Border News Agency
မကွေး၊ဇွန် ၁၁။
မကွေးခရိုင် အမှတ် ၁တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တချို့ကို အမည်ပျက်စရင်းသွင်းလိုက်ပါတယ်။
အဲဒီ ရဲဘော်တချို့ဟာ တပ်ရင်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီး ရဲဘော်တွေရဲ့ စိတ်ဓာတ်ကို ဝါးတားအောင် သွေးဆောင်ဖြားယောင်းတာ၊တိုက်ပွဲဝင်ရဲဘော်တွေကို စွန့်ခွာထွက်ပြေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို လုပ်ရပ်တွေကြောင့် သူတို့တွေကိုတပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက် လောက်ကောင်တွေအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ တပ်ရင်းက အသိပေးထားပါတယ်။
သူတို့နဲ့ပတ်သက်တဲ့ ဘယ်လိုလုပ်ငန်းဆောင်တာတွေကိုမဆို တပ်ရင်းအနေနဲ့ တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘဲ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုလည်း ပြင်းထန်စွာ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ဆိုပါတယ်။















