Border News Agency
ကရင်ပြည်၊ စက်တင်ဘာ ၁။
ကရင်အမျိုးသားအစည်းအရုံးမှ ကျားမရေးရာမှုဝါဒတွေနဲ့ ပတ်သက်လို့ ပြည်သူတွေပွင့်လင်းမြင်သာမှုရှိအောင်စက်တင်ဘာလ ၁ ရက်၊ bဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
သူတို့ထိန်းချုပ်နယ်မြေတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုပိတ်ပင်ထားပြီး ကျား၊ မခွဲခြားဆက်ဆံမှုပြဿနာပပျောက်ရေးအတွက် ကြိုးစားသွားမယ်နေတယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ပြည်သူတယောက်ချင်းစီကိုလည်းကောင်း၊ မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေမှာလည်းကောင်း၊ ဘဝတသက်တာဆိုးရွားသူတွေအတွက် စိုးရိမ်ပူပန်ခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် သူတို့အာဏာသက်ရောက်တဲ့နေရာတွေမှာ လိင်ပိုင်းဆိုင်ရာထိခိုက်နစ်နာတာတွေကနေကာကွယ်ဖို့၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဒဏ်ခံစားခဲ့ရသူတွေကို ဆေးဖက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဥပဒေရေးရာနဲ့လူမှုရေးဆိုင်ရာအကူအညီတွေရရှိစေဖို့ ရွယ်ရည်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဥပဒေတွေ၊မူဝါဒတွေနဲ့ လုပ်ထုံး၊ လုပ်နည်းတွေမှာ ကျားမရေးရာအပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှုအားလုံးကို ပပျောက်စေပြီး တန်းတူညီမျှမှုကို မြင့်တင်ဖို့၊ ကဏ္ဍကိစ္စရပ်အားလုံးမှာ အမျိုးသမီးတွေရဲ့ပူးပေါင်းပါဝင်မှုရလာစေဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအခြေခံမှုတွေကို ချိုးဖောက်သူတွေကိုလည်း ရှင်းလင်းပြတ်သားတဲ့အမိန့်ချမှုတွေ၊ပြင်းထန်အရေးယူဆောင်ရွ က်မှုတွေနဲ့ထိရောက်တဲ့ပြစ်ဒဏ်တွေမှတဆင့် တာဝန်ယူမှု၊တာဝန်ခံမှု ရှိဖို့ကိုလည်းဆိုပါတယ်။
အဲဒီလို ပွင့်လင့်မြင်သာမှုနဲ့ တာဝန်ယူမှုတွေကို မြင့်တင်ဖို့စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အမျိုးသား၊အမျိုးသမီးတိုင်း တန်းတူရှင်သန်ရေးအတွက် အကြမ်းဖက်မှုကြောင့်အသံတိတ်နေသူတဦးမျှမရှိတဲ့ အဖွဲ့အစည်းတရပ်ကိုတည်ဆောက်မှာဖြစ်တာကြောင့် ကရင်ပြည်သူလူထုနဲ့အတူ ပြည်သူလူထုတရပ်လုံးကို တ ရားဝင်အသိပေးထားတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့လည်း အတူတကွပူးပေါင်းဆောင်ရွှက်ဖို့ကိုလည်း အသိပေးထားပါတယ်။
အဲဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားမြစ်ပစ်ပင်ရေး၊ကျားမခွဲခြားဆက်ဆံမှုပပျောက်ရေးနဲ့ပတ်သက်တဲ့ ကတိကဝ တ်ပြုလွှာကို ဂျီနီဗာခေါအဖွဲ့အစည်းနဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးခဲ့တယ်လို့ဆိုပါတယ်။