Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံရေး သတင်း

တရုတ်မယားအဖြစ်ရောင်းစားတဲ့ လူပွဲစား​လေးဦးကို ထောင်ဆယ်နှစ်စီချ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၂ ။

ရန်ကုန်၊ ကချင်နဲ့ရှမ်းပြည်က အမျိုးသမီးလေးဦးကို တရုတ်မယားအဖြစ်ရောင်းစားဖို့ ပို့ဆောင်ပေးခဲ့တဲ့ဖြစ်ရပ် သုံးခုအတွက် လူပွဲစားအမျိုးသမီးလေးဦးကို ထောင်ဆယ်နှစ်စီချမှတ်လိုက်တယ်လို့ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ စက်တင်ဘာ ၂ ရက်၊ ဒီနေ့ ဖော်ပြပါတယ်။

ပထမဖြစ်ရပ်ကတော့ ရန်ကုန်တိုင်း၊ခ ရမ်းမြို့နယ်က ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ​တရွာတည်းနေမနိုင် (ခေါ်)လေးလေးနိုင်ဆိုသူက တရုတ်နိုင်ငံမှာရှိတဲ့ ဆံပင်တုနဲ့လက်သည်းတုစက်ရုံမှာအလုပ်ရမယ်လို့ စည်းရုံးပြီးတော့ မူဆယ်မှာရှိတဲ့ မိုးသူဇာ(ခေါ်)မချိုဆီကို ပို့ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် မချိုက စက်ရုံမှာလုပ်ရမှာမဟုတ်ဘဲ တရုတ်ယောကျ်ားကိုယူရမှာဖြစ်ပြီး မယူရင်လမ်းစာရိတ်တွေ ပြန်ပေးရမယ်လို့ပြောဆိုပြီးနောက် တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒုတိယဖြစ်ရပ်ကတော့ ကချင်ပြည်၊မိုးညှင်းမြို့နယ်နဲ့ မန္တလေးတိုင်း၊တောင်သာမြို့နယ်က ၂၄ နှစ်အရွယ်အမျိုးသ မီးငယ်နှစ်ဦးကို မူဆယ်မှာနေထိုင်တဲ့ အေးမြတ်မွန ဆိုတဲ့အမျိုးသမီးက Tik Tok မှတဆင့် တရုတ်အငှားမယားအဖြစ်လုပ်ကိုင်လိုရင် ယွမ်ငွေတသောင်းရမှာဖြစ်ပြီး သူ့ရဲ့အမွှာညီမဖြစ်သူ အေးအိမွန်က တရုတ်သူဌေးတွေနဲ့ တွေ့ဆုံပေးမယ်လို့ပြောဆိုစည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။

တတိယဖြစ်ရပ်ကတော့ မူဆယ်မှာနေတဲ့ လူပွဲစားအေးမြတ်မွန်ကပဲ ရှမ်းပြည်၊ လားရှိုးမြို့က အသက် ၃၉ နှစ်အရွယ်အမျိုးသမီးတဦးကို တရုတ်အငှားမယားအဖြစ်လုပ်ကိုင်လိုရင် ယွမ်ငွေတသောင်းခွဲရမှာလို့စည်းရုံးပြီး မန္တ လေးမှာရှိတဲ့ ဒေါ်သန်းအေး(ခေါ်)ပီရင်း ဆိုတဲ့ လူပွဲစားဆီပို့ဆောင်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်သုံးခုမှာပါတဲ့ လူပွဲစားအမျိုးသမီးလေးဦးကို လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေပုဒ်မ – ၃၅/၄၄ နဲ့အလုပ်နဲ့ထောင်ဆယ်နှစ်စီချမှတ်ခဲ့တာလို့ဆိုပါတယ်။

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်မှာလည်း တရုတ်မယားအဖြစ်လူကုန်ကူခံနေရတဲ့ အမျိုးသမီးတွေရှိနေတယ်လို့ လူကုန်ကူးမှုတားဆီးရေးဆော င်ရွက်နေသူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့မတ်လဆန်းပိုင်းကလည်း အသ က် ၁၅ နှစ်မှ ၃၈ နှစ်အရွယ်ကြား ရခိုင်အမျိုးသမီး နှစ်ဆယ်တဦးကို မန္တလေးတိုင်းအတွင်းမှာ အာဏာပိုင်တွေထိန်း သိမ်းခဲ့ပါတယ်။

အဲဒီအထဲမှာစစ်တွေမြို့နယ်ကဆယ်ဦး၊ ကျောက်ဖြူ မြို့နယ်ကသုံးဦး၊ ကျောက်တော်မြို့နယ်ကတဦး၊ မြန်မာပြည်က ခုနစ်ဦး၊ စုစုပေါင်းအမျိုးသမီးနှစ်ဆယ်တဦးဖြစ်ပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံး(KWA T)ရဲ့ ၂၀၂၄ ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ်ပြန်တဲ့ “Sold To China” လို့ အမ ည်ရအစီရင်ခံစာမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ တရုတ်မယားအဖြစ် လူကုန်ကူးရောင်းစားခံရတာတွေဟာ စိုးရိမ်စရာကောင်းလောက်အောင်ကျယ် ပြန့်လာနေတယ်လို့ သတိပေးထားပါတယ်။

PrevPreviousကရင်အမျိုးသားအစည်းအရုံးမှာ ကျားမရေးရာမှုဝါဒထုတ်ပြန်
Nextအာဏာသိမ်း ၅ နှစ်နီးပါးအတွင်း ကရင်နီနဲ့ ကယန်းဒေသမှာ အရပ်သား ၈၀၀ ကျော်သေဆုံးNext
Previous Post

ကရင်အမျိုးသားအစည်းအရုံးမှာ ကျားမရေးရာမှုဝါဒထုတ်ပြန်

Next Post

အာဏာသိမ်း ၅ နှစ်နီးပါးအတွင်း ကရင်နီနဲ့ ကယန်းဒေသမှာ အရပ်သား ၈၀၀ ကျော်သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

February 14, 2026
ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

February 14, 2026
Photo-Statusphoto

ထိုင်းမှာမီးလောင်မှုကြောင့် ဘတ်သန်း ၃၀ ကျော်တန်ရွက်လှေကြီး ပြာကျ

February 14, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

February 14, 2026

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

ထိုင်းမှာမီးလောင်မှုကြောင့် ဘတ်သန်း ၃၀ ကျော်တန်ရွက်လှေကြီး ပြာကျ

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

​ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ကျန်လက်နက်တွေကို  EOD အဖွဲ့ရှင်းလင်း

မလေးရှားဆလန်ဂေါမှာ ဒရုန်းသုံး​ဝင်ရောက်စီးနင်းလို့ အထောက်အထားမဲ့ ၅၁ ဦးဖမ်းဆီးခံရ

Releated Post

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

February 14, 2026
ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

February 14, 2026
Photo-Statusphoto

ထိုင်းမှာမီးလောင်မှုကြောင့် ဘတ်သန်း ၃၀ ကျော်တန်ရွက်လှေကြီး ပြာကျ

February 14, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

February 14, 2026
Photo - Border Patrol Police Division 22

​ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ကျန်လက်နက်တွေကို  EOD အဖွဲ့ရှင်းလင်း

February 14, 2026
ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားဆလန်ဂေါမှာ ဒရုန်းသုံး​ဝင်ရောက်စီးနင်းလို့ အထောက်အထားမဲ့ ၅၁ ဦးဖမ်းဆီးခံရ

February 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page