Border News Agency
ကျောက်ဖြူ၊ စက်တင်ဘာ ၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြို့နယ်တွေအပါအဝင် ခြောက်မြို့ နယ်မှာ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သဘာဝဘေးဒဏ်ခိုလှုံမယ့်နေရာတွေကို စစ်ကော်မရှင်ရဲ့စိုက်ပျိုး ရေး၊မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီး ဌာန၊ငါးလုပ်ငန်းဦးစီးဌာနက စက်တင် ဘာလ ၈ ရက်၊ ဒီနေ့ အသိပေးထုတ်ပြန်ထားပါတယ်။
အဲဒီစစ်တွေ၊ကျောက်ဖြူ၊ပေါက်တော၊တောင်ကုတ်၊သံတွဲ၊ဂွ မြို့နယ်တွေရှိပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့ နိုင်ငံသားပိုင်ကမ်းဝေး၊ကမ်းနီးငါးဖမ်းရေယာဉ်တွေအတွက် ကြိုတင်အသိ ပေးထုတ်ပြန်တာပါ။
မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်တွေမှာ လှိုင်းဒဏ်၊လေဒဏ်တွေ ခို လှုံနိုင်မယ့်တည်နေရာတွေကို ထုတ်ပြန်တာပါ။
အဲဒီစစ်တွေမြို့နယ်၊ မင်းဂံချောင်းအတွင်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၈ မိနစ်ပေါက်တောမြို့နယ်၊ ဖရုံဂါကျွန်းမြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၀ မိနစ် တွေမှာ ခိုလှုံနိုင်တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်းမြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်၊အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်၊ သံတွဲမြို့နယ်၊ဆင်ခေါင်းဆိပ်ကမ်းမြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်နဲ့သဗြုချိုင် (ANDREW BAY) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ် တွေမှာခိုလှုံနိုင်တယ်လို့ဆိုပါတယ်။
နောက်ပြီးတောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ်မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်၊အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊ဂွမြို့နယ်၊တင်းတောကျေးရွာ အုပ်စု၊အမော်ချိုင်မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်၊အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၄ မိနစ်တွေမှာလည်း ခိုလှုံနိုင်တယ်လို့ အသိပေးထားပါတယ်။
နိုင်ငံသားပိုင်ကမ်းဝေး၊ကမ်းနီးငါးဖမ်းရေယာဉ်တွေကို ရာသီဥတုခိုလှုံခွင့်နေ ရာသတ်မှတ်ပေးထားတာဟာ မုတ်သုံရာသီဥတုဆိုးရွားချိန်မှာ ငါးဖမ်းရေယာ ဉ်တွေနဲ့ရေလုပ်သားတွေအန္တရာယ်ကင်းရှင်းလုံခြုံစွာကျွန်းခိုရပ်နားနိုင်ဖို့အတွ က်လို့ ဆိုပါတယ်။
ရာသီဥတုခိုလှုံတာကိုအကြောင်းပြပြီး ကမ်းနီးဒေသတွေမှာ ငါး၊ ပုစွန်ဖမ်းဆီးနေတာကိုတွေ့ရင် ထိရောက်စွာအရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီမြို့နယ်တွေထဲမှာ ပေါက်တော၊သံတွဲ၊တောင်ကုတ်၊ဂွမြို့နယ်တွေကို အာရက္ခတပ်တော်ကသိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်ဖြူနဲ့စစ်တွေမှာလည်းအာရက္ခတက်တော်နဲ့စစ်ကော်မရှင်ကြား တိုက်ပွဲတွေဖြစ်နေကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခပင်လ ယ်ပြင်မှာ ရေတပ်စစ်သင်္ဘောတွေအ များအပြားတပ်ဖြန့်ချထားပြီး ရေပြင်ကင်းလှည့်တာတွေနေ့စဥ်ပြုလုပ်နေပါတယ်။