Border News Agency
ကျောက်မဲ၊ သြဂုတ် ၃၁။
ကျောက်မဲမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်လေးအိမ်ပျက်စီးသွားတယ်လို့ တအာင်းတပ်မတော်က သြဂုတ်လ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မနေ့ည ၁၀ နာရီအချိန်ခန့်က ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာကို ပေါင် ၂၅၀ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သားနေအိမ်လေးအိမ်ပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင်မိုင်းလုံမြို့၊ပန်သပြေကျေး ရွာကို သြဂုတ်လ ၂၉ ရက်နေ့က ပေါင် ၂၅၀ ဗုံးလေးလုံးနဲ့တိုက်ခိုက်လို့သီလ ရှင်၊သံဃာတော်နဲ့အရပ်သားတွေ သေ ဆုံးဒဏ်ရာရခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင်နေအိမ်လေးအိမ်ကျောင်းဆောင်ငါးဆောင်နဲ့ဓမ္မာရုံတရုံလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့ တအာင်းတပ်မတော်က အသိပေးထားပါတယ်။