Border News Agency
ဘလင်း၊ ဇူလိုင် ၁၀။
ဘီးလင်းမြို့နယ်ရှိမင်းစောကျေးရွာကိုဇူလိုင် ၁၀ ရက်၊ဒီနေ့နေ့လည်က စစ်ကောင်စိီတပ်လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်း၊နေအိမ်တချို့ ပျက်စီးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစ ည်းအရုံးက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ မင်းစောကျေးရွာရှိစာသင်ကျောင်း၊ နေအိမ်နှစ်လုံးပျက်စီးသွားခဲ့သလို ကြ က်နှစ်ကောင်လည်းသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမင်းစောကျေးရွာစာသင်ကျောင်းကို ပြီးခဲ့တဲ့နှစ်မတ်လ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်မင်းစောကျေးရွာဘုန်းကြီးကျောင်းကို ပြီးခဲ့တဲ့ဧပြီလ ၁၉ ရက်နေ့ ကလည်းဗုံးကြဲကျခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်က နတဂေးလောင်း (ထီးဆိဘော)ကျေးရွာစာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေ၊နေအိမ်တွေကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဒူးသထူခရိုင်ကိုလည်း လေကြောင်းတိုက်ခိုက်တာတွေ၊လက်နက် ကြီးပစ်ခတ်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
Comments 1
cenforce 100mg tablet – https://cenforcers.com/ cenforce 50mg drug