Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး လူမျိုးရေးရာ သတင်း

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးလမ်းကြောင်းရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂကိုတောင်းဆို

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ စက်တင်ဘာ ၅။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာမယ့်နှစ်ဖေဖော်ဝါရီလမှာပြုလုပ်မယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအကြီးတန်းအရာရှိတွေဟာ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေကြပါတယ်။

အကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာမိုဟာမတ်ယူနွတ်ဟာ ကုလသမဂ္ဂဌာနေညှိ့နှိုင်းရေးအရာရှိ ဂွင်လူဝစ်(Gwyn Lewis)နဲ့ တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဆိုင်ရာအကြံပေးအမ်ဒီတောဟစ်ဟူစိန် (Md Touhid Hossain) ကတော့ ဘင်္ဂလားဒေ့​ရှ်နိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ်အီဗိုဖရီးဂျင်(Ivo Freijsen)နဲ့တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက စက်တင်ဘာလ ၄ ရက်နေ့က ဖော်ပြကြပါတယ်။

အကြံပေးပုဂ္ဂိုလ်မိုဟာမတ်ယူနွတ်နဲ့ ကုလဌာနေညှိနှိုင်းရေးအရာရှိ ဂွင်လူဝစ်တို့တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီးဆွေးနွေးကြသလို ရိုဟင်ဂျာအရေးအပေါ်မှာလည်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရိုဟင်ဂျာကွ န်ဖရင့်နဲ့ နယူယောက်မှာကျင်းပမယ့် ကုလအထွေထွေညီလာခံအတွက် ပြင်ဆင်ထားမှုတွေကိုလည်း ဆွေးနွေးကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရံပုံငွေဖြတ်တောက်ခံရမှုဟာ ဒုက္ခသည်စခန်းကပညာရေးနဲ့တခြားဝန်ဆောင်မှုပိုင်းဆိုင်ရာတွေကိုလည်း ထိခိုက်မှုတွေရှိနေတယ်လို့ မိုဟာမတ်ယူနွတ်က ဆိုပါတယ်။

ရိုဟင်ဂျာတွေကိုတာဝန်ယူထားရတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့လူသားချင်းစာနာမှုလုပ်ငန်းစဉ်တွေအတွက် ရံပုံငွေတွေရရှိဖို့လိုတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အကြံပေးပုဂ္ဂိုလ်မိုဟာမတ်ယူနွတ်နဲ့ ကုလဌာနေညှိ့နှိုင်းရေးအ ရာရှိတို့ကြား အဓိကဆွေးနွေးချက်ရံပုံငွေကိစ္စဖြစ်ပေမယ့် နိုင်ငံခြားရေးဆိုင်ရာအကြံပေး အမ်ဒီတောဟစ်ဟူစိန်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ်အီဗိုဖရီးဂျင်ကြားတွေ့ဆုံမှုမှာတော့ ဒီထက်ပိုပြီး အသေးစိတ်ဆွေး နွေးချက်တွေရှိနေပါတယ်။

အမ်ဒီတောဝစ်ဟူစိန်က အီဗိုဖရီဂျင်နဲ့ တွေ့ဆုံရာမှာ ရိုဟင်ဂျာတွေနေရပ်ပြန်ဖို့အတွက် လမ်းကြောင်းတခုကိုကုလသမဂ္ဂက ရှာသင့်တယ်လို့တောင်းဆိုထားပါတယ်။

အီဗိုဖရီဂျင်ရဲ့ပုဂ္ဂိုလ်ရေးဩဇာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂကြားသတောတူထားတဲ့ ၂၀၂၅-၂၆ ခုနှစ်ပူးတွဲတာ ဝန်ယူမှုအစီအစဉ် (the Joint Response Plan (JRP) 2025-26)ကို ခိုင်မာစေမယ့်အပြင် ရိုဟင်ဂျာတွေ မိမိနေရပ်ကိုစိတ်ချလုံခြုံဘေးကင်းစွာ ပြန်နိုင်ဖို့အတွက်လမ်းကြောင်းတွေကိုလည်းရှာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ဘင်္ဂလားဒုက္ခသည်စ ခန်းတွေမှာရောက်နေတဲ့ ရိုဟင်ဂျာ ၁. ၃သန်းကျော်အတွက် အကာအကွယ်တွေနဲ့ခိုင်မာတဲ့ဖြေရှင်းချက်အတွက် နည်းလမ်းတွေကို အပြန်အလှန်ဆွေးနွေးခဲဲကြပါတယ်။

ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ UNHCR ရုံးရဲ့အရေးပါမှုကိုလည်း နှစ်ဖက်စလုံးကအသိအညမှတ်ပြုကြပါတယ်။

အီဗီုဖရီးဂျင်က သူ့အနေနဲ့ ရိုဟင်ဂျာ ဒု က္ခသည်အရေးမှာ သက်ဆိုင်သူတွေက တာဝန်ခံမှုပိုပြီးရှိလာဖို့အတွက် နိုင်ငံတကာမိတ်ဖက်တွေနဲ့နည်းလမ်းတွေရှာပြီး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

သူကဆက်ပြီး ရခိုင်ပြည်ကို ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာပြန်နိုင်တဲ့ထိ ကြိုးစားနေမယ်လို့လည်းဆိုပါတယ်။

နယူယောခ့်မှာကျင်းပမယ့် ရိုဟင်ဂျာအရေးအဆင့်မြင့်ဆွေးနွေးပွဲအတွက် UNHCRက ကြိုးပမ်းမှုတွေကိုလည်း ဘင်္ဂလားဒေ့ရှ်က ကျေးဇူးတင်တယ်လို့ နိုင်ငံခြားရေးအကြံပေးအမ်ဒီတောဟစ်ဟူစိန်က ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ဦးဆောင်မှုကရိုဟင်ဂျာအရေးအပေါ် နိုင်ငံတကာကအာရုံစိုက်မှုကို ပိုပြီးရရှိလာလိမ့်မယ်လို့ နှစ်ဖက်စလုံးက ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေအတွ က်ဘေးကင်းလုံခြုံစွာနေရပ်ပြန်ရေးက အကောင်အထည်ပေါ်မလာသေးပါဘူး ။

ဒါနဲ့ပတ်သက်လို့ ဖြေရှင်းနိုင်မယ့်လက်တွေ့ကျမယ့်လမ်းကြောင်းတွေကို ရှာ ဖွေဖို့ကို ဘင်္ဂလားဒေ့ရှ်က တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။

ကိုးကား –

  • https://www.tbsnews.net/bangladesh/un-resident-coordinator-meets-chief-adviser-pledges-support-february-elections-1229176
  • https://www.tbsnews.net/bangladesh/dhaka-urges-unhcr-explore-practical-ways-rohingya-repatriation-1229206
PrevPreviousမြေယာ၊ ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၁၄
Nextရေအာဏာစက်ကွင်းထဲက ဂုမ္မတီမြစ်Next
Previous Post

မြေယာ၊ ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၁၄

Next Post

ရေအာဏာစက်ကွင်းထဲက ဂုမ္မတီမြစ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

March 15, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

Releated Post

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

March 15, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page