Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ဘိန်းစာရွက်တွေကို မူးယစ်ဆေးဝါးအဖြစ် သုံးစွဲသူများနေ

(ဓာတ်ပုံ - ဘိန်းစာရွက်ပင်တွေကို အာရက္ခတပ်တော်က မီးရှို့ဖျက်စီးနေစဥ် / APM)

(ဓာတ်ပုံ - ဘိန်းစာရွက်ပင်တွေကို အာရက္ခတပ်တော်က မီးရှို့ဖျက်စီးနေစဥ် / APM)

Author picture

By

BNA Author
Reading Time: 1 min read
1
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဇူလိုင် ၁၀။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာဆီယံ(ခေါ်)ဘိန်းစာရွက်တွေကို မူးယစ်ဆေးဝါးအဖြစ် သုံးစွဲသူတွေများပြားလာနေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။

အဲဒီဘိန်းစာရွက်ကို အာရက္ခတပ်တော်က တားမြစ်ထားပေမယ့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ်တွေမှာ သုံးစွဲသူတွေများလာနေတယ်လို့ ပြည်သူတွေက ဆိုကြပါတ ယ်။

“သုံးစွဲကြသူတွေများလာပါတယ်။အရင်ကတော့ တချို့တလေပဲသုံးကြတာ။သုံးတဲ့သူတွေတောင်အချိန်အကြာကြီးနေမှ တခါဆေးဖြစ်ဝါးဖြစ်သုံးကြတာ။ ခုက သူသူငါငါသုံးစွဲသူတွေများလာတယ်။” လို့ မြောက်ဦးမြို့ခံတဦးက Border News Agency ကို ပြောပါတ ယ်။

အဲဒီအရွက်တွေကို အခြောက်လှန်းချေမွပြီး ဆေးလိပ်မှာထည့်သောက်တာအပြင် အရွက်ကိုပြုတ်ပြီး မူးယစ်ဆေးဝါးလို သုံးစွဲသူတွေများပြားလာနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီဘိန်းစာရွက်ပင်တွေစိုက်ပျိုးထားတဲ့နေရာတွေကိို ပြီးခဲ့တဲ့ဒီဇင်ဘာလ၂၇ ရက်နေ့က အာရက္ခတပ်တော်သွားရောက်ဖျက်စီးခဲ့ပါတယ်။

အဲဒီအပြင် နောက်ထပ်လုံးဝမစိုက်ဖို့၊ စိုက်သူတွေရှိရင်လည်း ဥပဒေအရထိထိရောက်ရောက်အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

အဲဒိီဘိန်းစာရွက်​တွေကို ရိုးရာဆေးဝါးအဖြစ် ကြွက်သားနာကျင်ကိုက်ခဲတာသက်သာဖို့၊အပင်ပန်းခံနိုင်ဖို့အတွက်သုံးကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် ကျောင်းသားလူငယ်လူရွယ်တွေဟာ ရွက်ပြုတ်ရည်ကို အားဖြည့်အချိုရည်တွေနဲ့ရောစပ်ပြီး မူးယစ်ဆေး ဝါးအဖြစ် သုံးစွဲမှုများနေတယ်လို့ ဆိုကြပါတယ်။

“ခုကလူငယ်တွေလည်းအမြဲလိုလိုသောက်လာကြတယ်။ ကျောင်းသားလူငယ်တွေဆိုတော့ အိမ်ကအရက်မသောက်ရဘူးလေ။ ဘိန်းစာရွက်ပြုတ်ရည်ကိုအားဖြည့်အချိုရည်တွေနဲ့ရောသောက်ရင် ဒီအတိုင်းအချိုရည်လိုမြင်ရတာ။ ဆိုတော့ သူတို့အတွက် သောက်သုံးရတာလည်း ပိုလွယ်လို့ထင်တယ်။ အုပ်စုဖွဲ့ပြီးတော့ကို သောက်နေကြတာ။ပြီးရင် မျ က်လုံးတွေမှိတ်ပြီးမှေးနေကြတာ။ ဆေးစွဲနေသူတွေလိုဘဲ။ သူတို့ကရွက်ပြုတ်ရ ည်ပမာဏအများကြီးကိုသောက်ပြီး မူး ယစ်ဆေးအဖြစ်သုံးကြတာ။” လို့ ကျော က်တော်ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ပြည်မထုတ် အရက်၊ ဘီယာတွေကို ရောင်းချခွင့်ပိတ်လိုက်ပြီးနောက် ဒဘိန်းစာရွက်ပြုတ်ရည်ကို မူးယစ်ဆေးအဖြစ် သုံးစွဲလာနေကြတာဖြစ်တယ်လို့လည်း ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် လူငယ်၊လူရွယ်တွေဟာ လူ သူအရောက်နည်းပါးတဲ့ သုသာန်၊အ ဆောက်အအုံ၊အပျက်အစီးနေရာတွေမှာ အုပ်စုလိုက် ဘိန်းစာရွက်ပြုတ်ရည်ကို ပမာဏအများကြီးသောက်သုံးပြီး မူးယစ်နေကြတာကိုလည်း တွေ့မြင်နေရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

နောက်ပြီး သက်လတ်ပိုင်းအရွယ်လူကြီးတွေဟာလည်း အလုပ်ပင်ပန်းမှုတွေကြောင့် ဘိန်းစာရွက်ပြုတ်ရည်ကို နေ့စဥ်ရက်ဆက်ဆိုသလိုသောက်သုံးမှုတွေရှိလာနေတယ်လို့ ​ပြည်သူတွေဆိုကြပါတယ်။

“အဲဒီဘိန်းစာရွက်ရွက်ပြုတ်ရည်က ဘိ န်းလိုပဲစွဲလမ်းစေတယ်လို့ပြောတယ်။သောက်ပြီးတာနဲ့ ဘာမှမလုပ်ချင်တော့ဘူး။ကိုယ့်ကိုသတ်မယ့်လူလာရင် တောင် မျက်စိမဖွင့်ဘဲ လှုပ်ရှားချင်စိတ်တွေမရှိဘူးလို့ပြောကြတယ်။အချိန်ကြာကြာသုံးစွဲမိရင် စွဲသွားပြီး ရပ်လိုက်တဲ့အခါစိတ်မတည်ငြိမ်တာတွေဖြစ်တ ယ်လို့ ပြောကြတယ်။အရင်ကဒီအရွက်ပြုတ်ရည်ကိုအလုပ်ပင်ပန်းတဲ့သူတွေကပဲ တပတ်တခါလောက် နာကျင်ကို က်ခဲတာတွေပျောက်ဖို့ သုံးစွဲကြတာ။အခုကနေ့တိုင်းလိုလိုသောက်ကြသူတွေရှိလာတယ်။အေအေကဒီအပင်တွေကိုတားမြစ်ထားတာရှိပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေကတော့ သုံးစွဲနေကြတာပဲ။” လို့ အာရက္ခပြည်သူတဦက Border News Agency ကိုပြောပါတယ်။

အဲဒီဘိန်းစာရွက်ကို အရွက်လိုက်ရောင်း ချကြပြီး အရွက်နှစ်ဆယ်ဆိုရင် ငွေကျ ပ်တသောင်းထိပေးရတယ်လို့ ဆိုကြပါတယ်။

အဲဒီအရွက်တွေကို အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာအလွယ်တကူ ဝယ်လို့ရနိုင်တယ်လို့လည်း ပြည်သူတွေက ဆိုကြပါတယ်။

မူးယစ်ဆေးဝါးအဖြစ် သုံးစွဲသူတွေများပြားလာတာမို့ အပင်စိုက်ပျိုးသူတွေလ ည်း များပြားလာပြီး စိုက်ပျိုးမြေပမာ ဏလည်းများလာတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီဘိန်းစာပင် အပင်ပေါက်တပင်ကို ကျပ်နှစ်သောင်းကျော်ခန့်ရှိတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

“အရွက်တွေကိုပဲခူးရောင်းတာ။ ရွက်ရေနှစ်ဆယ်လောက်ကိုတသောင်းပေးရတယ်။ သုံးစွဲသူများလာလို့ အပင်တွေကိုစိုက်ပျိုးသူတွေလည်းများလာတယ်။ မြောက်ဦးမြို့က ထမ္မရာဇွရပ်ကွက်က နေအိမ်တွေမှာပိုစိုက်ပျိုးကြတယ်။ အပင်ပေါက်တွေကိုလည်းရောင်းကြတာရှိပါတယ်။အဓိကတော့ ငွေရလွယ်လို့ စိုက်ပျိုးလာကြတာ။” လို့ အာရက္ခပြည်တဦးက Border News Agency ကိုပြောပါတယ်။

အဲဒီဘိန်းစာရွက်ပြုတ်ရည်ကို မူးယစ်ဆေးဝါးအဖြစ်အလွန်အကျွံဆက်တိုင်းသုံးစွဲမိရင် စွဲလမ်းတာ၊စိတ်ပူပန်မှုတွေ ပိုများလာတာ၊စိတ်ဓာတ်ကျတာ၊အာရုံ စိုက်ရခက်ခဲတာ၊မှတ်ဉာဏ်အားနည်းတာ၊ရုတ်တရက်စိတ်ခံစားချက်အတ က်အကျ မြန်တာ၊ စိတ်ဆတ်တာစတဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် သိသာတဲ့သက် ရောက်မှုတွေရှိတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် အိပ်မပျော်တာ၊အူလမ်း ကြောင်း လှုပ်ရှားမှုကိုထိခိုက်စေပြီး ဝ မ်းချုပ်တာ၊ပမာဏများများသုံးစွဲတဲ့အ ခါပျို့အန်တာ၊ခေါင်းမူးတာ၊နှလုံးခုန်မြန်တာ၊အစားစားချင်စိတ်လျော့နည်းလာတတ်တဲ့အတွက် ကိုယ်အလေးချိန်ကျတာ၊ကျောက်ကပ်နဲ့အူလမ်းကြောင်းထိခိုက်တာစတဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ်မှာလည်းသက်ရောက်မှုတွေရှိနေတာကြောင့် သတိထားရှောင်ရှားဖို့လိုတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ဆိုပါတယ်။

အဲဒီဘိန်းစာရွက်ပင်တွေဟာ အမြဲစိမ်းသစ်ပင်ဖြစ်ပြီး ပင်စည်ဟာ အချင်းသုံးပေထိကြီးထွားနိုင်သလို အပင်ဟာ ၈၂ ပေထိရှည်နိုင်တယ်လို့ ဆိုကြပါတယ်။

အပူပိုင်းအမြဲစိမ်းသစ်တောတွေမှာပေါ က်ရောက်လေ့ရှိပြီး ကော်ဖီမျိုးနွယ်ဝင်အပင်မျိုးဖြစ်သလို(Kratom)အဖြစ်လ ည်းလူသိများပါတယ်။

မြန်မာနိုင်ငံမှာ အပင်စိုက်ပျိုးထုတ်လုပ်တာ၊ အသုံးပြုတာဟာ တရားမဝင်သ လို ဘိန်းစာရွက်ကို တိုင်းရင်းဆေးအဖြ စ်ထုတ်လုပ်တာ၊ဖြန့်ဖြူးရောင်းချတာတွေကိုလည်း ဥပဒေအရတားမြစ်ထားပါတယ်။

PrevPreviousစစ်အာဏာသိမ်းမှုလေးနှစ်အတွင်း ကလေးငယ်တထောင်ကျော်သေဆုံး
Nextမိုးကုတ်မြို့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးသေဆုံးNext
Previous Post

စစ်အာဏာသိမ်းမှုလေးနှစ်အတွင်း ကလေးငယ်တထောင်ကျော်သေဆုံး

Next Post

မိုးကုတ်မြို့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးသေဆုံး

Comments 1

  1. Hymannup says:
    6 months ago

    Hello,

    Club music download private server, quality music https://0daymusic.org
    MP3/FLAC, label, music videos, soft, nfo. Fans giving you full access to exclusive electronic, rap, rock, trance, dance… music.

    0day team.

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ICJ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုမကျူးလွန်ခဲ့ကြောင်း စစ်ကော်မရှင်ဘက်က ငြင်းဆိုချေပ

January 16, 2026
Photo - RW

ပလက်ဝမှာ အရက်လုပ်ငန်းတွေကို အာရက္ခအစိုးရစစ်ဆေးနေ

January 16, 2026

​ICJ တရားရုံးမှာ မြန်မာနိုင်ငံဘက်က စတင်လျှောက်လဲ

January 16, 2026
ဓာတ်ပုံ - ချိုမိုင်မိုင် - ကနီ

ဘုတလင်မှာ စစ်ကော်မရှင်တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

January 16, 2026

ICJ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုမကျူးလွန်ခဲ့ကြောင်း စစ်ကော်မရှင်ဘက်က ငြင်းဆိုချေပ

ပလက်ဝမှာ အရက်လုပ်ငန်းတွေကို အာရက္ခအစိုးရစစ်ဆေးနေ

ကရိန်းပြုတ်ကျမှုကြောင့် ထိုင်းဝန်ကြီးချုပ် အရေးပေါ်အမိန့်ထုတ်

​ICJ တရားရုံးမှာ မြန်မာနိုင်ငံဘက်က စတင်လျှောက်လဲ

ဘုတလင်မှာ စစ်ကော်မရှင်တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

“အဘွားက ကြုံရာကျပန်းအလုပ်တွေလုပ်ပါတယ်။ အဖွဲ့အစည်းကတော့ အရင်တုန်းကတော့ပေးတယ်။ ခုတော့ ပေးဖို့မရောက်လာဘူး။ အဲဒါကြောင့်စားဝတ်နေရေးအခက်အခဲတွေရှိတယ်။”

Releated Post

ICJ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုမကျူးလွန်ခဲ့ကြောင်း စစ်ကော်မရှင်ဘက်က ငြင်းဆိုချေပ

January 16, 2026
Photo - RW

ပလက်ဝမှာ အရက်လုပ်ငန်းတွေကို အာရက္ခအစိုးရစစ်ဆေးနေ

January 16, 2026
Photo - PPTV  HD 36

ကရိန်းပြုတ်ကျမှုကြောင့် ထိုင်းဝန်ကြီးချုပ် အရေးပေါ်အမိန့်ထုတ်

January 16, 2026

​ICJ တရားရုံးမှာ မြန်မာနိုင်ငံဘက်က စတင်လျှောက်လဲ

January 16, 2026
ဓာတ်ပုံ - ချိုမိုင်မိုင် - ကနီ

ဘုတလင်မှာ စစ်ကော်မရှင်တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

January 16, 2026

“အဘွားက ကြုံရာကျပန်းအလုပ်တွေလုပ်ပါတယ်။ အဖွဲ့အစည်းကတော့ အရင်တုန်းကတော့ပေးတယ်။ ခုတော့ ပေးဖို့မရောက်လာဘူး။ အဲဒါကြောင့်စားဝတ်နေရေးအခက်အခဲတွေရှိတယ်။”

January 16, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page