Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

မြေယာ၊ ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၁၄

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၅။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။

ခ.၈။ မြေယာပဋိပက္ခနှင့် ပဋိပက္ခဆက်နွယ်မှုများကိုဖြေရှင်းရန် မြေပြင်တွင်အလုပ်ဖြစ်လက်တွေ့ကျသောလုပ်ငန်းစဉ်နည်းလမ်းများကို သုံးစွဲခြင်း။

ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အဖွဲ့ဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှာ မြေယာပဋိပက္ခနှင့် ပဋိပက္ခဆက်နွယ်မှုများကိုကိုင်တွယ်ရန် မြေပြင်တွင် အလုပ်ဖြစ်ကာ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ရှာဖွေစုဆောင်းရမည်ဖြစ်သည်။

ထိုသို့ရှာဖွေရာတွင် လက်ရှိကျင့်သုံးနေဆဲနည်းလမ်းများအလေ့အထများသည် ကုလသမဂ္ဂ၏ မဏ္ဍိုင်သုံးရပ်နှင့် အံဝင်ဆီလျှော်မှုရှိစေရန်လည်းလိုအပ်သည်။

လုပ်ကိုင်ဆောင်ရွက်နိုင်သောနည်းလမ်းအသစ်များသည် ပဋိပက္ခ၏အစိတ်အပိုင်းများကို ကိုင်တွယ်နိုင်ရန် ယခင်လုပ်နည်းကိုင်နည်းများမှပြောင်းရပြုရလွယ်ခြင်း၊ တိုးတက်သောလက္ခဏာရှိခြင်း၊နည်းလမ်းဟောင်းများထဲမှကောင်း မွန်သောအချက်များ၊ အံဝင်ဆီလျှော်ခြင်းစသည့်အချက်များနှင့်ပြည့်စုံရမည်ဖြစ်သည်။

  • အချက်အလက်မျှဝေခြင်း၊ အချက်အလက်စုဆောင်းခြင်း၊ အချက်အလက်အားအသုံးချခြင်း။

မြေယာပဋိပက္ခနှင့်ပဋိပက္ခဆက်နွယ်မှုများ၊ ပဋိပက္ခ၏နောက်ဆက်တွဲဖြစ်ရပ်များစသည့်နှင့် ပတ်သက်၍အချက်အလက်များအား စီမံခန့်ခွဲမှုကို အထောက်အပံ့ပေးရန်လိုသည်။ အချက်အလက်
များအားစီမံခန့်ခွဲနိုင်ရန်အတွက် နိုင်ငံတနိုင်ငံ၏တပြည်လုံးအတိုင်းအတာအဆင့်တွင် မြေယာအချက်အလက်များ၊ ဒေတာဘေစ့်များ၊ ဒေသန္တရအစိတ်အပိုင်းအလိုက်အချက်အလက်နှင့် မြေပုံ (Geo-spatial data & mapping)များအား မျှဝေမှုများတွင် တိုးတက်မှုများရှိနေရမည်ဖြစ်သည်။

ထိုသို့အချက်အလက်များနှင့်ဖြစ်စဉ်ဖြစ်ရပ်မှတ်တမ်းများသည် ပဋိပက္ခများမဖြစ်စေရန်အတွက် ပြင်ဆင်နိုင်ရန်အသိကြိုပေးခြင်း၊ ပဋိပက္ခအပေါ် ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်သုံးသပ်ခြင်း၊ မြေပြင်အရှိတရားများအားမှတ်တမ်းယူခြင်း၊ အစီရင်ခံခြင်း၊ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်း၊ ကုလသမဂ္ဂ၏ယန္တရားများ၊ အဖွဲ့ဝင်များနှင့် ကုလသမဂ္ဂမဟုတ်သောအဖွဲ့အစည်းများစသည့်ယန္တရား
များကြားတွင် ညှိနှိုင်းခြင်း၊ ပေါင်းစပ်ခြင်းများကိုဆောင်ရွက်ရာတွင် အသုံးချသင့်သည်။

  • အားကောင်း၍အခြေအနေနှင့်ဖိအားကို ခံနိုင်ရည်ရှိသောအချက်အလက်စုဆောင်းမှုနည်းစနစ်ဆိုင်ရာဗေဒရှိခြင်း။

မြေပြင်ရှိဖြစ်စဉ်ဖြစ်ရပ်များကို စုဆောင်းမှု၊ ထိုဖြစ်စဉ်ဖြစ်ရပ်များကို ခွဲခြမ်းစိတ်ဖြာမှု၊ နိုင်ငံအလိုက် ဖြစ်စဉ်ဖြစ်ရပ်များကိုအစီရင်ခံတင်ပြမှုများတွင် ပဋိပက္ခ၏အစိတ်အပိုင်းများမှ ဦးတည်ရာအညွှန်းပြနေမှုများကကုလသမဂ္ဂ၏ မြေယာဆိုင်ရာ ဦးတည်ချက်၊ ရည်မှန်းချက်များကိုမည်သို့ရိုက်ခတ်ရာရှိကြောင်း စောင့်ကြည့်အကဲဖြတ်ချက်များလည်းပါဝင်ရမည်ဖြစ်သည်။

ထိုသို့အချက်အလက်စုဆောင်းမှုများတွင် မြေယာပဋိပက္ခကြောင့် ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်း ချက်အပေါ် မျက်ကွယ်ပြုနေမှု၊ ကုလသမဂ္ဂ၏ရည်မှန်းချက်ကို ထိခိုက်နေမှုများနှင့်အမျိုးသမီးများအား ဖယ်ကျဉ်ထားမှုများကိုပါ ထည့်သွင်းကောက်ယူရမည်ဖြစ်သည်။

  • နေရာစွန့်ခွာရမှုနှင့်မြေယာ၊အိုးအိမ်အခွင့်အရေး။

နေရပ်စွန့်ခွာရသူများအတွက် ၎င်းတို့နေရပ်စွန့်ခွာမှုမဖြစ်ပေါ်ခင်ကပင် ရှိနေသော အိုးအိမ်၊ မြေယာဆိုင်ရာအထောက်အထားများကို ခိုင်မာအောင်လုပ်ပေးနိုင်ရမည်ဖြစ်သည်။

အဆိုပါမှတ်တမ်းအထောက်အထားများက မိမိနေရပ်သို့ပြန်လာနိုင်ရန်အား ထုတ်မှုများတွင် အထောက်အကူဖြစ်မည်ဖြစ်သည်။

ထို့သို့မှတ်တမ်းအထောက်အထားများကို ခိုင်မာအောင်ပြုလုပ်ပေးမှုနှင့်မိမိနေရပ်သို့ပြန်လာရန် အားထုတ်မှုများသည် နေရပ်စွန့်ခွာမှုကြောင့်ဖြစ်လာသောမြေယာဆိုင်ရာပြဿနာအကျိုးဆက်ကိစ္စရပ်ဖြစ်သည်။

အဆိုပါအခြေအနေမျိုးအား ပဋိပက္ခ၏အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းစိတ်ဖြာသုံးသပ်သင့်သည်။

ထိုကဲ့သို့အခြေအနေမျိုးများနှင့် သက်ဆိုင်သောမြေယာများအတွက် လက်တွေ့ကျသောနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများကို ပြုပြင်ရှာဖွေရေးဆွဲယူရမည်ဖြစ်သည်။

ထိုနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများက ဖရီးဟိုလ်အထောက်အထားများကို ဥပဒေကြောင်းအရအသိအမှတ်ပြုပေးရမည်ဖြစ်သည်။

  • နေရပ်စွန့်ခွာမှုနှင့်ဖရီးဟိုလ်အထောက် အထားများ။

(ဖရီးဟိုလ်အထောက်အထားဆိုသည်မှာမြေယာအားပိုင်ဆိုင်မှုအပေါ် အသုံးချမှုပုံစံအရလည်းကောင်း၊ အချိန်ကာလအားဖြင့်လည်းကောင်းအဆိုပါအမျိုးအစားများဖြင့် မြေပိုင်ဆိုင်မှုကို ကန့်သတ်ထားကာအခွန်ဆောင်စေခြင်း၊ သက်တမ်းတိုးခြင်းစသည့်အချက်များတခုတလေမှမရှိသော၊ကင်းစင်သော “မြေကိုပိုင်ဆိုင်မှု” အထောက်အထားဖြစ်သည်။

ဥပမာ – ဘိုးဘွားပိုင်မြေများ၊ အခွန်လွတ်မြေများသည် ဖရီးဟိုလ်(Freehold)ပုံစံရှိသော မြေများဖြစ်သည်။

ထိုသို့မဟုတ်ဘဲ မြေအား အခွန်ဆောင်နေရခြင်း၊ သက်တမ်းတိုးရခြင်းရှိပါက ၎င်းမြေကို(Leasehold)ပုံစံ မြေဟုခေါ်သည်။)

မြေယာနှင့်သက်ဆိုင်သောနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများသည် မြေယာပိုင်ဆိုင်မှုအခွင့်အရေးအမျိုးမျိုးကို ဥပဒေကြောင်းအရ အသိအမှတ်ပြုနိုင်ရမည်ဖြစ်သည်။

ထိုပြင်ဖရီးဟိုလ်ပုံစံပိုင်ဆိုင်မှုထက် ကျော်လွန်သော တောင်းဆိုမှုများကိုလည်း ထိုနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများက အသိအမှတ်ပြုနိုင်ရမည်ဖြစ်သည်။

ထိုသို့အသိအမှတ်ပြုရန်အတွက် ဒေသန္တရ၏ကဏ္ဍတခုချင်းအလွှာလိုက်အချက်အလက်(Geospatial Data)များကို အသုံးချကာ ပဋိပက္ခနှင့် နေရပ်စွန့်ခွာရမှုများအား ခြေရာပြန်ကောက်၍ဆော င်ရွက်နိုင်ရမည်ဖြစ်သည်။

  • နိုင်ငံတည်ဆောက်ရေးရလဒ်နှင့် မြေယာ

မြေယာနှင့်ပတ်သက်သောစည်းမျဉ်းများ၊ လုပ်နည်းကိုင်နည်းများ၊ မြေယာဆိုင်ရာအုပ်ချုပ်စီမံမှုများသည် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်အရ အားထုတ်မှုများထဲတွင်ပင် ရှိနေရမည့်အချက်
များဖြစ်သည်။

အောက်ပါအချက်များသည် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်တလျှောက်တွင် ဆောင်ရွက်ရမည့် မြေယာဆိုင်ရာ အုပ်ချုပ်စီမံမှုများလည်းဖြစ်သည်။

(က) – ပဋိပက္ခကာလ၊ အကြပ်အတည်းအများဆုံးကာလနှင့် စိန်ခေါ်ချက်ကြီးမားသော အတိမ်းအစောင်းမခံနိုင်သောကာလများတွင်ပင် မြေယာဆိုင်ရာအထောက်အထားများ၊ လူထုပိုင်ဆိုင်မှုမှ တ်တမ်းများ၊ မြေယာမှတ်ပုံတင်စာရင်းများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရမည်။

(ခ) – အဆိုပါ စည်းမျဉ်းများ၊ လုပ်နည်းကိုင်နည်းများနှင့် မြေယာအုပ်ချုပ်စီမံမှုများက မိမိနေရပ်ကို ပြန်လာခွင့်နှင့် မြေယာပိုင်ဆိုင်ခွင့်ကို အာမခံပေးထားရမည်ဖြစ်သည်။ 

ပဋိပက္ခကာလအတွင်းတွင် ပြန်လာသည်ဖြစ်စေ၊ ပဋိပက္ခဇာတ်ရှိန်မြင့်ကြာရှည်နေသောအခြေအနေများတွင်ဖြစ်စေ မိမိနေရပ်သို့ ပြန်လာရန်အတွက် မည်သည့်အချိန်တွင်မဆို ပုံစံမျိုးစုံ၊ နည်းမျိုးစုံဖြင့် ပြန်လာရန်ရွေးချယ်စရာများစွာပေးထားရမည်ဖြစ်သည်။

ထိုအချိန်များ၌ပင် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်များ၌ မြေယာပိုင်ဆိုင်မှု အရှိတရားအပေါ် လုံလစိုက်ကာ အကောင်အထည်ဖော်ရမည်ဖြစ်သည်။

လုံလစိုက်ကာအကောင်အထည်ဖော်ခြင်းဆိုရာတွင်ကျားမခွဲခြားမှုမရှိဘဲ မြေယာဆုံးရှုံးခဲ့ပါက ထိုသူများကို လျော်ကြေး၊ နစ်နာကြေးပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းတို့ကိုပါ ထည့်သွင်းဆောင်ရွက်ရမည်ကို ဆိုလိုခြင်းဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousမူးမြို့နယ်မှာ စစ်ကော်မရှင်တပ်အရာရှိတွေအပါအဝင်ခြောက်ဦးသေဆုံး
Nextရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးလမ်းကြောင်းရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂကိုတောင်းဆိုNext
Previous Post

မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်အရာရှိတွေအပါအဝင်ခြောက်ဦးသေဆုံး

Next Post

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးလမ်းကြောင်းရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂကိုတောင်းဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-SNA

စစ်ကိုင်းမှာ SNA တပ်ဖွဲ့ဝင်တဦးအလင်းဝင်

July 27, 2026
​ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း

မြဝတီမှာ အာဏာသိမ်းစစ်သားခြောက်ဦး လက်နက်နဲ့အတူ အလင်းဝင်

July 27, 2026
​ဓာတ်ပုံ - APM

ကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေး

July 27, 2026

ကပ်ဘေးစုံအကျပ်အတည်းကြား မြေယာပဋိပက္ခများ

July 27, 2026

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

Releated Post

ကိုးကား/ဓာတ်ပုံ - World News

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

July 24, 2026

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

July 24, 2026

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

July 24, 2026

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

July 24, 2026
Phpto - APM

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

July 24, 2026
Photo - APM

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

July 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page