Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ဘေးရှောင် မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခဒေသကစစ်ဘေးရှောင်တသိန်းအပါအဝင်လူတသန်းကျော်ကို WFP က အကူအညီပေးမှုရပ်ဆိုင်း

(ဓာတ်ပုံ - စစ်ဘေးရှောင်ကလေးတဦး / BNA)

(ဓာတ်ပုံ - စစ်ဘေးရှောင်ကလေးတဦး / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
25
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာအကူအညီပေးနေတဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ဟာ လာမယ့်ဧပြီ လကစတင်ပြီး အာရက္ခဒေသက စစ်ဘေးရှောင်တသိန်းအပါအဝင်လူဦးရေတသန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီပေးမှုတွေ ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့အထောက်အပံ့ကိုသာအားထားနေရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေအပါအဝင်လူပေါင်းတသန်းကျော်ထိခိုက်လာမယ်လို့ မတ်လ ၁၄ ရက်၊ဒီ​နေ့မှာကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ၊နေရပ်စွန့်ခွာရွှေ့ပြောင်းတာတွေနဲ့သွားရောက်ကူညီခွင့်ကန့်သတ်ချက်တွေ တိုးလာတာကြောင့် စားနပ်ရိက္ခာအကူအညီလို အပ်ချက်တွေ ပိုများလာတဲ့အချိန်မှာ ခုလိုမျိုးအထောက်အပံ့ရပ်ဆိုင်းရတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလိုရန်ပုံငွေအသစ်မရှိရင် ထိခိုက်လွယ်မှုအများဆုံးဖြစ်ကြတဲ့ အသက်ငါးနှစ်အောက် ကလေးတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေ၊နို့တိုက်မိခင်တွေနဲ့မသန်စွမ်းသူဦးရေ သုံးသောင်းငါးထောင်ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။

“အခုဖြစ်လာမယ့်အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီတခုတည်းကိုသာအားထားနေကြရတဲ့ နိုင်ငံတဝှမ်းကထိခိုက်လွယ်ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးရွားဆိုးရွားရိုက်ခတ်နိုင်ပါတယ်။” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Michael Dunford က ဆိုပါတယ်။

မြန်မာပြည်သူပြည်သားတွေအားလုံးအတွက် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့တွေ ဆက်ပြီးပေးနိုင်ဖို့အမေရိကန်ဒေါ်လာသန်းခြောက်ဆယ်အရေးတကြီးလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့ WFP အနေနဲ့ကတော့မြန်မာပြည်သူပြည်သားတွေကို ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ကတိကဝတ်အတိုင်း ဆက်လက်ကြိုးစားလုပ်ဆောင်နေမှာဆိုပေမဲ့လည်း အကူအညီတကယ်လိုအပ်နေတဲ့သူတွေဆီအကူအညီတွေဆက်လက်ပေးပို့နိုင်ဖို့ရာရန်ပုံငွေတွေ ချက်ချင်းလက်ငင်းရရှိဖို့ အရေးကြီးပါတယ်။” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Michael Dunford က ဆိုပါတယ်။

WFP ဟာ စားနပ်ရိက္ခာလိုအပ်မှု အမြင့်ဆုံးဖြစ်ပြီးအခက်ခဲဆုံးရာသီချိန်ဖြစ်တဲ့ ဇူလိုင်လမှစက်တင်ဘာလအတွက်အရေးပေါ်အစီအစဥ်တွေအနေနဲ့အဲဒီလတွေမှာ စားနပ်ရိက္ခာပြတ်တောက်နိုင်မယ့်လူဦးရေသုံးသိန်းကို ပြန်ပြီးအထောက်အပံံ့တွေပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဉ်အရ မြန်မာနိုင်ငံမှာလူဦးရေ ၁၅ ဒဿ မ ၂ သန်းခန့်ဟာ တနေ့တာစားနပ်ရိက္ခာလိုအပ်ချက်တွေကိုမလုံလောက်တာတွေကြုံနေကြရပြီးမနှစ်ကလူဦးရေ ၁၃ ဒဿမ ၃ သန်း တိုးလာနေတယ်လို့ဆိုပါတယ်။

အဲဒီအထဲမှာလူဦးရေ ၂ ဒဿမ ၃ သန်းဟာ ဆာလောင်ငတ်မွက်မှာဒဏ်ကို ရင်ဆိုင်နေကြရပြီ WFP ရဲ့ ပုံမှန်ပံ့ပိုးကူညီမှုရနေတာတောင် ထမင်းနပ်မှန်မစားရတဲ့သူတွေရှိနေတယ်လို့ဆိုပါတယ်။

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာလည်းဟိန္ဒူဘာသာဝင်တွေဟာ စားနပ်ရိက္ခာ၊ဆေးဝါးအကူအညီတွေ လိုအပ်နေကြတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတ ယ်။

အဲဒီမောင်တောမြို့နယ်မှာ ဟိန္ဒူဘာ သာဝင်လေးထောင်ကျော်ထိရှိနေပြီးအများစုဟာ အလုပ်အကိုင်တွေမရှိကြသေးဘူးလို့ ဆိုကြပါတယ်။

သူတို့တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြသလို အာရက္ခတပ်တော်ဆီကလည်း အကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့ ဟိန္ဒူဘာသာဝင်တွေ ကဆိုကြပါတယ်။

“စားဖို့၊သောက်ဖို့ အခက်အခဲရှိတယ်။အလုပ်အကိုင်လည်းမရှိဘူး။ဆန်တသိုက်စားရမယ့်နေရာမှာ နှစ်ဗူးလုပ်လို့စားရတယ်။နှစ်ဗူးစားတာမှာ တဗူးလုပ်လို့စားနေရတယ်။အဲလိုအခက်အခဲတွေဖြစ်နေပါတယ်။အဲဒါတွေကိုကူညီပေးစေချင်ပါတယ်။လူတွေကအလုပ်အကိုင်လည်း အဆင်မ​ပြေဘူး။စားဝတ်နေရေးနဲ့အများကြီးဒုက္ခရောက်နေကြတယ်။” လို့ မောင်တောမြို့မှဟိန္ဒူဘာသာဝင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခဒေသမှာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေအများကြီးရှိနေပေမယ့် ရုံးအားလုံးကို ပိတ်ထားကြပြီး စစ်ဘေးရှောင်ထွက်သွားကြပြီမို့ နိုင်ငံ တကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေရဲအကူအညီတွေလည်းရပ်တန့်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး ပြည်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်နေသလို လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)တွေ ဖွင့်လှစ်ဆောင်ရွက်ပေးနေပေမယ့် လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်လို့ အာရက္ခပြည်တွေကဆိုကြပါတယ်။

PrevPreviousကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး
Nextမောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရNext
Previous Post

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

Next Post

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page