Border News Agency
မောင်တော၊ ဇူလိုင် ၁၂။
မြန်မာနိုင်ငံရဲ့လူဦးရေဟာ ၂၀၂၄ ခုနှစ်မှာ ၅၆ ဒသမ ၂ သန်းရှိလာမယ်လို့ ခန့် မှန်းခဲ့ပေမယ့် အမှန်တကယ်မှာ လူဦး ရေ ၅၁ ဒသမ ၃ သန်းကျော်သာရှိခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်ကို ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့အခမ်းအနားမှာ အာဏာသိ မ်းစစ်တပ်ဒုတိယခေါင်းဆောင်၊ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်၊သန်းခေါင် စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်းကျော်ရှိခဲ့တာပါ။
အရင်လူဦးရေတိုးနှုန်းတွေအရ လူဦးရေတိုးပွားလာရမှာဖြစ်ပေမယ့် တိုးမလာတဲ့အတွက် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ပြည်ပရွှေ့ပြောင်းနှုန်းတွေကို ဆန်းစစ်လေ့လာဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်၊ သန်းခေါင်စာရင်းအရ အမျိုးသမီးတဦးဟာ ကလေးမွေးဖွားနှုန်း ၄ ဒသမ ၇ ဦးရှိခဲ့ပေမယ့် ၂၀၁၄ ခုနှစ်၊သန်းခေါင်စာရင်းမှာ ကလေး ၂ ဒသမ ၃ ဦးနှုန်းလောက်ထိ ကျဆင်းလာတယ် လို့ဆိုပါတယ်။
မိခင်တဦးဟာ ကလေးမွေးဖွားနှုန်း ၂ ဦးအောက်ကို လျော့ကျလာပြီဆိုရင် နိုင်ငံရဲ့ လူဦးရေဟာလည်း တဖြည်းဖြ ည်းသိသိသာသာ လျော့နည်း ကျဆင်းလာမှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆိုပါတယ်။
စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါ င်စာရင်းကို ၂၀၂၄ အောက်တိုဘာလမှာ ကောက်ယူခဲ့ပေမယ့် အာရက္ခဒေသအပါအဝင် နေရာအများမှာ မကောက်ယူနိုင်ခဲ့ပါဘူး။
အဲဒါကြောင့် ကွင်းဆင်းမကောက်ယူနိုင်တဲ့ နယ်မြေတွေအတွက် ခန့်မှန်းလူ ဦးရေစာရင်းနဲ့တွက်ချက်ခဲ့ရပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စတဲ့အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ပြေးခိုလှုံနေကြရတဲ့မြန်မာနိုင်ငံသားသိန်းနဲ့ချီရှိနေသလို
အာဏာသိမ်းစစ်တပ်က မတရားဖမ်း ဆီးသတ်ဖြတ်လိုက်သူတွေလည်း ရှိနေပါတယ်။