Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

လယ်ယာမြေပိုင်ဆိုင်မှုနဲ့အကျိုးခံစားခွင့်များ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

သိမ်းစံ ရေးတယ်။

Border News Agency
မြောက်ဦး၊ သြဂုတ် ၃၁။

ရခိုင်ပြည်နယ်ဟာ ရေလုပ်ငန်းအပြင် လယ်ယာမြေကိုအဓိကလုပ်ကိုင်တဲ့ ဒေသဖြစ်လို့ လယ်ယာမြေနဲ့ပတ်သက်တဲ့မှုခင်းတွေလည်း အတော့ကိုများပြားလွန်းလှပါတယ်။

မိဘဘိုးဘွားအစဉ်အဆက်ကတည်းက မိရိုးဖလာပိုင်ဆိုင်မှုအတိုင်း လက်ဆင့် ကမ်းလုပ်ကိုင်လာခဲ့တဲ့ မြေတွေကို နခြားသူတယောက်ယောက်က ကျူး ကျော်တာ၊မတရားတဲ့နည်းလမ်းနဲ့ရယူဖို့ကြိုးစားကြတာတွေကြောင့် အမှုအ ခင်းတွေဖြစ်ကြရပါတယ်။

ဒီလိုအခြေအနေနဲ့ ကြုံလာရပြီဆိုရင် လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် လက်ရောက်ရရှိထားသူကသာ ပိုင်ရှင်အမှန်အဖြစ် သတ်မှတ်ခံရလေ့ရှိပါတယ်။

◼ လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုတာဘာလဲ

လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုတာ လယ် ယာမြေဥပဒေ၊နည်းဥပဒေ၊စည်းကမ်း၊ စည်းမျဉ်းတွေနဲ့အညီ လက်ဝယ်ရရှိထားပြီး စိုက်ပျိုးလုပ်ကိုင်အသုံးခွင့်ရရှိထားတာကို ဆိုလိုတာပါ။

◼ လယ်ယာမြေလုပ်ပိုင်ခွင့်နဲ့အကျိုးခံစားခွင့်

လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် တနည်းအားဖြင့် ပုံစံ(၇)ရရှိထားသူက ဒီအချက်တွေကို ခံစားခွင့်ရှိပါတယ်။

  • ၁။ လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊ရာသီသီးနှံကို ပြောင်းလဲစိုက်ပျိုးနိုင်ခွင့်၊အဲဒီလိုလုပ်ပို င်ခွင့်ကနေ ပေါ်ထွက်လာတဲ့ အကျိုးအ မြတ်ကို ခံစားပိုင်ခွင့်။
  • ၂။ လယ်ယာမြေကို အားလုံးဖြစ်စေ၊တစိတ်တပိုင်းဖြစ်စေ၊လုပ်ပိုင်ခွင့်ကို သတ် မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ ရောင်းချခွင့်၊ပေါင်နှံခွင့်၊ငှားရမ်းခွင့်၊လဲ လှယ်ခွင့်နဲ့ပေးကမ်းခွင့်။
  • ၃။ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံမှုနဲ့ စပ်လျဉ်းပြီး အငြင်းပွားမှု ပေါ်ပေါက်လာခဲ့ရင် တည်ဆဲဥပဒေနဲ့အညီ သက်ဆိုင်ရာတရားရုံးရဲ့အဆုံးအ ဖြတ်ခံယူနိုင်ခွင့်။
  • ၄။ သတ်မှတ်တဲ့စည်းကမ်းချက်တွေကို ဖောက်ဖျက်ခြင်းမရှိသရွေ့လယ်ယာမြေလုပ်ပိုင်ခွင့်။
  • ၅။ လယ်ယာမြေမှာ စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ ဒါမှမဟုတ် အစိုးရအသိအမှတ်ပြုထားတဲ့အဖွဲ့အစည်း၊အသင်းအဖွဲ့တွေရဲ့ရင်း နှီးမြှုပ်နှံမှုနဲ့ဖြစ်ဖြစ်၊ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများတွေနဲ့ဖြစ်ဖြစ် အကျိုးတူလုပ်ကိုင်ခွင့်။
  • ၆။လယ်ယာမြေမှာ နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသားပါဝင်တဲ့အဖွဲ့အ စည်းနဲ့ပူးပေါင်းပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေနဲ့အညီ အကျိုးတူလုပ် ကိုင်ခွင့်။

စတာတွေဖြစ်ပါတယ်။

◼ သံတွဲမြို့နယ်က မြေယာအငြင်းပွားမှု

ဒါကတော့ ၂၀၁၉ ခုနှစ်က ပြည်ထောင် စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တဲ့ လယ်ယာမြေမှုခင်းတခုအကြောင်း ဖြစ်ပါတယ်။

ဒီအမှုဟာ ၂၀၁၅ ခုနှစ်က ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်က မြေဧရိယာ ၂ ဧကရှိတဲ့ ဥယျာဉ်ခြံမြေကိစ္စကနေ စတင်ခဲ့ပါတယ်။ တရားလို ဒေါ်လှိုင်လှိုင်ဝင်းက သူ့ရဲ့လယ်ယာမြေပေါ်မှာ လာရောက်ကျူးကျော်ပြီး တဲဆောက်နေထိုင်တဲ့ ဦးလှထွေးတို့ မိသားစုကို ဖယ်ရှားပေးဖို့ တရားစွဲဆိုရာကနေ စတင်ခဲ့တဲ့ အမှုဖြစ်ပါတယ်။

ဒေါ်လှိုင်လှိုင်ဝင်းဟာ Amazing Hotel မှာ အထွေထွေမန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်နေသူပါ။သူက အငြင်းပွားနေတဲ့မြေကို ၂၀၁၃ ခုနှစ်မှာ ဒေါ်ခင်သန်းဝင်းဆီကနေ ဥယျာဉ်ခြံမြေ လွှဲပြောင်းခြင်းစာချုပ်နဲ့ ဝယ်ယူခဲ့ပါတယ်။မြေဝယ်ပြီးနောက်မှာတော့ ကွန်ကရစ်တိုင်တွေစိုက်၊ ကျွန်းပင်တွေ စိုက်ပျိုးပြီး မြေကို လက်ရှိထား လုပ်ကိုင်ခဲ့ပါတယ်။ ဒေါ်လှိုင်လှိုင်ဝင်းဟာ သက်ဆိုင်ရာ မြေ စာရင်းဦးစီးဌာနကနေ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇)ကိုလည်း တရားဝင်ရယူထားသူဖြစ်ပါတယ်။

ဒါပေမယ့် တရက်မှာတော့ ဦးလှထွေးတို့မိသားစုက သူ့ခြံထဲကို ဝင်လာပြီး လေးချောင်းထောက်တဲတလုံးလာဆောက်ပါတယ်။

နောက်ပိုင်းမှာ အဲဒီတဲကိုဖျက်ပြီး သွပ် မိုးတဲအဖြစ် ပိုခိုင်ခိုင်မာမာဆောက်လု ပ်ပြီးဆက်နေခဲ့ပါတယ်။ဒေါ်လှိုင်လှိုင်ဝင်းဘက်က ကျူးကျော်သူတွေကို ဖ ယ်ရှားပေးဖို့ တောင်းဆိုပေမယ့် မရတဲ့အဆုံး သံတွဲခရိုင်တရားရုံးမှာ တရား စွဲဆိုခဲ့ပါတယ်။

ဦးလှထွေးတို့ဘက်ကတော့ ဒီမြေဟာ သူတို့အဖေ ဦးဖိုးထွန်းလက်ထက်က တည်းက ဓားမဦးချလုပ်ကိုင်လာခဲ့တဲ့ ဘိုးဘွားပိုင်မြေဖြစ်တယ်လို့ ချေပပါတယ်။

ဒေါ်လှိုင်လှိုင်ဝင်းကို မြေရောင်းခဲ့တဲ့ ဒေါ်ခင်သန်းဝင်းဟာ မြေရဲ့တကယ့်ပိုင်ရှင်မဟုတ်သလို ရောင်းချပိုင်ခွင့်လည်း မရှိဘူးလို့ ဆိုပါတယ်။

သူတို့ဟာ ဒီမြေပေါ်မှာ အစဉ်အဆက် နေထိုင်လုပ်ကိုင်လာသူတွေဖြစ်ပြီး ကျူးကျော်သူတွေ မဟုတ်ကြောင်း၊ သူတို့ဆောက်ထားတဲ့ တဲဟာလည်း အသ စ်ဆောက်တာမဟုတ်ဘဲ အရင်ကတ ည်းကရှိတဲ့တဲကို ပြန်လည်ပြုပြင်တာပဲ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

သံတွဲခရိုင်တရားရုံးက နှစ်ဖက်သက် သေတွေကို စစ်ဆေးပြီးတဲ့နောက်မှာ ဒီမြေဟာ ဦးလှထွေးတို့ ဘိုးဘွားပိုင်မြေဆိုတာ မမှန်ကန်ကြောင်း၊ဒေါ်လှိုင်လှိုင်ဝင်းကသာ တရားဝင်လုပ်ပိုင်ခွင့် ရထားတဲ့သူဖြစ်ပြီး ဦးလှထွေးတို့က ကျူး ကျော်ဝင်ရောက် တဲဆောက်တာဖြစ် ကြောင်း သုံးသပ်ပြီး ဒေါ်လှိုင်လှိုင်ဝင်းကို အနိုင်ဒီကရီ ချမှတ်ပေးခဲ့ပါတယ်။

ဦးလှထွေးတို့က ဒီဆုံးဖြတ်ချက်ကို မကျေနပ်လို့ ရခိုင်ပြည်နယ်တရားလွှတ် တော်ကို အယူခံဝင်ခဲ့ပါတယ်။ပြည်န ယ်တရားလွှတ်တော်ကတော့ ခရိုင်တ ရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒေါ်လှိုင်လှိုင်ဝင်းရဲ့ မြေဝယ်စာချုပ်ဟာ လယ်ယာမြေဥပဒေနဲ့အညီ မှတ်ပုံ တင်ထားတာ မဟုတ်တဲ့အတွက် တရားမဝင်ဘူးလို့ သုံးသပ်ပါတယ်။

အဲဒီအပြင် ဒီလို လယ်ယာမြေ လုပ်ပိုင် ခွင့်အငြင်းပွားမှုတွေကို တရားရုံးက စီရင်ပိုင်ခွင့်မရှိဘဲ သက်ဆိုင်ရာ လယ် ယာမြေစီမံခန့်ခွဲမှု အဖွဲ့ကသာ ဖြေရှင်းရမှာဖြစ်တယ်လို့ ဆုံးဖြတ်ပြီး ဒေါ်လှိုင်လှိုင်ဝင်း စွဲဆိုတဲ့အမှုကို ပလပ်လိုက်ပါတယ်။

အဲဒါနဲ့ ဒေါ်လှိုင်လှိုင်ဝင်းကလည်း ဒီဆုံးဖြတ်ချက်ကို မကျေနပ်လို့ ပြည် ထောင်စုတရားလွှတ်တော်ချုပ်ကို ဆက်ပြီး အယူခံဝင်ခဲ့ပါတယ်။

ဒါပေမယ့် တရားလွှတ်တော်ချုပ်ကလည်း ပြည်နယ်တရား လွှတ်တော်ရဲ့ သုံးသပ်ချက်ကိုပဲ တစ်သဘောတည်းဖြစ်တယ်ဆိုပြီး ဒေါ်လှိုင်လှိုင်ဝင်းရဲ့ အယူခံကို ပယ်ချခဲ့ပါတယ်။

ဒီအခြေအနေမှာ ဒေါ်လှိုင်လှိုင်ဝင်းအတွက် ရှုံးနေပုံပေါ်ပေမယ့် သူကလုံးဝမလျှော့ဘဲ ပြည်ထောင်စုတရားလွှတ် တော်ချုပ်မှာပဲ “အထူးအယူခံ”ကို ထပ်မံလျှောက်ထားခဲ့ပါတယ်။တရားလွှတ်တော်ချုပ်ကလည်း အမှုကို ပြန်လည်ကြားနာဖို့ လက်ခံခဲ့ပါတယ်။

အထူးအယူခံမှာတော့ တရားလွှတ် တော်ချုပ်က အမှုကို အသေးစိတ် ပြန် လည်စစ်ဆေးခဲ့ပါတယ်။

အဲဒီမှာ အရေးကြီးတဲ့ အချက်တွေကို တွေ့ရှိခဲ့ပါတယ်။

  • ၁။ ဦးလှထွေးတို့က သူတို့ပိုင်တယ်လို့ပြောတဲ့မြေရဲ့ ဦးပိုင်အမှတ် (၁၅၁) နဲ့ ဒေါ်လှိုင်လှိုင်ဝင်းရဲ့ ဦးပိုင်အမှတ် (N -20)ဟာ တခုတည်းမဟုတ်ဘဲ ကွဲလွဲနေတာကို တွေ့ရပါတယ်။
    • ဒါကြောင့် ဦးလှထွေးတို့ အငြင်းပွားနေတဲ့မြေဟာ ဒေါ်လှိုင်လှိုင်ဝင်းရဲ့မြေမဟု တ်ဘူးဆိုတာ ထင်ရှားပါတယ်။
  • ၂။ ဦးလှထွေးတို့ တဲလာဆောက်တဲ့အ ချိန်မှာ ဒေါ်လှိုင်လှိုင်ဝင်းဟာ ဒီမြေကို တရားဝင်လယ်ယာမြေ လုပ်ပိုင်ခွင့် (ပုံစံ-၇)နဲ့လက်ရှိထား လုပ်ကိုင်နေသူဖြစ်တာ မှန်ကန်ပါတယ်။
  • ၃။ ဦးလှထွေးတို့ဟာ ဒီမြေကို အရင်ကတည်းက လက်ရှိထား လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားခိုင်လုံအောင် မပြနိုင်ပါဘူး။သူတို့ဆောက်တဲ့တဲဟာလည်း အဟောင်းကို ပြင်တာမဟုတ်ဘဲ တိုင်အသစ်၊ ဓနိမိုးအသစ်တွေနဲ့ အသစ်ဆောက်ထားတာဖြစ် ကြောင်း ဓာတ်ပုံသက်သေတွေအရ ထင်ရှားပါတယ်။ဒါကြောင့် ဒါဟာ တရားလို ဒေါ်လှိုင်လှိုင်ဝင်းရဲ့မြေပေါ်ကို ဝင်ရောက်ကျူးကျော်တာပဲ ဖြစ်ပါတယ်။
  • ၃။ ဒေါ်လှိုင်လှိုင်ဝင်းဟာ တရားစွဲဆိုချိန်မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) သာမကဘဲ လူနေအိမ်ဆောက်လုပ်ဖို့ အစိုးရရဲ့”အခြားနည်းအသုံးပြုခွင့်” ကိုပါ ရရှိထားသူဖြစ်တဲ့အတွက် ဒီမြေကို လက်ရှိထားပိုင်ခွင့် အခိုင်အမာ ရှိနေပါတယ်။

ဒီအချက်တွေကြောင့် ပြည်ထောင်စုတ ရားလွှတ်တော်ချုပ်က အောက်ရုံးတွေဖြစ်တဲ့ ရခိုင်ပြည်နယ်တရားလွှတ်တော်နဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်(အယူခံ)တို့ရဲ့ဆုံးဖြတ်ချက်တွေဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ သုံးသပ်လိုက်ပါတယ်။

နောက်ဆုံးမှာတော့ မူလသံတွဲခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်သာ မှန်ကန်တယ်ဆိုပြီး ဒေါ်လှိုင်လှိုင်ဝင်းကို အနိုင်ဒီ ကရီပြန်လည်ချမှတ်ပေးလိုက်ပါတ ယ်။

ဒီအမှုဟာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို တရားဝင်ရရှိထားသူရဲ့ မြေပေါ်ကို ကျူးကျော်ဝင်ရောက်လာသူကို တရားဥပဒေအရ နှင်ထုတ်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ထင်ရှားစေတဲ့ အမှုတခုဖြစ်ပါတယ်။

◼ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ဘယ်လိုအချက်တွေနဲ့ ထုတ်ပေးရမလဲ

လယ်ယာမြေဥပဒေပုဒ်မ – ၆ မှာ လယ် ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ကို ဘယ် လိုထုတ်ပေးရမလဲ ဆိုတာကို ခုလို ပြဋ္ဌာန်းထားပါတယ်။

မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဟာ ဒီဥပဒေအာဏာတည်တဲ့နေ့ရက်မှာ တည်ရှိနေတဲ့ လယ်ယာမြေတွေနဲ့ စပ် လျဉ်းလို့ အောက်ပါလူပုဂ္ဂိုလ် ဒါမှမဟု တ် အဖွဲ့အစည်းကို သက်ဆိုင်ရာ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ သဘော တူညီချက်နဲ့ မြို့နယ်ဦးစီးဌာနရုံးမှာ သ တ်မှတ်ချက်တွေနဲ့ အညီ မှတ်ပုံတင်ကြေးပေးဆောင်စေပြီးတော့ မှတ်ပုံတ င်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက် မှတ်ထုတ်ပေး ရမယ်။

(က) လူပုဂ္ဂိုလ်ဖြစ်ခဲ့ရင်

  • (၁) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားတဲ့ အဲဒီအိမ်ထောင်စုဟာ တောင် သူလယ်သမား အိမ်ထောင်သားစု ဒါမှမဟုတ် အိမ်ထောင်သားစုဝင်ဖြစ်ရမယ် ။
  • (၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားတဲ့ အဲဒီအိမ်ထောင်သားစုအကြီး အကဲ ဒါမှမဟုတ် အဲဒီ အိမ်ထောင်သားစုမှာ ပါဝင်သူတဦး ဒါမှမဟုတ် အုပ်ထိ န်းသူဟာ ဒီဥပဒေပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲ မြေယာဥပဒေတွေနဲ့ အညီ တ ရားဝင်လက်ရှိ လက်ငုတ်လုပ်ကိုင်နေသူ ဖြစ်ရမယ်။
  • (၃) ဤဥပဒေပြဋ္ဌာန်းပြီးနောက် ဒီဥပဒေနဲ့ဖြစ်ဖြစ်၊ဒီဥပဒေအရပြုတဲ့ နည်းဥပ ဒေ ပြဋ္ဌာန်းချက်တွေနဲ့ အညီဖြစ်ဖြစ် တ ရားဝင်အကျိုးခံစားခွင့်ရရှိသူဖြစ်ရမ ယ်။
  • (၄) အသက် (၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမယ်။
  • (၅) နိုင်ငံသား၊ဧည့်နိုင်ငံသား ဒါမှမဟုတ် နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမယ်။

(ခ) အဖွဲ့အစည်းဖြစ်ခဲ့ရင် လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားတဲ့အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း၊ ကုမ္ပဏီ ဒါမှမဟုတ် အသင်းအဖွဲ့ဖြစ်ရမယ်။

◼ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ကို မမှန်မကန်ရယူနိုင်သလား

လယ်ယာမြေဥပဒေ၊နည်းဥပဒေတွေနဲ့ လွဲချော်ပြီး ထုတ်ပေးထားတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် (ပုံစံ – ၇) ပြန်လည်ရုတ်သိမ်းခံရတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

ဒါကတော့ ၂၀၁၈ ခုနှစ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တဲ့ လယ်ယာမြေပြဿနာတခုအကြောင်းပါ။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာမှာ ဦးပိုင်ပေါက်ထားတဲ့ ၁၁ ဧကကျော်ရှိတဲ့ လယ်ယာမြေကို ဦးအုန်းမြင့်ဆိုသူက လုပ်ကိုင်ခဲ့တာပါ။

သူက အိုမင်းမစွမ်းဖြစ်လာတော့ သားကြီးဖြစ်တဲ့ ဦးသန်းအောင်ကို ဆက်ပြီး လုပ်ကိုင်စေခဲ့ပါတယ်။

ဦးသန်းအောင်ကလည်း အဲဒီမြေတွေကို ဒေါ်မြရီ ဆိုတဲ့ အမျိုးသမီးတစ်ဦးကို ရောင်းချခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဒေါ်မြရီဆိုသူကို လယ် ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ – ၇) ထုတ်ပေးခဲ့ပါတယ်။

အဲဒါကို မူလလုပ်ကိုင်ခဲ့သူဖြစ်တဲ့ ဦးအုန်းမြင့်က တရားရုံးတွေမှာ စောဒကတက်ရာမှာ ခရိုင်နဲ့ တိုင်းတရားရုံးတွေက လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် (ပုံစံ – ၇) ရရှိထားတဲ့ ဒေါ်မြရီကိုပဲ မြေရဲ့ တရားဝင်အကျိုးခံစားခွင့်ရှိသူအဖြ စ် အနိုင်ပေးခဲ့ပါတယ်။

ဒီမှုခင်းနဲ့ပတ်သက်လို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာကတော့ “ပုံစံ ၇ ရရှိနေသူဟာ လယ်ယာမြေဥပဒေမပြဌာန်းမီက တရားဝင်လက်ရှိလက်ငုတ် လုပ်ကိုင်သူ မဟုတ်တဲ့အပြင် လယ်ယာမြေဥပဒေပြဌာန်းပြီးနောက် လယ်ယာမြေဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ တရားဝင်လွှဲပြောင်းရယူ အကျိုးခံစားခွင့်ရှိသူမဟုတ်ဘူး။

လယ်ယာမြေ ဥပဒေပုဒ်မ ၆ အရ လယ် ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ရခွင့်ရှိသူမဟုတ်သူကို လယ်ယာမြေ လုပ် ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးထားတာဖြစ်လို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိထားသူဖြစ်တယ် ဆိုတဲ့ အချက်တစ်ခုနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှုမှာ အနိုင် ပေး ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်မှု ရှိမှာမဟုတ်ဘူး”ဆိုပြီး ခရိုင်နဲ့တိုင်းတရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို စာချွန်တော်အ မိန့်ထုတ်ပြီး ပယ်ဖျက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ ဓားမဦးချ ကနဦးလုပ်ကိုင်လာခဲ့တဲ့သူတွေကသာ လယ် ယာမြေကို ဦးစွာပိုင်ဆိုင်ခွင့် ရှိတယ်ဆိုတာပဲဖြစ်ပါတယ်။

မိမိတို့ရဲ့ အစဉ်အဆက်လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေတွေအတွက် ပိုင်ဆိုင်မှုကို တည်ဆဲဥပဒေနဲ့အညီဖြစ်အောင် လုပ်ဆောင်ထားတာက ပိုပြီးခိုင်မာစေတယ်ဆိုတာပဲဖြစ်ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာအာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အဖြစ်အုပ်ချုပ်ရေးဖော်ဆောင်နေပါတယ်။

အဲဒီအစိုးရအဖွဲ့မှာ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကိုဖွဲ့ထားပြီး မြေယာအမှုကိ စ္စတွေကို ဖြေရှင်းပေးနေပေမယ့် ဘယ်မြေယာဥပဒေနဲ့ဖြေရှင်းပေးနေတယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

ဒါပေမယ့်လယ်ယာမြေတွေအပါအဝင်မြေယာတွေကိုတော့ စာရင်းကောက်ယူတာတွေပြုလုပ်နေပြီး ဥပဒေနဲ့မညီတာတွေ၊မလိုက်နာသူတွေကို ဥပဒေအရအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကိုတိုင်ကြားထားတဲ့မြေယာအမှုတွေအ များကြီးရှိနေပြီး မြေယာပိုင်ဆိုင်မှုအငြ င်းပွားမှုအများစုကို မဖြေရှင်းပေးနိုင်သေးဘူးလို့ မြေယာအမှုရင်ဆိုင်နေကြရသူတွေက ဆိုကြပါတယ်။

PrevPreviousကျောက်မဲမှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ နေအိမ်လေးအိမ်ပျက်စီး
Nextမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားတွေဘေးကင်းလုံခြုံမှုကို စစ်ကော်မရှင်အာမခံပေးရမယ်Next
Previous Post

ကျောက်မဲမှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ နေအိမ်လေးအိမ်ပျက်စီး

Next Post

မြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားတွေဘေးကင်းလုံခြုံမှုကို စစ်ကော်မရှင်အာမခံပေးရမယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

နီပေါအစိုးရသစ် ဘာတွေလုပ်နေလဲ

April 12, 2026

​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

April 12, 2026
​Photo - APM

​တောင်ကုတ်မှာ ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက်တွေဖမ်းဆီးရမိ

April 12, 2026
​Photo - AA

လူငယ်တွေကို နဖူးမှာတက်တူးထိုးပြီး စစ်ကော်မရှင်တပ်ကအဓမ္မစစ်ကျွန်ပြုနေ

April 12, 2026

နီပေါအစိုးရသစ် ဘာတွေလုပ်နေလဲ

​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

လယ်ဒိုမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီး

စစ်ကော်မရှင် တပ်သား ၃ ဦး KNU ဆီအလင်းဝင်

​ဘီးလင်းရှိလေ့ကေစခန်းကုန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

​တောင်ကုတ်မှာ ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက်တွေဖမ်းဆီးရမိ

Releated Post

နီပေါအစိုးရသစ် ဘာတွေလုပ်နေလဲ

April 12, 2026

​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

April 12, 2026
ဓာတ်ပုံ-KNU

လယ်ဒိုမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီး

April 12, 2026
ဓာတ်ပုံ-KNU

စစ်ကော်မရှင် တပ်သား ၃ ဦး KNU ဆီအလင်းဝင်

April 12, 2026
​ဓာတ်ပုံ - နည်းဗျူဟာ ၃၇

​ဘီးလင်းရှိလေ့ကေစခန်းကုန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

April 12, 2026
​Photo - APM

​တောင်ကုတ်မှာ ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက်တွေဖမ်းဆီးရမိ

April 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page