Border News Agency
ပုဏ္ဏားကျွန်း၊ ဇူလိုင် ၁၀ ။
ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇူလိုင်လ ၁၀ ရက်၊ဒီနေ့ညနေ ၄ နာရီ ၄၃ မိနစ်အချိန်ခန့်က စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ညောင်ပင်ရင်းကျေးရွာက အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးကျော်လှမှာ ညာဖက်လက်မောင်း၊ ညာဖက်ခြေထောက်ဒဏ်ရာရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
စစ်တွေမြို့နယ်၊ ကျားမသောက်ရွာအနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ အမှတ် ၉၀၈ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက ညောင်ပင်ရင်းရွာကို လက်နက်ကြီး လေးလုံးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့လို့ ကျရောက်ပေါက်ကွဲပြီး ဦးကျော်လှမောင်ဒဏ်ရာရသွားတာလို့ ရွာသားတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေလို့ အရ ပ်သားပြည်သူတွေ သေဆုံး၊ဒဏ်ရာရနေကြပါတယ်။






