Border News Agency
ပေါက်တော၊ ဇူလိုင် ၁၀ ။
ပေါက်တောမြို့နယ်မှာ ဇူလိုင်လ ၁၂ ရ က်၊ ဒီနေ့နေ့လည် ၁၂ နာရီ ၂၀ မိနစ်အ ချိန်ခန့်က စစ်ကောင်စီတပ်လက်နက် ကြီးပစ်ခတ်လို့ အမျိုးသမီးတဦးဒဏ်ရာရသွားပါတယ်။
အဲဒီပေါက်တောမြို့နယ်၊ မင်းတည်ကျေးရွာက အသက်ဆယ့်ခုနှစ်နှစ်အရွယ်မမြတ်မြတ်စိုးမှာ ညာဖက်တင်ပါးဒဏ်ရာရသွားတာပါ။
စစ်တွေမြို့အခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းမှ မင်းတည်ရွာကိုလက်နက်ကြီးသုံးကြိမ်ပစ်ခတ်ခဲ့လို့ ကျရောက်ပေါက်ကွဲပြီး မမြတ်မြတ်စိုးဒဏ်ရာရသွားတာလို့ ရွာသားတွေက ဆိုကြပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ညောင်ပင်ရင်းကျေးရွာကိုလည်း ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်လက်နက်ကြီးပစ် ခတ်လို့ အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးကျော်လှမှာ ညာဖက်လက်မောင်း၊ညာဖက်ခြေထောက်ဒဏ်ရာရသွားခဲ့ပါတယ်။
စစ်တွေမြို့နယ်၊ကျားမသောက်ရွာအနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ အမှတ် ၉၀၈ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက ညောင်ပင်ရင်းရွာကို လက်နက်ကြီး လေးလုံးပစ်ခတ်ခဲ့တာလို့.ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေလို့ အရ ပ်သားပြည်သူတွေ သေဆုံး၊ဒဏ်ရာရနေကြပါတယ်။






