Border News Agency
မြောက်ဦး၊ ဩဂုတ် ၂၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့မှာ ဩဂုတ်လ ၂၅ ရက်နေ့က စစ်ကော်မရှင်တပ်လေကြော င်းတိုက်ခိုက်လို့ ကလေးသူငယ်တွေသေဆုံးဒဏ်ရာရပြီး နေအိမ်တွေပျက် စီးခဲ့ရတဲ့သတင်းတွေကြောင့် အလွန်အ မင်းစိုးရိမ်ပူပန်ရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဆိုပါတယ်။
အဲဒီမြောက်ဦးမြို့မှာ ဗုံးကြဲခံရမှုဖြစ် ရပ်အပေါ် UNICEF ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဂျန်ကူနူဂီ(June Kunugi)မှ ဩဂုတ်လ ၂၈ ရက် မနေ့က သီးခြားထုတ်ပြောဆိုလို က်တာပါ။
ရခိုင်မှာပြီးခဲ့တဲ့လတွေကလည်း ပဋိပ က္ခတွေ ပိုမိုပြင်းထန်လာတာဟာ ကလေးသူငယ်တွေအပေါ် ပိုမိုထိခိုက်လွ ယ်တဲ့အခြေအနေကိုရောက်ရှိစေပြီးအ သက်သေစေနိုင်တဲ့တိုက်ခိုက်မှုတွေ ဟာ ကြောက်ရွံ့မှု၊ နေရပ်စွန့်ခွာမှုနဲ့ဆင်း ရဲဒုက္ခတွေကို ဆက်လက်ဖြစ်ပေါ်စေတ ယ်လို့လည်း ဆိုပါတယ်။
ကလေးသူငယ်တွေဟာ သူတို့ရဲ့နေအိမ်တွေ၊ရပ်ရွာတွေအပါအဝင် လုံခြုံမှုရှိသင့်တဲ့နေရာတွေမှာ အသတ်ခံနေကြရတယ်လို့လည်း UNICEF ကပြောပါတယ်။
ရခိုင်မှာ တိုးပွားလာတဲ့အကြမ်းဖက်မှု၊ မလုံခြုံမှု၊ နေရပ်စွန့်ခွာရမှုတွေအပြင် စားနပ်ရိက္ခာပြတ်လပ်မှုတွေကိုလည်း ရင်ဆိုင်နေရသလို ပညာရေး၊ကျန်းမာ ရေးစောင့်ရှောက်မှုအပါအဝင် ကလေး သူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေပါ ပြတ်တောက်နေတ ယ်လို့ ဆိုပါတယ်။
ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအား လုံးကလေးသူငယ်တွေ၊ အရပ်သားတွေကိုအကာအကွယ်ပေးကြဖို့ကိုလည်း UNICEFက တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့၊ဒိုင်းကျီလူနေရပ်ကွက်ကို ဩဂုတ်လ ၂၅ ရက်နေ့ညက စစ်ကော် မရှင်တပ်လေကြောင်းနဲ့ အကြီးစားဗုံး ကြဲချခဲ့လို့ ကလေးသူငယ် ၆ ဦးအပါ အဝင် အရပ်သား ၁၄ ဦးသေဆုံးခဲ့ပါတယ်။
ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့လုပ် ရပ်ဖြစ်ပြီး စစ်ကော်မရှင်ဘက်က ဒီကိစ္စအပေါ် ဘာမှဖြေရှင်းချက်မပေးဘဲ နှုတ်ဆိတ်နေတယ်လို့ လေ့လာသူတ ချို့က ထောက်ပြကြပါတယ်။