Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ပြည်သူ့အခွန်ငွေတွေ အစိုးရဘက်ဂျက်ထဲကို တကယ်ရောက်ရဲ့လား

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
79
VIEWS
Share on FacebookShare on Twitter

မြတ်နှင်းဝေ ရေးတယ်။

Border News Agency
မြောက်ဦး၊ဇူလိုင် ၁၃။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။

အာရက္ခတပ်တော်မှာ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ကတည်းက အကောက်ခွန်ဌာနဖွဲ့ပြီး ပြည်သူတွေဆီကအခွန်အခတွေ စတင်ကောက်ယူခဲ့တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အစိုးရတိုင်းဟာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ပြည်သူ့ကျန်းမာရေး၊ပညာရေး၊နိုင်ငံတော်လုံခြုံရေး၊ပြည်သူ့လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့၊ပြည်သူ့ဝန်ထမ်းတွေကို လစာပေးဖို့ ‘အခွန်” ကောက်ကြပါတယ်။

အဲဒီအပြင် ဆေးရုံ၊ဆေးခန်း၊စာသင်ကျောင်း၊လမ်း၊တံတား၊လေဆိပ်၊ရထားလမ်း၊လျှပ်စစ်မီးစတဲ့အခြေခံလိုအပ်ချက်တွေလုပ်ဆောင်ဖို့ အခွန်ကောက်ကြသလို နိုင်ငံရေးအရတရားဝင်အဆင့်အတန်းကိုပြဖို့ရည်ရွယ်ပြီး အခွန်ကောက်ကြပါတယ်။

(ဓာတ်ပုံ – ကျောက်တော်မြို့မှဆိုင်ခွန် / BNA)

အာရက္ခတပ်တော်ဟာ မြို့တွေသိမ်းပိုက်ပြီးနောက် တော်လှန်ရေးအစိုးရဖွဲ့စည်းကာ အကောက်ခွန်နဲ့အခွန်ဌာနကို ဗဟို၊ခရိုင်၊မြို့နယ်အဆင့်တွေဖွဲ့ပြီး အခွန်ကောက်ယူမှုပိုလုပ်လာတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် တခြားဌာနတွေ၊ အဖွဲ့တွေကလည်း သီးသန့်အခွန်ကောက်ယူတာတွေရှိနေသေးသလို အမျိုးသားရံပုံငွေခေါင်းစဉ်အောက်ကလည်း ပမာဏအတည်အကျသတ်မှတ်မထားဘဲ စေတနာရှိသလောက်ထည့်ဝင်နိုင်တဲ့ငွေကြေးကောက်ခံတာလည်း ရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အကောက်ခွန်နဲ့အခွန်ဌာနဟာ မြို့နယ်အလိုက် ရေခွန်၊မီးသတ်ခွန်၊မြို့သန့်ရှင်းရေးခွန်၊အိမ်ခွန်၊ဆိုင်ခွန်၊ဆိုင်ကယ်တာယာခွန်(ဘီးလှိမ့်ခွန်)တွေ ကောက်ခံနေတယ်လို့ ပြည်သူတွေက ဆိုကြပါတ ယ်။

အဲဒီအပြင် ကုန်စည်ကူးသန်းရောင်းဝ ယ်ရေးလုပ်ကိုင်တဲ့ကုန်သည်တွေဆီက ကုန်စည်ခွန်၊အင်တာနက်အသုံးပြုသူတွေဆီက အင်တာနက်ခွန်၊အရောင်းအဝယ်ခွန်၊ဆိုင်ခွန်စတဲ့ အခွန်တွေ ကောက် ယူနေသေးတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအခွန်အမျိုးအစားတွေအတွက် ကောက်ယူရမယ့် အခွန်ပမာဏာကို ဗဟိုအခွန်ဌာနက သတ်မှတ်ထားပေမယ့်နေရာဒေသအလိုက် ပမာဏမတူညီဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။

“ကျွန်မတို့ဆီမှာ နေအိမ်ဆိုရင် အိမ်အမျိုးအစားပေါ်မှုတည်ပြီးတော့ အခွန်ဆောင်ရပါတယ်။ရိုးရိုးအိမ်ဆိုရင် နှစ်ထောင်ပါ။တိုက်အိမ်ဆိုရင်ခြောက်ထောင်ကောက်ယူပါတယ်။အိမ်ခွန်တခုကလွှဲပြီး ဘယ်အခွန်မဆို ခြောက်ထောင်သတ်မှတ်ထားပါတယ်။အခွန်တိုင်းကို တနှစ်အတွင်း နှစ်ကြိမ်နဲ့အပြီးဆောင်ခိုင်းထားပါတယ်။” လို့ ပေါက်တောမြို့ နယ်မှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အိမ်တအိမ်ဟာ တနှစ်ကို အိမ်ခွန်ကျပ်ငါးထောင်ပေးဆောင်ရပြီး ရေခွန်ဟာ တလကို သုံးထောင်၊သန့်ရှင်းရေးခွန်ဟာ တလကို သုံးထောင်ကျပ်မှခြောက်ထောင်ကျပ်၊မီးသတ်ခွန်ဟာ တလကို တထောင့်ငါးရာကျပ်၊ဆိုင်ခွန်ဟာ ခြောက်လကို တ​သောင်းကျပ်မှသုံးသောင်းကျပ်ထိ ပေးဆောင်ကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ရဲ့အခွန်ပြေစာ / BNA)

အဲဒီအပြင် အာရက္ခပြည်တွင်းသို့ တင်သွင်းတဲ့ကုန်စည်တန်ဖိုးရဲ့သုံးရာခိုင်နှု န်းကို ကုန်စည်ခွန်ပေးဆောင်ကြရတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။

ကုန်စည်ခွန်နဲ့အိမ်ခွန်ဟာ မြို့နယ်အားလုံးမှာ တပြေးညီဖြစ်ပေမယ့် ရေခွန်၊သန့်ရှင်းရေးခွန်ကတော့ ငါးထောင်ကျပ်ဖြစ်ပြီး မြေပုံမြို့မှာတော့ ခြောက်ထောင်ကျပ်ထိ ပေးဆောင်ကြရတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

ဒါပေမယ့် ပြည်သူ့ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက် မြေပုံမြို့သန့်ရှင်းရေးခွန်ဟာ ကျပ်သုံးထောင်ဖြစ်သွားတယ်လို့မြို့ခံတွေက ဆိုကြပါတယ်။

“ခြောက်ထောင်စျေးကြီးတယ်ဆိုပြီး ပြောကြလို့ လျော့လိုက်တာထင်တယ်၊လျော့လိုက်တာတလရှိပြီ။” လို့ မြေပုံမြို့ခံအမျိုးသားတဦးက ပြောပါတ ယ်။

အာရက္ခအကောက်ခွန်နဲ့အခွန်ဌာနဟာ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့နေတဲ့ကျွ န်းသစ်အပါအဝင်သစ်တွေ၊ကျွဲ၊နွား၊ဆိတ်တွေကို ဆယ်ရာခိုင်နှုန်းထိ အခွန်ကောက်ခံနေတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။

အဲဒီအပြင် အခွန်သုံးဆယ်ရာခိုင်နှုန်းထိကောက်ခံပြီး လူဦးရေကန့်သတ်လုပ်ခွင့်ပေးထားတာလည်းရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် မြို့နယ်တချို့မှာ အခွန်ကင်းလွတ်ခွင့်ငါးလပေးခဲ့ပြီးမှသာ အခွန်ကောက်တာတွေ စတင်ပြုလုပ်နေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

“ပထမတော့ ငါးလအခွန်ကင်းလွတ်ခွင့်ရပါတယ်။အဲဒီအတွင်းမှာလည်း လောင်စာဆီတွေနဲ့ဆေးဝါးတွေကို တပိုင်တနိုင်မဟုတ်ဘဲ အများကြီးတင်တဲ့ကုန်သည်ကြီးတွေကလွဲရင် မြို့ခံတွေအကု န်အခွန်ကင်းလွတ်ခဲ့ပါတယ်။ငါးလပြည့်ပြီးတော့မှ အိမ်ခွန်၊မြေခွန်၊စည်ပင်ခွန်၊ရေခွန်တွေပါကောက်ယူနေပါတယ်။တနှစ်စာအတွက် အခွန်ကောက်ယူသွားပါတယ်။” လို့ တောင်ကုတ်မြို့ခံတဦးက ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စျေးဆိုင်တွေကို ဆိုင်ခွန်ကောက်ယူနေပြီး တချို့မြို့နယ်တွေမှာ အခွန်ခပိုများနေတယ်လို့ ဆိုင်သည်တွေကဆိုကြပါတယ်။

အဲဒီဆိုင်ခွန်ကို ဆိုင်အမျိုးအစားပေါ်မှုတည်ပြီး တနှစ်စာအခွန်အဖြစ် ဆိုင်ငယ်တွေကို ကျပ်တသောင်း၊ဆိုင်ကြီးတွေဆိုရင် နှစ်သောင်းထိ အခွန်ကောက်ယူနေတယ်လို့ ဆိုင်သည်တွေက ဆိုကြပါတယ်။

“မြို့ပေါ်မှာတော့စည်ပင်ခွန်က ငါးထောင်ပေးရပါတယ်။အိမ်ခွန်ပေးရတာတော့မရှိပါဘူး။နယ်ဘက်တွေမှာဆို တနှစ်စာအခွန်ဆောင်ရပါတယ်။ဆိုင်ငယ်တွေဆိုတသောင်းပါ။ဆိုင်ကြီးတွေဆိုရင် နှစ်သောင်းဆောင်ရပါတယ်။ပြန်လည်ထူထောင်ရေးအတွက်လိုအပ်လို့အခွန်ကောင်တာလို့ပြောပါတယ်။” လို့ ကျောက်တော်မြို့မှဆိုင်သည်တဦးက ပြောပါတယ်။

အာရက္ခအကောက်ခွန်နဲ့အခွန်ဌာနမှာ အခွန်ကောက်ခံရန်အတွက် သတ်မှတ်ကုန်စည်အမျိုးအစားအလိုက် ကောက်ခံမယ့်နှုန်းထားတွေ သတ်မှတ်ထားဖို့လိုပြီး အဲဒီသတ်မှတ်နှုန်းထားတွေကိုလည်း ပွင့်လင်းမြင်သာစွာချပြထားဖို့လိုအပ်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခဒေသရဲ့လုံခြုံရေးအပါအဝင်တခြားအကြောင်းတွေကြောင့် တရားဝင်ကြေညာဖို့အခ က်အခဲရှိရင်လည်းကောက်ခံ​မယ့်ဌာန၊ကောက်ခံမယ့်နေရာ၊ကောက်ခံမယ့်ကုန်စည်တမျိုးချင်းအပေါ် ကောက်ခံမယ့်နှုန်းထားတွေကို အခွန်ထမ်းဆောင်မယ့်သူ သို့မဟုတ် အများပြည်သူသိရှိစေဖို့ စာရေးကပ်ထားဖို့ လိုအပ်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအတိအလင်းရေးသားကောက်ခံရင် မလိုလားအပ်တဲ့အထင်အမြင်လွဲ မှားမှုတွေ၊နှုတ်မိန့်အခွန်ရဲ့အန္တရာယ်မှကင်းလွတ်နိုင်တယ်လို့လည်း ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။

(ဓာတ်ပုံ – အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဲ့စည်ပင်ခွန်ပြေစာ / BNA)

နောက်ပြီးပြည်ပမှတင်သွင်းလာတဲ့ကုန်စည်ကို နယ်စပ် သို့မဟုတ် သတ်မှတ်နေရာမှာ အခွန်ဆောင်ပြီး အခွန်ပြေစာအထောက်အထားဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ အ ကျုံးဝင်အသိအမှတ်ပြုဖို့အတွက် ပေါင်းစပ်ညှိနှိုင်းဖို့လည်း လိုအပ်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

မြို့ပေါ်နေ အာရက္ခပြည်သူတွေဟာ တလမှာ ကျပ်တသောင်းဝန်းကျင် ပုံမှန်အခွန်ဆောင်နေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပေမယ့်အုပ်ချုပ်ရေးယန္တရားပုံမှန်လည်ပတ်နေတာဆယ်မြို့နယ်သာရှိပြီး အိမ်ခြေငါးသောင်းဝန်းကျင်ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ တလမှာ ပြည်သူတွေဆီက အခွန်ငွေကျပ်သိန်းငါးထောင်ဝန်းကျင်ရရှိနေတယ်လို့ အကြမ်းဖျင်းတွက်ချက်ခန့်မှန်းနိုင်တယ်လို့ အာရက္ခပြည်သူ့တော်လှ
န်ရေးအစိုးရတာဝန်ရှိသူတချို့က ဆိုကြပါတယ်။

အဲဒီအခွန်ငွေ ကျပ်သိန်းငါးထောင်ဝန်းကျင်ဟာ ရေခွန်၊အမှိုက်ခွန်၊အိမ်ခွန်၊မီးသတ်ခွန်မှရရှိတာဖြစ်ပြီး ဆိုင်ခွန်၊အင်တာနက်ခွန်၊ကုန်စည်ကူးသန်းခွန်၊အရောင်းအဝယ်ခွန်၊ထောက်ခံစာပေးရာမှရတဲ့ငွေကြေးတွေ မပါသေးဘူးလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတာဝန်ရှိသူတချို့က ဆိုကြပါတယ်။

အိမ်ဆိုင်အသေးစား၊ကွမ်းယာဆိုင်မှ ဖုန်းဆိုင်၊အထည်ဆိုင်တွေထိ အခွန်ဆောင်ကြရပြီး ခြောက်လစာအတွက်တသောင်းကျပ်မှ ကျပ်သုံးသောင်းဝန်းကျင်ထိ ပေးဆောင်ကြရတယ်လို့ စျေးဆိုင်ပိုင်ရှင်တွေက ဆိုကြပါတယ်။

“ရောင်းရတဲ့ဆိုင်တွေပေးနိုင်ပေမယ့် မရောင်းရတဲ့အိမ်ဆိုင်သေးသေးလေးတွေကတော့ဝန်ပိတယ်။” လို့ပေါက်တောမြို့နယ်မှအိမ်ဆိုင်ရောင်းနေသူတဦးက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အင်တာနက်ဝန်ဆောင်မှုတွေကလစဥ်ကျပ်သိန်းတသောင်းခန့်ရရှိနေတယ်လို့ အာရက္ခအစိုးရတာဝန်ရှိသူတချို့က အတည်ပြုပြောကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အခပေးအင်တာနက်သုံးနိုင်တဲ့နေရာဆယ်ခုထက်မနည်းရှိနေပြီးတနေရာမှ တလကို အနည်းဆုံးကျပ်သိန်း​တရာကနေ ကျပ်သိန်းတထောင်နီးပါးထိရရှိနေတယ်လို့ အာရက္ခအစိုးရတာဝန်ရှိသူတချို့က ဆိုကြပါတယ်။

“အေးဂျင့်တခုက တလမှာလေးသိန်းခွဲစီပေးရပါတယ်။အင်တာနက်လာသုံးသူတွေကတော့ အေးဂျင့်ကိုလည်း ပိုက်ဆံပေးရပါတယ်။အေအေကိုလည်းပေးရပါတယ်။” လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

အဲဒီအင်တာနက်ဝန်ဆောင်မှုတွေကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နည်းပညာဌာနက ဦးစီးကိုင်တွယ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – အာရက္ခပြည်သူ့အစိုးရရဲ့ဘီးလှိမ့်ခွန်နှုန်းထား / BNA)

နည်းပညာဌာနဟာ မြို့နယ်အလိုက် ဒေသတချို့မှာ ပြည်သူ့အတွက် အင်တာနက်ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး တနာရီကို သုံးထောင်ကျပ်မှနှစ်သောင်းကျပ်ထိ ပေးနေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

ပြည်သူတွေဟာ နာရီအလိုက် အင်တာနက်အသုံးပြုခပေးဆောင်ကြရတာဖြစ်ပြီး ငွေလွှဲငွေထုတ်သမားတွေဟာ လစဉ်ကြေး၊နှစ်စဉ်အခွန်ငွေတွေပေးဆောင်အသုံးပြုကြရတာလို့ ပြည်သူတွေက ဆိုကြပါတယ်။

“ကျောက်တော်က စျေးအကြီးဆုံးထင်ပါတယ်။နာရီဝက်ကို တသောင်းပေးရပါတယ်။သုံးနာရီလောက်သုံးရင်ကို သုံးသောင်းကုန်ပါပြီ။” လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

နည်းပညာဌာနဟာ အင်တာနက်ဝန်ဆောင်မှုကို သူတို့ကိုယ်တိုင်ဦးစီးပေမယ့် တချို့နေရာတွေမှာလစဉ်ငွေကြေးယူပြီး လုပ်ခွင့်ပေးထားတာတွေ့ရှိနေတယ်လို့ နည်းပညာဌာနက ဆိုပါတယ်။

ဒါပေမယ့် အင်တာနက်ခွန်ကတော့ မြို့ နယ်အလိုက် စျေးနှုန်းကွဲပြားမှုရှိနေပြီးအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်တွေ၊မိသားစုဝင်တွေ၊နီးစပ်သူတွေကိုသာ လုပ်ပိုင်ခွင့်ချထားပေးတာလို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကမြို့နယ်တွေမှာ ဂြိုလ်တုအင်တာနက်စတားလင့်တွေ အသုံးပြုပြီး အင်တာနက်ကို အခကြေးငွေကောက်ခံအသုံးပြုခွင့်ပေးနေတာလို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် ရပ်ကျေးခေါင်းဆောင်(အုပ်ချုပ်ရေးမှူး)၊တိုက်နယ်မှူး(နယ်မြေမှူး)၊မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေဆီက ပြည်သူတွေထောက်ခံစာသွားတောင်းတဲ့အခါ ပေးကြရတဲ့ငွေကြေးလည်း ရှိနေသေးတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီထောက်ခံစာအတွက် ပေးကြရတဲ့ ငွေကြေးပမာဏဟာလည်း တိုက်နယ်ရုံးတခုနဲ့တခု ပမာဏမတူသလို မြို့နယ်အလိုက်လည်း ကွဲပြားသေးတယ်လို့ပြည်သူတွေက ဆိုကြပါတယ်။

ခရီးသွားခွင့်ထောက်ခံစာတစောင်ကို ​တထောင်ကျပ်မှ တသောင်းကျပ်ထိ ပေးကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအခွန်ငွေတွေအားလုံးဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဘဏ္ဍာငွေထဲ အပြည့်အ၀ရောက်ရဲ့လားဆိုတာလည်း ထည့်သွင်းစဉ်းစားစရာဖြစ်နေပြီး သံသယထားစရာတွေတွေ့နေရတယ်လို့ အခွန်ပေးဆောင်နေကြတဲ့ ပြည်သူတွေက ထောက်ပြကြပါတယ်။

တချို့မြို့နယ်တွေမှာ အခွန်ပေးဆောင်ကြရတဲ့ပြေစာတွေဟာ အခွန်ဌာနရဲ့တံ ဆိပ်တွေမပါဘဲ မိတ္တူဆိုင်မှာပွားထားတဲ့သာမာန်စက္ကူဘောက်ချာတွေသာ ဖြစ်နေတယ်လို့ ပြည်သူတွေက ထော က်ပြကြပါတယ်။

အဲဒီအပြင် ဗဟိုအခွန်ဌာနက သတ်မှတ်ထားတဲ့ အခွန်ပမာဏအတိုင်း ကောက်ခံတာမျိုးမဟု တ်ဘဲ တိုးမြင့်ကောက်ခံမှုတွေရှိနေတာမို့ ယုံကြည်ရခက်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – အာရက္ခပြည်သူ့အစိုးရဲ့အကောက်ခွန်နဲ့အခွန်ဌာနပြေစာ / BNA)

“ပိုက်ဆံတွေအကုန် အပေါ်ကို ရောက်မယ်မထင်ပါဘူး။ဖြတ်စားတာတွေ ရှိနိုင်ပါတယ်။သတင်းတွေလည်း အများကြီးထွက်နေတာပေ့ါ။အဲဒီလိုစားကြတယ်ဆိုပြီး။အခွန်ဖြတ်စားလို့ ရာထူးချခံရသူတွေရှိတယ်လို့လည်း ကြားရပါတယ်။”လို့ မင်းပြားဒေသခံတဦးက ပြောပါတယ်။

အဲဒီလိုအခွန်တိုးကောက်တာတွေ၊ဖြတ်စားတာတွေမရှိစေဖို့ ကောက်ခံမယ့်အခွန်ပမာဏတွေကို ပွင့်လင်းမြင်သာစွာချပြဖို့လိုအပ်ပြီး အခွန်ဖြတ်စားသူတွေကိုလည်း စစ်ဆေးကာထိရောက်တဲ့ အ ရေးယူမှုတွေ လုပ်သင့်တယ်လို့ အခွန်ပေးဆောင်နေကြတဲ့ ပြည်သူတွေက ထောက်ပြတောင်းဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာပြည်သူလူထုရဲ့ခက်ခဲမှုတွေကြားက မငြိုမငြင်ပေးဆောင်နေကြတဲ့အခွန်ငွေတွေကို အလွဲသုံးစားမှုတွေမရှိစေရေး အထူးအလေးထားဖို့ လိုအပ်တယ်လို့ ပြည်သူတွေက ထောက်ပြကြပါတယ်။

အဲဒီအပြင် မြို့နယ်တခုနဲ့တခုဟာလည်း ပေးဆောင်ရတဲ့အခွန်ပမာဏတပြေးညီဖြစ်ဖို့လိုအပ်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

“မျက်နှာကြီးသားမျက်နှာငယ်သား မဖြစ်ဖို့လိုပါတယ်။တချို့စီးပွားရေးသမားတွေဆိုရင် အခွန်ကင်းလွတ်ခွင့်ရတာတွေရှိပါတယ်။” လို့ ကျောက်တော်မြို့မှကုန်သည်တဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေအပါအဝင်စစ်ဘေးသင့်ပြည်သူတွေဟာ လူမှုဘဝစီးပွားရေးနလန်ထူမလည်ပတ်နိုင်သေးသလိုစားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့ခံစားနေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီး ပြည်သူတွေဆီက အခွန်ကောက်နေပေမယ့် အခွန်ကောက်ခံမှုနှု န်းထားတွေကို တရားဝင်ထုတ်ပြန်ထားတာမရှိသေးဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။

တိုင်းပြည်တည်ဆောက်ရေးအတွက်အခွန်အရေးကြီးပေမယ့် ပြည်သူတွေ ဝန်မပိတဲ့ပမာဏဖြစ်ဖို့လိုသလို အခွန်အခနဲ့ထိုက်တန်တဲ့ ဝန်ဆောင်မှုပေးကြဖို့လည်း လိုအပ်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုမဟုတ်ဘဲ အခွန်ပမာဏညီမျှမှု မရှိတာတွေ၊ပြည်သူအပေါ် ဝန်ပိစေတဲ့ ပမာဏဖြစ်နေတာတွေ၊ပြည်သူ့အခွန်ငွေတွေကို အလွှဲသုံးစားလုပ်တာတွေ ရှိနေမယ်ဆိုရင်တော့ ပြည်သူလူထုထော က်ခံယုံကြည်မှုတွေလည်း ရေရှည်တည်တံ့နေမှာမဟုတ်ဘူးလို့ ပြည်သူတွေက ထောက်ပြကြပါတယ်။

PrevPreviousမြန်မာ့လူဦးရေ ခန့်မှန်းချက်ထက် ငါးသန်းနီးပါးနည်းနေ
Nextကျောက်မဲမြို့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရNext
Previous Post

မြန်မာ့လူဦးရေ ခန့်မှန်းချက်ထက် ငါးသန်းနီးပါးနည်းနေ

Next Post

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

“အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။”

January 13, 2026
​ဓာတ်ပုံ - ချင်းညီနောင်

ချင်းညီနောင်လေးဖွဲ့ စုပေါင်းပြီး CPU / CPA ကို ဖွဲ့စည်း

January 12, 2026
ဓာတ်ပုံ - ပြန်ကြားရေးနဲ့မဟာမိတ်ဆက်ဆံရေးဌာနကြီး (SF/SAF)

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ခြောက်ဦးဖမ်းမိ

January 12, 2026
Hindustan Times

​အီရန်ဆန္ဒပြပွဲမှာ သေဆုံးသူငါးရာကျော်ရှိ

January 12, 2026

“အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။”

ချင်းညီနောင်လေးဖွဲ့ စုပေါင်းပြီး CPU / CPA ကို ဖွဲ့စည်း

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ခြောက်ဦးဖမ်းမိ

PSLF / TNLA ရဲ့ အလုပ်သင်ဗိုလ်သင်တန်း ဆင်းပွဲ

​အီရန်ဆန္ဒပြပွဲမှာ သေဆုံးသူငါးရာကျော်ရှိ

NUG လက်အောက် PDF အဖြစ် CRA တပ်ရင်းတရင်းပူးပေါင်း

Releated Post

“အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။”

January 13, 2026
​ဓာတ်ပုံ - ချင်းညီနောင်

ချင်းညီနောင်လေးဖွဲ့ စုပေါင်းပြီး CPU / CPA ကို ဖွဲ့စည်း

January 12, 2026
ဓာတ်ပုံ - ပြန်ကြားရေးနဲ့မဟာမိတ်ဆက်ဆံရေးဌာနကြီး (SF/SAF)

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ခြောက်ဦးဖမ်းမိ

January 12, 2026
ဓာတ်ပုံ - PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာန

PSLF / TNLA ရဲ့ အလုပ်သင်ဗိုလ်သင်တန်း ဆင်းပွဲ

January 12, 2026
Hindustan Times

​အီရန်ဆန္ဒပြပွဲမှာ သေဆုံးသူငါးရာကျော်ရှိ

January 12, 2026
Photo - Chauk Revolution Army (CRA)

NUG လက်အောက် PDF အဖြစ် CRA တပ်ရင်းတရင်းပူးပေါင်း

January 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page