Border News Agency
ကရင်နီ၊ဇူလိုင် ၉။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုလေးနှစ်အတွင်း ကလေးငယ် ၁၁၆၂ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရရဲ့အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ဝန်ကြီးဌာနက ဇူလိုင် လ ၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အာဏာသိမ်းကာလ ၂၀၂၁ ကနေ ၂၀၂၅ မေလထိ ကလေးငယ်သေဆုံးမှုဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအနှံ့ကလေးငယ်သေဆုံးမှု ၂၀၂၁ ခုနှစ်မှာ ကိုးဆယ်ငါးဦး၊ ၂၀၂၂ ခုနှစ်မှာ တရာ့တဆယ့်ခုနှစ်ဦး၊၂၀၂၃ ခုနှစ်မှာသုံးရာသုံးဆယ်ငါးဦးနဲ့ ၂၀၂၄ ခုနှစ်မှာသုံးရာငါးဆယ်ခုနှစ် ဦးထိရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကလေးငယ်အများစုဟာ စစ်ကိုင်း တိုင်းမှာ အများဆုံးဖြစ်ပြီး ယောကျာ်းလေး ၅၄.၅ ရာခိုင်နှုန်း၊မိန်းကလေး ၃၃ .၆ ရာခိုင်နှုန်းနဲ့ ကျား၊မ မဖော်ပြနိုင်သူ ၁၁.၉ ရာခိုင်နှုန်းထိရှိတယ်လို့ဆိုပါတယ်။
အဲဒီအပြင်၂၀၂၁ ခုနှစ်အာဏာသိမ်းချိန်မှစပြီး၂၀၂၅ ခုနှစ်၊မေလအတွင်း အမျိုးသမီး နှစ်ထောင့်နှစ်ဦးသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံး သေ ဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
နောက်ပြီးလူငယ်သေဆုံးမှု နှစ်ထောင့်လေးရာသုံးဆယ်လေးဦး၊အမျိုးသမီး၊ လူငယ်နဲ့ကလေးငယ်အပါအဝင် တော် လှန်ရေးကာလအတွင်းသေဆုံးသူကိုး ထောင့်ခုနှစ်ရာရှစ်ဆယ်ဦးရှိခဲ့တယ်လို့ဆိုပါတယ်။
အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကောင်စီတပ်လေ ကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသေဆုံး၊ဒဏ်ရာရသူတွေလည်းရှိနေပါတယ်။






