Border News Agency
မကွေး၊ သြဂုတ် ၁၃။
မကွေးတိုင်း၊ ပေါက်မြို့နယ်ကို သြဂုတ်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ငါးဦးသေဆုံးပြီးသုံးဆယ်ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်ရှိ ကျေးရွာဆယ့်ရှစ်ရွာကို လေကြောင်းမှ ဗုံးအလုံးငါးဆယ်ထိတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင်အရပ်သားငါးဦးသေဆုံးသွားပြီး သုံးဆယ်ကျော်ဒဏ်ရာရခဲ့ပါတယ်။
ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ရေပြာ၊ရှခွလေး၊မုန်တော၊ကမ်းပျို၊သနပ္ပင်ဇင်း၊ တင်ငုတ်ပြင်၊ ညောင်ပင်တိုက်၊ ရွှေလှံရွဦ၊ မြင်းခြံကုန်း၊ကျွန်းပင်စု၊ဆင်သေ၊ငမိုးကြီး၊ငမိုးလေး၊ကမ်းတောကုန်း၊ပြင်းချောင်းနဲ့ဆယ်ဝကျေးရွာတွေကို စစ်ကောင်စီတပ်က ဗုံးအလုံးငါးဆယ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ပေါက်မြို့နယ်ကကျေးရွာတချို့ကို လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
Comments 1
https://telegra.ph/Ispolzovanie-dorozhnyh-vinetok-v-CHehii-pravila-pokupka-i-shtrafy-11-10