Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၆။
မြန်မာနိုင်ငံမှာ ခုလက်ရှိအခြေအနေအရ လူ ၃ ဦးမှာ ၁ ဦးဟာ ဝမ်းရေးမဖူလုံမှုနဲ့ရင်ဆိုင်နေကြရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ရဲ့ စက်တင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာ့လူဦးရေ ၅၁ သန်းကျော်ထဲက သုံးပုံတပုံဝန်းကျင်ဖြစ်တဲ့ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဝမ်းရေးမဖူလုံသူ ၁၃ ဒဿမ ၃ သန်းရှိခဲ့ရာမှတနှစ်အတွင်း ၃ ဒဿမ ၄ သန်းထိ ထပ်တိုးလာတာလည်းဖြစ်ပါတယ်။
အဲဒီအထဲကလူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတနပ်အတွက် နေ့စဉ်ရုန်း ကန်နေရတဲ့ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေကြရတာလို့လည်း WFP က ထောက်ပြထားပါတယ်။
FAO နဲ့ WFP တို့က မကြာသေးခင်က ထုတ်ပြန်ထားတဲ့ Hunger Hotspots Report အစီရင်ခံစာအရ ကမ္ဘာတဝှမ်းစားနပ်ရိက္ခာမဖူလုံမှုအဆိုးရွားဆုံး ၁၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ၅ နိုင်ငံမြောက် ဖြစ်ပါတယ်။
အဲဒီစာရင်းအရ စားနပ်ရိက္ခာမဖူလုံမှုအဆိုးရွားဆုံးနိုင်ငံဟာ နိုင်ဂျီးရီးယားဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နောက်မှာတော့ ဆီးရီးယန်းအာရပ်၊ တောင်ဆူဒန်၊ ဟေတီ၊ ဆိုမာလီယာ၊ ချတ် စတဲ့နိုင်ငံတွေ ရှိနေပါတယ်။
WFP နဲ့ ကိုရီးယားသမ္မတနိုင်ငံတို့က “REACH” လို့ အမည်ပေးထားတဲ့ ပဋိပ က္ခဒဏ်ခံရတဲ့ မိသားစုများတွေအတွက် အရေးပေါ်အကူအညီပေးရေး အစီအစဥ်တရပ်ကို စတင်လိုက်ကြောင်း WFP ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအစီအစဉ်အရပဋိပက္ခနဲ့ငလျင်ဒဏ်သင့်ဒေသတွေက လူဦးရေသုံးသိန်းဝန်းကျင်ကို နှစ်လစာစားနပ်ရိက္ခာ ဒါမှမဟုတ် စားနပ်ရိက္ခာဝယ်ဖို့ ငွေကြေးတွေ ကူညီသွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကိုယ်ဝန်ဆောင်၊နို့တိုက်မိခ င်တွေနဲ့ ကလေးငယ် စုစုပေါင်း ၂၄,၀ ၀၀ ကိုလည်း အာဟာရချို့တဲ့မှုကာကွ ယ်ရေးနဲ့ကုသရေးအကူအညီတွေပေးအ ပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာရက္ခဒေသမှာလည်း စားနပ်ရိက္ခာမဖူလုံမှုအခြေအနေဟာ အလွန်စိုးရိမ်ဖွယ်ရာ အတိုင်းအတာထိ ရောက်ရှိနေပြီး အာဟာရချို့တဲ့မှုအခြေအနေလည်း ပိုမိုဆိုးရွားလာနေတယ်လို့ WFP ရဲ့ ဩဂုတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။