Border News Agency
စစ်တွေ၊ ဩဂုတ် ၂၈။
အာရက္ခဒေသမှာ ဩဂုတ်လ ၁ ရက်နေ့ကနေ ၂၇ နေ့ထိ စစ်အုပ်စုလက်ချက်ကြောင့် အရပ်သား ၁၈ ဦးသေဆုံးခဲ့ပါတယ်။
အဲဒီသေဆုံးရသူတွေဟာ စစ်တွေမှာ ၁ ဦး၊ ကျောက်ဖြူမှာ ၃ ဦးနဲ့မြောက်ဦးမှာ ၁၄ ဦး၊စုစုပေါင်း ၁၈ ဦးထိရှိလပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း(AAPP)ရဲ့အချက် အလက်တွေအရ စစ်တွေမြို့မှာ ဩဂုတ်လ ၉ ရက်နေ့က အသက် ၄၅ နှစ် အရွယ်ဒေါ်စုလှိုင်ကို အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်အုပ်စုက ဖမ်းဆီးသွားပြီးနောက်တရက်မှာသေ ဆုံးခဲ့ပါတယ်။
အဲဒီအပြင် ဩဂုတ်လ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ်၊လိပ်ခမော်ကျေးရွာကအသက် ၄၀ အရွယ်ဦးခင်မောင်ချစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ဂေါတူကျေးရွာမှာထွက် ပြေးခိုလှုံနေတဲ့လိပ်ခမော်ကျေးရွာက အသက် ၅၁ နှစ်အရွယ်ဒေါ်မကျန်သိန်းနဲ့အသက် ၄၈ နှစ်အရွယ်ဦးဇော်အေးမြင့်ဟာ စစ်အုပ်စုလက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို ဩဂုတ်လ ၂၅ ရက်နေ့က စစ်အုပ်စုဂျက်တို က်လေယာဉ်ဗုံးကြဲလို့အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦး၊စုစုပေါင်း ၁၄ ဦး သေ ဆုံးခဲ့ပါတယ်။
အဲဒီအထဲမှာ ၁၀ နှစ်အောက်ကလေးနှ စ်ဦးပါဝင်ပြီးအရပ်သား ၁၈ ဦးဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တရားဝင်တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
စစ်အုပ်စုဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဈေး၊ ဘာသာရေးအဆောက်အုံ၊ လမ်းတံတား၊ စစ်ဘေးရှောင်စခန်းတွေ၊ လူနေထူထပ်တဲ့မြိုရွာရပ်ကွက်တွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့ အာရက္ခတပ်တော်က မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်လို့ ဩဂုတ်လ ၂၆ ရက်နေ့ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လေ ကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေပြီး အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရတာတွေလည်း ရှိနေကြပါတယ်။