Border News Agency
ပေါက်၊ဇွန် ၁၁။
ပေါက်မြို့နယ်ထဲက ရေပြာရဲစခန်းနဲ့ ကုက္ကိုစု ပျူစောထီးစခန်းတို့ကို PDF ပူးပေါင်းတပ်တွေက Operation Su စစ်ဆင်ရေးနဲ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
အဲဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က စစ်သုံ့ပန်း ၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့သလို စစ်တပ်က လူသားတံတိုင်းအဖြစ် အဓမ္မခိုင်းစေထားတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၀၀ ကျော်ကိုလည်း ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားပါတယ်။
အဲဒီ စစ်ဆင်ရေးကို ဇွန်လ ၂ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းပစ်ကူ အကြိမ် ၈၀ ကျော်အထိ သုံးပြီး ပြင်းပြင်းထန်ထန် ခုခံခဲ့ပေမဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၂ ရက်နဲ့ ၄ ရက်နေ့တွေမှာ စခန်းနှစ်ခုစလုံးကိုသိမ်းပိုက်နိုင်ခဲ့တာပါ။
အဲဒီ ကယ်တင်နိုင်ခဲ့တဲ့ ပြည်သူ ၂၀၀ ကျော်ကို ပူးပေါင်းတပ်ဖွဲ့တွေက လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း လက်နက် ၅၉ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးမှာ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ရင်းပေါင်းစုံနဲ့ မဟာမိတ်တပ်ဖွဲ့တွေ စုပေါင်းပါဝင်ခဲ့ကြတာတယ်လို့ဆိုပါတယ်။

















