Border News Agency
ကျောက်တော်၊ ဇန်နဝါရီ ၁၆။
ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့နယ်က စစ်ဘေးရှောင်တွေကို Border News Agency ကမေးမြန်းထားပါတယ်။
“အလှူခံလို့ကတော့ မစားဘူးရှက်တယ်။ လူတွေလာရင်လည်း မရှိတဲ့အထဲကရှိတာကိုပေးတယ်။ ဗူးတဝက်ထည့်နိုင်ရင်ထည့်တယ်။ တဗူးထည့်နိုင်ရင်တဗူးထည့်တယ်။ ဘာပြောရမလဲပြောစရာတွေလည်းကုန်ပြီ။ မရှိတာကတော့ဘာမှကိုမရှိတာ။
အဲဒါကို ခံစားရတာတော့အဲဒါတွေကိုမြင်လို့ကြေကွဲမိတယ်။ ငါတို့မှာတော့ ဖြစ်သလိုစားနေရပြီ။ သူတို့မှာတော့ သားနဲ့သမီးနဲ့ဘယ်လိုတွေစားနေကြလဲ။ မေတ္တာလည်းပို့ပြီးသားပါပဲ သူတို့ကိုလည်း။ ကိုယ့်မှာထည့်နိုင်တဲ့အဆီထည့်တယ်။ ကျေနပ်အောင်လို့။ ဗူး တဝက်ထည့်နိုင်ရင် ဗူးတဝက်ထည့်တယ်။ တဗူးထည့်နိုင်ရင်တဗူးထည့်တယ်။
“အရင်နှစ်ကထက်ဒီနှစ်ကျပ်တည်းတယ်။ ရှိတာတွေကုန်သွားရင်ကျပ်တည်းတာပါပဲ။ စစ်တွေမြို့နယ်မှာလည်း အိမ်တွေဘာတခုမှမရှိတော့ဘူး။တရက်မှာတော့နှစ်သောင်း၊ သုံးသောင်းလောက်ကုန်တယ်။ ဆန်၊ ငါးပိ၊ ဆား အကုန်လုံးဝယ်နေရတော့။ ဝင်ငွေပြောဖို့ကလည်း ရှက်စရာကောင်းပါတယ်။
“ထင်းခုတ်လို့ဒီနေ့မှာတရာရခဲ့ရင် နှစ်သောင်းရတယ်။ တရာမခဲ့ဘူး။ ငါးဆယ်ရခဲ့တဲ့နေ့ဆို တသောင်းရတယ်။ အဲဒါနဲ့မျှတအောင် မရှိရင်လည်းမရှိ။ အဲဒီလိုပဲစားရတယ်။ အကူအညီမရတာနှစ်လကျော်ပါပြီ။ ဖိုးလပြည့်ဆီကတော့နှစ်သောင်းပေးခဲ့တယ်ဒီနှစ်မှာ။ ဘာတခုမှမရှိဘူး။ ဝတ်စရာမပါ။
“စားစရာမပါအားလုံးအဝတ်တထည်ကိုယ်တလုံးနဲ့ နှင်ထုတ်တာနဲ့လာခဲ့ရတာ။ အကုန်လုံးဒုက္ခ…အိုးလည်းမပါ။ ခွက်လည်းမပါဘူးဘူး။ အဝတ်တထည်နဲ့ ညည့်သန်းခေါင်းယံအချိန်မှာ နှင်ထုတ်ပေးရတယ်။ အဲဒီလိုနေရတယ်။ မသေရင်နေရတာပါပဲ။






