Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စစ်ရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အာရက္ခအစိုးရ တရားဥပဒေစိုးမိုးရေးပိုဆောင်ရွက်ဖို့ ​လိုအပ်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇူလိုင် ၂၉။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ စားဝတ်နေရေးကျပ်တည်းလို့ဓါးမြတိုက်၊ ခိုးဆိုးလုယက်မှုတွေများပြားလာနေတာမို့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။

အာရက္ခဒေသမှာ လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ခံထားရတာ၊အလုပ်အကိုင်ရှားပါးတာ၊ ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်တာ၊ စားဝတ်နေရေးခက်ခဲကျပ်တည်းတာစတဲ့အခြေအနေတွေကြောင့် ဓားမြတိုက်ခိုးဆိုးယုယက်မှုတွေများလာနေတာလို့ ပြည်သူတွေကဆိုကြပါတယ်။

“ဒုစရိုက်မှုတွေများပြားလာရတဲ့ အဓိကအကြောင်းအရင်းက စားဝတ်နေရေးကျပ်တည်းလို့ဘဲပေါ့နော်။ ဘယ်သူမှ ဆင်းရဲငတ်မွတ်မှုဒဏ်ကိုမခံနိုင်ကြဘူး။ ငတ်မွတ်လာရင် ဘာမဆိုလုပ်ရဲလာကြတယ်။ဝင်ငွေမရှိရင်စားဝတ်နေရေးလည်း အဆင်မပြေတော့ ဒီလမ်းကိုရွေးတာလည်းရှိမယ်။ ခုရခိုင်မှာကတရားဥပဒေစိုးမိုးရေးအားနည်းနေသေးတယ်။အဲဒါတွေကို အခွင့်ကောင်းယူပြီးဒုစရိုက်မှုတွေများလာတာလို့လည်းပြောလို့ရတယ်” လို့ အာရက္ခပြည်သူတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်အာရက္ခဒေသက ဆယ့်လေးမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးအာရက္ခပြည်သူ့အစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပေမယ့် တရားဥပဒေစိုးမိုးရေးတွေအားနည်းနေသေးတာတွေမို့ ခိုးဆိုးလုယက်မှုတွေပိုများလာတာလို့ ပြည်သူတွေကဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကကျေးရွာတချို့မှာ ပစ္စည်းအလစ်ခံရတာ၊ နေအိမ်အတွင်းဝင်ခိုးခံရတာ၊ ညအချိန် ကျွဲ၊နွား၊တိရစ္ဆာန်တွေပျောက်ဆုံးတာ၊ ခိုးယူခံရတာတွေများပြားလာနေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။

“ရွာဘက်တွေမှာဆိုရင်လည်း ကျွဲ၊ နွားတွေပျောက်တာများလာတယ်။ ညဘက်ဆိုကောင်းကောင်းမအိပ်ရဘူး။ ကျွဲ၊နွားတွေပျောက်ရင် အခုရှာရင်ရှာ၊မရှာရင် အသားငါးတွေဖြစ်သွားပြီ။ ခိုးတဲ့သူကိုသိပေမယ့် အုပ်စုဖွဲ့လှုပ်ရှားနေတာဆိုတော့သွားမဖမ်းရဲဘူး။တရားဥပဒေစိုးမိုးတာအားနည်းတော့ကိုယ့်အသက်ပါအန္တရာယ်ရှိတယ်” လို့ အာရက္ခပြည်သူတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီ ကျောက်တော်မြို့နယ်၊ပြိန်းချောင်းကျေးရွာမှာ ဇူလိုင်လ ၂၄ ရက်နေ့ကအသက်ငါးဆယ်ကျော်အရွယ် ဒေါ်ဝင်းနုရီမှာ ဓားပြတိုက်သတ်ဖြတ်ခံရပြီး ရွှေလေးကျပ်နဲ့ငွေဆယ့်ငါးသိန်းကျပ် ပါသွားခဲ့ပါတယ်။

အဲဒီအ​ပြင် ကျောက်တော်မြို့မဈေးကြီးမှာ ဇူလိုင်လ ၃ ရက်နေ့ကလည်းအမျိုးသမီးတစ်ဦးခါးပိုက်နှိုက်ခံရပြီးရွှေနှစ်ကျပ်နဲ့ငွေခြောက်သိန်းပါသွားတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။

နောက်ပြီးကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှာ ဇူလိုင်လ ပထမအပတ်က ဆန်စက်ပိုင်ရှင်ကိုကျော်သက်လှိုင်ရဲ့ နေအိမ်ဓါးပြတိုက်ခံရပြီးရွှေဆယ်ကျပ်သားနဲ့ငွေသားအချို့ပါသွားခဲ့ပါတယ်။

အဲဒီကျောက်တော် – မြောက်ဦး ကားလမ်းမတချို့နေရာတွေမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဆိုင်ကယ်၊ခြေလျှင်သွားလာနေသူတွေဆီကရွှေ၊ငွေ၊ဖုန်းစတဲ့ပစ္စည်းတွေကို ဓားပြတိုက်လုယက်မှုတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေကဆိုကြပါတယ်။

အာရက္ခဒေသမှာ ဓါးပြတိုက်၊ ခိုးဆိုးလုယက်မှုစတဲ့ ဒုစရိုက်မှုတွေများပြားလာနေတာကြောင့် ပြည်သူတွေဟာအသက်အန္တရာယ်စိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့်အာရက္ခပြည်သူ့အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ထိရောက်အောင်ဆောင်ရွက်ပေးဖို့လိုအပ်နေပြီလို့ ပြည်သူတွေကဆိုကြပါတယ်။

PrevPreviousပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့အခြေခံစစ်သင်တန်းဆင်းပွဲ
Nextသတုံနဲ့ကျိုက်ထိုကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးသေဆုံးNext
Previous Post

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့အခြေခံစစ်သင်တန်းဆင်းပွဲ

Next Post

သတုံနဲ့ကျိုက်ထိုကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကနေဒါတောမီးကြောင့် တိုရွန်တိုမြို့ ကမ္ဘာ့လေထုအဆိုးဆုံးဖြစ်လာ

July 16, 2026

ကျောက်တော်ရှိရေဘေးသင့်ကျေးရွာတွေကို အာရက္ခအစိုးရနဲ့စောမဲကျီဖောင်ဒေးရှင်း ရိက္ခာတွေထောက်ပံ့

July 16, 2026

တော်လှန်ရေးအင်အားစုအားလုံးနဲ့ စုပေါင်းတွေ့ဆုံဖို့ အာဆီယံကို NUG တိုက်တွန်း

July 16, 2026

ကုလသမဂ္ဂဖိုရမ်မှာ မြန်မာပြည်သူတွေကို ကူညီဖို့ CRPH ဥက္ကဋ္ဌတိုက်တွန်း

July 16, 2026

နေပြည်တော်မှာမြန်မာ-ရုရှား ပူးပေါင်းစစ်ရေးလေ့ကျင့်

မလေးရှားမှာ မြန်မာအပါအဝင်နှစ်ဆယ့်လေးဦး ဖမ်းဆီးခံရ

မင်းကြောင်းတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

အရာတော်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

မဲဆောက်မှာတရားမဝင်လာတဲ့ မြန်မာလူငယ်တဦး ဖမ်းဆီးခံရ

မြောက်ဦးမှာ အာရက္ခအစိုးရရနဲ့ ပြည်သူပေါင်းပြီးသန့်ရှင်းရေးလုပ်

Releated Post

နေပြည်တော်မှာမြန်မာ-ရုရှား ပူးပေါင်းစစ်ရေးလေ့ကျင့်

July 15, 2026
​ဓာတ်ပုံ - ကဒါးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားမှာ မြန်မာအပါအဝင်နှစ်ဆယ့်လေးဦး ဖမ်းဆီးခံရ

July 15, 2026

မင်းကြောင်းတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

July 15, 2026

အရာတော်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

July 15, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာန

မဲဆောက်မှာတရားမဝင်လာတဲ့ မြန်မာလူငယ်တဦး ဖမ်းဆီးခံရ

July 15, 2026

မြောက်ဦးမှာ အာရက္ခအစိုးရရနဲ့ ပြည်သူပေါင်းပြီးသန့်ရှင်းရေးလုပ်

July 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page