Border News Agency
သထုံ၊ဇူလိုင် ၂၉။
သထုံနဲ့ကျိုက်ထိုမြို့နယ်ကို ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ကလေးနှစ်ဦးသေဆုံးပြီး နေအိမ်ငါးလုံးပျက်စီးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇူလိုင်လ ၂၇ ရက်နေ့ကထုတ်ပြန်ပါတယ်။
ကျိုက်ထိုမြို့နယ်၊အလူးလေးအရှေ့ရွာလေးရွာထဲကို ဇူလိုင်လ ၂၃ ရက်နေ့ကစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ အသက်ဆယ့်ငါးနှစ်အရွယ် နော်ခင်နန်းမွေးသေဆုံးသွားခဲ့ပြီး နေအိမ်သုံးလုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ကျိုက်ထိုမြို့နယ်၊ခရွဲကျေးရွာအုပ်စု သုံးခွရွာနဲ့ ကျောက်ပုံကြီးရွာကို ဇူလိုင်လ ၁၇ ရက်နေ့က စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်လို့ အသက် ဆယ့်ငါးနှစ်အရွယ်စောသိန်းထူးသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသထုံမြို့နယ်၊ကြက်ခပ်ချောင်းကျေးရွာအုပ်စုရွှေကြည်ရွာအနီးနဲ့ကျောက်တောင်ကျေးရွာအုပ်စုနောင်ကတုပ်အထက်ရွာဘေးရွာကို ဇူလိုင်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့အမှတ် ၃၁၄ အမြောက်တပ်မှ ဇူလိုင်လ ၁၈ ရက်နေ့ကလည်းနောက်ကတုတ်အထက်ရွာနဲ့အင်းရွာကြားကိုလက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်၊ ဝင်းကလောကျေးရွာနဲ့ဆောင်နိုင်ကြီးရွာဟောင်းကို ဇူလိုင်လ ၂၁ ရက်နေ့ကစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်နှစ်လုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။











