Border News Agency
မြောက်ဦး၊သြဂုတ် ၂၅။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားစီရင်ရေးမှာ နှောင့်နှေးကြန့်ကြာမှုတွေကြောင့် အမှုရင်ဆိုင်နေရတဲ့ ပြည်သူတွေနစ်နာနေကြရတယ်လို့ အမှုလို က်ရှေ့နေတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ – ၃၈၅(ခြောက်လှန့်တောင်းယူမှု)နဲ့တရားစွဲခံထားရတဲ့ညောင်ချောင်းကျေးရွာက အသက် ၆၀ အရွယ်ဦးဝင်းအောင်ကို တရားလိုက အမှုကိုကျေအေးပြီး ပြန်လည်ရုတ်သိမ်းထားပေမယ့် တရားရုံးကတစုံတရာအမိန့်မချတာကြောင့် အချိန်ရှစ်လကြာလာတဲ့ထိ အမှုရင်ဆိုင်နေရတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
“အမှုကအာမခံပေးရမယ့်အမှုပါ။ တရားလိုဘက်ကလည်း အမှုကျေအေးရု တ်သိမ်းကြောင်း တင်ပြထားပါပြီ။ဒါပေမယ့် အာမခံတောင်မရဘဲ ဦးဝင်းအောင်ဟာ သံခြေချင်းနဲ့အမှုရင်ဆိုင်နေရပါတယ်” လို့ ဦးဝင်းအောင်ရဲ့မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။
၂၀၂၃ နှစ်၊ နိုဝင်ဘာလက အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် လုံခြုံရေးအခြေအနေတွေကြောင့် တရားစီ ရင်ရေးတွေရပ်နားထားခဲ့ရပေမယ့် ၂၀ ၂၄ ခုနှစ်၊ ဇွန်လကစလို့ တရားစီရင်ရေးလုပ်ငန်းတွေ ပြန်လည်ပတ်နေတာပါ။
ဒါပေမယ့် စစ်ပွဲမဖြစ်ခင်ကတည်းက ရှိနေခဲ့တဲ့အမှုတချို့ကို ပြန်လည်ခေါ်ယူတာ၊ အသိပေးတာ၊ ဆက်လက်စစ်ဆေးအမိန့်ချတာတွေမရှိသေးဘူးလို့ အမှုလိုက်ရှေ့နေတွေနဲ့အမှုသည်တွေက ဆိုကြပါတယ်။
အဲဒီလိုကြန့်ကြာနေတဲ့အမှုတွေကို Justice 4arakan telegram channel မှာ တိုင်တန်းပေမယ့် တုံ့ပြန်ထိရောက်မှုမရှိသလို အရေးယူဆောင်ရွက်ပေး တာလည်းမရှိဘူးလို့လည်း ပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို အ ပြီးသတ်ထိန်းချုပ်ထားပြီးပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးတွေကို ဖော်ဆော င်နေတာပါ။
ပြည်သူ့တရားစီရင်ရေးအတွက် မြို့န ယ်၊ခရိုင်နဲ့တရားရုံးချုပ်ထိ တရားရုံးတွေထပ်တိုးထားပေမယ့်တရားသူကြီး၊ ဥပဒေအရာရှိနဲ့ရှေ့နေတွေ မလုံလောက်တာကြောင့် ပိုကြန့်ကြာနေတာလို့ ဆိုကြပါတယ်။
လက်ရှိစစ်ဆေးနေတဲ့အမှုအချို့မှာလ ည်း အဂတိလိုက်စားမှုတွေရှိနေတာကြောင့် ထိန်းကျောင်းကြပ်မတ်ပေးဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
“အမှုတခုဖြစ်လို့ သွားတိုင်ရင် သူတို့နဲ့ နီးစပ်သူတွေဆိုရင် မဖမ်းဘဲထားတာ၊ အာမခံပေးတာတွေတောင် ရှိတယ်။ အဲဒါရာဇဝတ်မှုတွေနော်။လွန်းလုံးပိုက်က အမှုဆိုရင် တနှစ်တောင် လွှတ်ပေးထားတာ။အဲဒါမုဒိန်းမှုကျူးလွန်ဖို့ကြံစည်တဲ့အမှုကိုတောင်နော်။” လို့ တရာစီရင်ရေးအခြေအနေကိုစောင့်ကြည့်နေတဲ့မြေပုံဒေသခံအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အာမခံပေးလို့ရတဲ့အမှုတွေကို အာမခံမပေးဘဲ အာမခံပေးလို့မရတဲ့အမှုတွေကိုလည်း အာမခံပေးလွတ်ထားတာတွေကြောင့် ပြည်သူ့တရားစီရင်ရေးအပေါ် ပြည်သူတွေက မေးခွန်းထုတ်တာတွေ ရှိနေတယ်လို့လည်း ပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားစီရင်ရေးစနစ်ဟာ ပြည်သူလူထုအကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှုရှိရှိ ပြုပြင်ပြောင်းလဲဖို့ လို အပ်နေပြီလို့ အမှုလိုက်ရှေ့နေတွေနဲ့ ပြည်သူတွေက ထောက်ပြနေကြပါတယ်။