Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁။
မြန်မာနဲ့အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ အပြန်အလှန်ချိတ်ဆက်မှု၊ စွမ်းအင်၊ မြေရှားသတ္တုနဲ့ လုံခြုံရေးကဏ္ဍတွေမှာ ဆက်ဆံရေးတိုးမြှင့်ဖို့ စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးသဘောတူခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်နရန်ဒြာမိုဒီက ပြောလိုက်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ တီယန်ကျန်းမြို့မှာ ဩဂုတ်လ ၃၁ ရက်နေ့ကတွေ့ဆုံရာမှာ သဘောတူခဲ့တာလို့ ဝန်ကြီးချုပ် နရန်ဒြာမိုဒီရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာပါ။
မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒနဲ့ အိမ်နီးချင်း ဦးစားပေးမူဝါဒတွေအတွက် အရေးပါတဲ့ နိုင်ငံဖြစ်တယ်လို့လည်းဆိုပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာတွေမှာ ဝန်ကြီးချုပ်နရန်ဒြာမိုဒီနဲ့ မနေ့ကတွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်မှုကဏ္ဍ၊ နှစ်နိုင်ငံ စစ်တပ်ကြားပူးပေါင်းဆောင်ရွက်ရေးအပြင် မြန်မာမှာကျင်းပမယ့်ရွေးကောက်ပွဲကို ထောက်ခံ အားပေးကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဒီနေ့ဖော်ပြထားပါတယ်။
ဒါပေမယ့် မြေရှားသတ္တုကဏ္ဍနဲ့ပတ်သ က်လို့ တစုံတရာဖော်ပြထားတာမရှိပါဘူး။
တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ မြန်မာနိုင်ငံက ကချင်ပြည်၊ပန်ဝါဒေသဟာ မြေရှားသတ္တုအဓိက ထုတ်ယူတဲ့ နေရာဖြစ်ပါတယ်။
အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ရဲ့ ၂၀၂၃ ခုနှစ်၊အချက်အလ က်တွေအရ တရုတ်နဲ့အမေရိကန်ပြီးရင် ကမ္ဘာမှာ မြေရှားသတ္တုထုတ်လုပ်နိုင်တဲ့ တတိယမြောက်အများဆုံးနိုင်ငံဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် မြေရှားသတ္တုထုတ်လုပ်မှုတွေ သိသိသာသာတိုးမြှင့် လာခဲ့ပြီး ၂၀ ၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံဖိုးထိ တင်ပို့နိုင်ခဲ့ကြောင်း တရု တ်နိုင်ငံအကောက်အခွန်ဌာနကထုတ်ပြန်ခဲ့ပါတယ်။
အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား စစ်ရေးတင်းမာနေတဲ့မြို့တော်စစ်တွေမှာ အိန္ဒိယနိုင်ငံရဲ့အရှေ့မျှော်မူဝါဒအတွက် ကုလားတန်ဘက်စုံစီမံကိန်းဆိ ပ်ကမ်းတည်ရှိပြီး စစ်တွေမှပလက်ဝလ မ်းကြောင်းတလျှောက်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပါတယ်။