Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် ပညာရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အာရက္ခဒေသက ပညာရေးဝန်ထမ်းတွေ ရပ်တည်ရေးအတွက် အကူအညီ လိုအပ်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇွန် ၂၉။

အာရက္ခဒေသက ပညာရေးဝန်ထမ်းတွေ ဘဝရပ်တည်ရေးအတွက်အခက် အခဲတွေရှိနေတာမို့ အကူအညီတွေလို အပ်နေကြတယ်လို့ ပညာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတ ည်းက အခြေခံပညာစာသင်ကျောင်းတွေကို ပိတ်ထားကြရပါတယ်။

အဲဒါကြောင့် ပညာရေးဝန်ထမ်းတွေဟာ လစာခံစားခွင့်မရှိတော့တာမို့ ရပ်တည်နေထိုင်စားသောက်ရေးအတွက်အခက် အခဲတွေဖြစ်နေတယ်လို့ ပညာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

“လစာလေးကိုပဲ မှီခိုနေရတဲ့ ဝန်ထမ်းတယောက်အနေနဲ့ ခုကလစာလည်း မရတော့ဘူးဆိုတော့ မိသားစုစားသောက်ရေးအခက်အခဲတွေရှိတယ်။ဒီကာလမှာက အကုန်လုံးဈေးတွေတက်ကုန်တာနဲ့ စားဝတ်နေရေးကအစ ကျန်းမာရေးအ ဆုံးအဆင်မပြေကြတာများပါတယ်။ ဘယ်လိုပြောပြရမလဲတောင်မသိတော့ဘူး။” လို့ ကျောက်တော်မြို့နယ်မှပညာရေးဝန်ထမ်းတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီပညာရေးဝန်ထမ်းတွေဟာ ရှိစုမဲ့စု အရင်းအနှီးတွေအပြင် ချေးငှားပြီး အ ဆင်ပြေသလို ကြုံရာလုပ်ကိုင်စားသော က်ရပ်တည်နေကြရတယ်လို့ ပညာရေး ဝန်ထမ်းတွေက ဆိုကြပါတယ်။

“လစာမရတော့ ဒီအတိုင်းထိုင်နေလို့ မရဘူးလေ။ကုန်သည်တွေဆီက တဆင့်ခံကုန်ယူပြီး လိုက်ရောင်းတယ်။အဆင်မပြေပါဘူး။ကျောင်းဆရာဆိုတော့ စာပဲသင်ပြတတ်တာ။ကူးသန်းရောင်းဝယ် ရေးတွေလည်း မလုပ်တတ်မကိုင်တတ်နဲ့အရှုံးပေါ်တာပဲအဖတ်တင်ပါတယ်။ တချို့အသိဆရာမတွေဆိုလည်း ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းချနေတာလည်း မြင်ရပါတယ်။” လို့ ကျောက်တော်မြို့နယ်မှ ပညာရေးဝန်ထမ်းဟော င်းတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခအမျိုးသားပညာရေးဌာနက ပညာရေးဝန်ထမ်းတွေဟာလည်း လစာမရကြတာမို့ အခက်အခဲမျိုးစုံနဲ့ရုန်းကန်ရပ်တည်နေကြရတယ်လို့ ဆိုကြပါတ ယ်။

စစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲမြို့ နယ်တွေမှာ စာသင်ကျောင်းတွေ ဖွင့်ထားတာမို့ ကျောက်တက်စာသင်နေကြရတဲ့ပညာရေးဝန်ထမ်းတွေလည်း ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။

ကျောက်ဖြူမြို့မှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာ၊ဆရာမတွေဟာ တိုက်ပွဲကြောင့် လမ်းခရီးပိတ်ဆို့ထားတာမို့ သွားရောက်တာဝန်မထမ်းဆောင်နိုင်ကြလို့ လစာခံစားခွင့်မရရှိတော့ဘူးလို့ ဆိုကြပါတယ်။

“လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင်း တာဝန်မထမ်းဆောင်နိုင်တာပါ။အဲဒီဘက်ကိုသွားဖို့ လမ်းဖွင့်ပေးပါလို့မြို့နယ်ပညာရေးမှူးကိုပြောလည်း စစ်ဘက်ရေးရာကပိတ်ထားလို့ ငါတို့မတတ်နိုင်ဘူးလို့ပြောကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့အရောက်လာခဲ့ပါလို့ပြောတယ်။အဲဒီကိုသွားဖို့က လမ်းခရီးမလွယ်ဘူးလေ။ ပြီးတော့ ပြင်းထန်နေတဲ့စစ်ရေးကြားမှာ ကျောင်းတက်ရမှာ စိုးရိမ်ရပါတယ်။” လို့ ကျောက်တော်မြို့ နယ်မှကျောင်းဆရာတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသမှာ တိုက်ပွဲတွေကြောင့် ကျောင်းတွေပိတ်ထားရလို့ တာဝန်မထမ်းဆောင်နိုင်တဲ့ အာရက္ခတပ်တော်ထိန်း ချုပ်နယ်မြေတွေက ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီထိန်းချုပ်နယ်မြေသို့ပြီးခဲ့တဲ့နှစ်၊မေလ ၂၃ရက်နေ့က ပြောင်းရွှေ့ပြီး တာဝန်ကျကျောင်းတွေကို အရောက်လာကြဖို့ ပြည်နယ်ပညာ ရေးမှူးရုံးညွှန့်ကြားတာဝန်ထမ်းဆောင်ခိုင်းခဲ့တယ်လို့ ပညာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

ဒါပေမယ့် သတ်မှတ်ရက်အတွင်းရော က်မလာတဲ့ပညာရေးဝန်ထမ်း ဆရာ၊ဆရာမတွေကို စစ်ကောင်စီက ရာထူးရပ်စဲပြီး လစာခံစားခွင့်ကိုလည်း ဖြတ်တောက်လိုက်တယ်လို့ ပညာရေးဝန်ထ မ်းတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ပြီး စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေတာမို့ ကျော င်းမဖွင့်နိုင်ကြဘူးလို့လည်း ဆိုကြပါတ ယ်။

အဲဒီလိုကျောင်းတွေမလှစ်နိုင်လို့ အာရက္ခဆရာ၊ ဆရာမတွေ လစာမရကြတာမို့ဘဝရပ်တည်ရေး ပိုခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။

အာရက္ခဒေသမှာ အခြေခံပညာစာသင်ကျောင်းပေါင်းသုံးထောင်ကျော်ရှိပေမယ့် စာသင်ကျောင်း​အားလုံးနီးပါးပိတ်ထားရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousအာရက္ခဒေသက စပါးစိုက်တောင်သူတွေကို ဘယ်လိုကုစားပေးကြမလဲ
Nextတောင်ကုတ်မှာ မြေမြုမိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရNext
Previous Post

အာရက္ခဒေသက စပါးစိုက်တောင်သူတွေကို ဘယ်လိုကုစားပေးကြမလဲ

Next Post

တောင်ကုတ်မှာ မြေမြုမိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-ကိုဗဟိန်း

မင်းတုန်းမှာ စစ်ကော်မရှင်တပ်က ခရီးသွားပြည်သူတွေကို လေကြောင်းတိုက်ခိုက်လို့ ၂၅ ဦး သေဆုံး

March 1, 2026
Photo- ​Watan (وطن - خارج السرب)

အစ္စရေးမှာ အီရန်ဒုံးကျည်ထိမှန်လို့ ၆ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

March 1, 2026

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

March 1, 2026
ဓာတ်ပုံ- MR

မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၁ ဦးသေဆုံး

March 1, 2026

မင်းတုန်းမှာ စစ်ကော်မရှင်တပ်က ခရီးသွားပြည်သူတွေကို လေကြောင်းတိုက်ခိုက်လို့ ၂၅ ဦး သေဆုံး

အစ္စရေးမှာ အီရန်ဒုံးကျည်ထိမှန်လို့ ၆ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၁ ဦးသေဆုံး

​ကရာချီရှိအမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု UAE ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

​အီရန်ရှိမိန်းကလေးကျောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၄၀ ကျော်ရှိလာ

Releated Post

ဓာတ်ပုံ-ကိုဗဟိန်း

မင်းတုန်းမှာ စစ်ကော်မရှင်တပ်က ခရီးသွားပြည်သူတွေကို လေကြောင်းတိုက်ခိုက်လို့ ၂၅ ဦး သေဆုံး

March 1, 2026
Photo- ​Watan (وطن - خارج السرب)

အစ္စရေးမှာ အီရန်ဒုံးကျည်ထိမှန်လို့ ၆ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ

March 1, 2026

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့သစ် သတင်းလွတ်လပ်ခွင့်ကို အာမခံ

March 1, 2026
ဓာတ်ပုံ- MR

မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၁ ဦးသေဆုံး

March 1, 2026

​ကရာချီရှိအမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု UAE ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

March 1, 2026
ဓာတ်ပုံ-ယူအေအီးကာကွယ်ရေးဝန်ကြီးဌာန

​အီရန်ရှိမိန်းကလေးကျောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၄၀ ကျော်ရှိလာ

March 1, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page