Border News Agency
ကျောက်တော်၊ သြဂုတ် ၃၁။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်လမ်းမကြီးတွေအတွင်း တိရိစ္ဆာန်တွေမထိန်းကျောင်းဖို့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပေးလို က်ပါတယ်။
အဲဒီလိုယာဥ်အသွားအလာများတဲ့လမ်း မကြီးထက်တွေမှာ ကျွဲ၊နွား၊ဆိတ်စတဲ့တိရိစ္ဆာန်တွေကို ထိန်းကျောင်းတာတွေမလုပ်ဖို့ကို အသိပေးတာပါ။
အဲဒီစည်းကမ်းချက်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက ဆိုင်းဘုတ်တွေစိုက်ပြီး ဆော်ဩတိုက်တွန်းအသိပေးနေကြတာပါ။
အဲဒီစည်းကမ်းချက်တွေမှာ “ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက် လမ်းမကြီးထက်တွေမှာ ကျွဲ၊ နွား၊ ဆိတ်၊ တိရစ္ဆာန်တွေကို တွေကိုထိန်းကျောင်းတာ၊ လွှတ်ကျောင်းတာ၊ စီနင်းတာ၊ ချည်ထားတာတွေမပြုလုပ်ရ” ဆိုပြီးဆိုင်းဘုတ်တွေနဲ့အသိပေးနေတာပါ။
အဲဒီအပြင်ယာဉ်အသွားအလာတွေကို အနှောင့်ယှက်ဖြစ်စေပြီး အန္တရာယ်ကျရောက်နိုင်တဲ့လမ်းမထက်တွေမှာ ယာဉ်တွေကို တန့်ထားတာ၊ပစ္စည်းတွေကိုချ ထားတာ၊ယာဉ်မရပ်နားရသတ်မှတ်ထားတဲ့နေရာတွေမှာ ယာဥ်တွေကိုမနားကြဖို့ကိုလည်း အသိပေးထားပါတယ်။
နောက်ပြိီးစျေးဆိုင်ခန်းတွေကို သတ်မှ တ်ထားတဲ့လမ်းဧရိယာအတွင်း ဆော က်လုပ်တာတွေမလုပ်ကြဖို့ အာရက္ခအ စိုးရရဲ့ဒေသဆိုင်ရာအာဏာပိုင်တွေက ကန့်သတ်ထားမြစ်ထားပါတယ်။