Border News Agency
ဒါကာ၊ သြဂုတ် ၂၂။
ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲဝါကာအုစ်ဇာမန်အပါအဝင်စစ်အရာရှိတွေဟာ တရုတ်နိုင်ငံသို့ တရားဝင်ခရီး စဉ်အတွက် ဩဂုတ်လ ၂၁ ရက်နေ့၊မ နေ့က ထွက်ခွာသွားပြီလို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက ဆိုပါတယ်။
အဲဒီခရီးစဉ်မှာ တရုတ်အရပ်ဘက်၊စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးအတွ က် သဘောထားအမြင်တွေ ဖလှယ်ကြမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်တရားဝင်ထုတ်ပြန်ချက်မှာ စစ်ဦးစီးချုပ်ခရီးစဉ်ဟာ ဩဂုတ်လ ၂၇ ရက်နေ့ပြီးဆုံးမယ်လို့ဆိုပါတယ်။
အမေရိကန်၊တရုတ်၊အိန္ဒိယစတဲ့နိုင်ငံတွေကြားမှာ သံတမန်ရေးအရပြန်လည်အလျော့အတင်းလုပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဟာ အမြဲတန်းကြိုးစားနေရပါတယ်။
တရုတ်နဲ့ဘင်္ဂလားဒေ့ရှ်ကြားမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပြီး ၂၀၂ ၄ ခုနှစ်က ရွှေမိတ်ဆွေစစ်ဆင်ရေး (Golden Friendship-2024)ကို ပြုလုပ်ခဲ့ကြပါတယ်။
ရွှေမိတ်ဆွေစစ်ဆင်ရေးဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောက်က အကြမ်းဖက်မှုတန်ပြန်ရေးအတွက်လို့ နှစ်နိုင်ငံစလုံးက ဆိုခဲ့ပါတယ်။
အိန္ဒိယသတင်းစာတခုကတော့ ဒီစစ်ဆ င်ရေးကို ဘင်္ဂလားဒေ့ရှ်နဲ့တရုတ်ကြား ပထမဆုံးအကြိမ်ပူးတွဲစစ်ဆင်ရေးလို့ ဆိုပြီး မျက်စိဒေါက်ထောက်ကြည့်နေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်နိုင်ငံကလက်နက်ဝယ်ယူမှုအများဆုံးနိုင်ငံတွေထဲမှာပါဝင်ပါတယ်။
တင့်ကား၊ဖရီးဂိတ်၊မစ်ဇိုင်းလှေ၊ တိုက်လေယာဉ်၊စစ်သုံးပစ္စည်းမျိုးစုံကို ဝယ် ယူနေတာပါ။
ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ(Forces Goal 2030) ရည်မှန်းချက်အရ ခေတ်မှီစစ်တပ်အဖြစ်ကြိုးစားနေတာမို့ တရုတ်နိုင်ငံက လက်နက်ဝယ်ယူမှုဟာ အရေးပါနေပါတယ်။
တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်သုံးရေယာဉ်၊အပေါစားစစ်သုံးရေယာဉ်၊ ရေငုတ်သင်္ဘောတွေ ရောင်းချထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်နိုင်ငံက ၂၀၁၇ ခုနှစ်မှာ ရေငုတ်သင်္ဘောနှစ်စင်းဝယ်ယူခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ စစ်ပစ္စည်းတွေ ရောင်း ချတာပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်ပစ္စည်းအသုံးချသင်တန်းတွေလည်း သင်ကြားပေးနေပါတယ်။
ကိုးကား –
- ဘင်္ဂလားစစ်တပ်အကြီးအကဲတရုတ်ခရီးစဉ် – https://www.thedailystar.net/news/bangladesh/news/army-chief-waker-uz-zaman-leaves-four-day-visit-china-3967481?hl=en-GB
- ရွှေမိတ်ဆွေစစ်ဆင်ရေး – https://www.ptinews.com/story/national/china-bangladesh-armies-to-hold-first-military-exercises-next-month-pla/1455198?hl=en-GB
- ဘင်္ဂလားဒေ့ရှ်လက်နက်ဝယ်ယူရေး – https://www.bdmilitary.com/analysis/geopolitics-diplomacy/bangladesh-strengthening-defence-relations-with-china-pakistan-turkiye-and-the-united-states/2558/?hl=en-GB
- ရေတပ် – https://thediplomat.com/2024/10/why-bangladesh-china-defense-ties-are-poised-to-strengthen-after-the-monsoon-revolution/?hl=en-GB







Comments 1
настольный чпу токарный станок [url=http://tokarnyi-stanok-s-chpu.ru]http://tokarnyi-stanok-s-chpu.ru[/url]