်ပညာရှင်တွေကို မွေးထုတ်ပေးနိုင်ရပါမယ်။ အဲဒါမှပဲ နိုင်ငံတခုထူထောင်တာ ကောင်းလာပါမယ်။”

Next Post

Global Leaders Call for Urgent Action to Educate Rohingya Children in Bangladesh Camps

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ရခိုင်ကုန်သည်ကို ငွေပြန်အပ်ခဲ့တဲ့ မီဇိုရမ်သုံးဘီးသမားကို ဝန်ကြီးချုပ် ဆုချီးမြှင့်

March 13, 2026
ဓာတ်ပုံ - နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် ၈၀၃

တာရှည်ဆွာမကြီးစခန်းက ရဲ ၂ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်

March 13, 2026

​ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က KNLA နယ်စပ်ဂိတ်ကို မီးရှို့ဖျက်ဆီး

March 13, 2026

​တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ BWM အဖွဲ့တိုက်ခိုက်

March 13, 2026

တာရှည်ဆွာမကြီးစခန်းက ရဲ ၂ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်

​ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က KNLA နယ်စပ်ဂိတ်ကို မီးရှို့ဖျက်ဆီး

​တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ BWM အဖွဲ့တိုက်ခိုက်

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

အီရန်စစ်ပွဲရပ်တန့်ရေး တောင်ကိုရီးယားမှာဆန္ဒပြ

စစ်ခေါင်းဆောင်လေတပ်အတွက် လေယာဉ်နဲ့ရဟတ်ယာဉ်သစ်တွေထပ်ဖြည့်

Releated Post

ဓာတ်ပုံ - နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် ၈၀၃

တာရှည်ဆွာမကြီးစခန်းက ရဲ ၂ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်

March 13, 2026

​ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က KNLA နယ်စပ်ဂိတ်ကို မီးရှို့ဖျက်ဆီး

March 13, 2026

​တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ BWM အဖွဲ့တိုက်ခိုက်

March 13, 2026

မောင်တောမြို့နယ်ကမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

March 13, 2026

အီရန်စစ်ပွဲရပ်တန့်ရေး တောင်ကိုရီးယားမှာဆန္ဒပြ

March 13, 2026

စစ်ခေါင်းဆောင်လေတပ်အတွက် လေယာဉ်နဲ့ရဟတ်ယာဉ်သစ်တွေထပ်ဖြည့်

March 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page