Border News Agency
ပုဏ္ဏားကျွန်း၊သြဂုတ် ၂၇။
ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ နေအိမ်တလုံးပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်တွေမြို့နယ်၊ ပါဒလိတ်အခြေစိုက်စစ်ကော်မရှင်တပ်မှ သြဂုတ်လ ၂၆ ရက်၊နေ့လည် ၁၂ နာရီအချိန်ခန့်က ပုဏ္ဏားကျွန်းနယ်ဖက်ကို လက်နက်ကြီးနဲ့ ရွည်ရွယ်ချက်ရှိရှိပစ်ခတ်လိုက်တာကြောင့်နေအိမ်တလုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းကျေးရွာက ဦးခိုင်ကျော်ဦးရဲ့နေအိမ်ပျက်စီးသွားခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ညောင်ပင်ရင်းကျေးရွာကိုဇူလိုင်လ ၁၀ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာစစ်တွေ၊ကျောက် ဖြူ၊မာန်အောင်သုံးမြို့နယ်ကိုသာထိန်း ချုပ်ထားပေမယ့် ကျောက်ဖြူမြို့နယ်မှာအာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တ ပ်ကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေသ လို စစ်တွေမြို့နယ်မှာလည်းနှစ်ဘက်စစ်ရေးတင်းမာနေကြပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊လက်နက် ကြီးပစ်ခတ်တာတွေ နေ့စဥ်လိုလိုပြု လုပ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒီအပြင်အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေလို့ အရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။