Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ဘေးရှောင် မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခဒေသကစစ်ဘေးရှောင်တသိန်းအပါအဝင်လူတသန်းကျော်ကို WFP က အကူအညီပေးမှုရပ်ဆိုင်း

(ဓာတ်ပုံ - စစ်ဘေးရှောင်ကလေးတဦး / BNA)

(ဓာတ်ပုံ - စစ်ဘေးရှောင်ကလေးတဦး / BNA)

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
25
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာအကူအညီပေးနေတဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ဟာ လာမယ့်ဧပြီ လကစတင်ပြီး အာရက္ခဒေသက စစ်ဘေးရှောင်တသိန်းအပါအဝင်လူဦးရေတသန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီပေးမှုတွေ ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့အထောက်အပံ့ကိုသာအားထားနေရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေအပါအဝင်လူပေါင်းတသန်းကျော်ထိခိုက်လာမယ်လို့ မတ်လ ၁၄ ရက်၊ဒီ​နေ့မှာကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ၊နေရပ်စွန့်ခွာရွှေ့ပြောင်းတာတွေနဲ့သွားရောက်ကူညီခွင့်ကန့်သတ်ချက်တွေ တိုးလာတာကြောင့် စားနပ်ရိက္ခာအကူအညီလို အပ်ချက်တွေ ပိုများလာတဲ့အချိန်မှာ ခုလိုမျိုးအထောက်အပံ့ရပ်ဆိုင်းရတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလိုရန်ပုံငွေအသစ်မရှိရင် ထိခိုက်လွယ်မှုအများဆုံးဖြစ်ကြတဲ့ အသက်ငါးနှစ်အောက် ကလေးတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေ၊နို့တိုက်မိခင်တွေနဲ့မသန်စွမ်းသူဦးရေ သုံးသောင်းငါးထောင်ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။

“အခုဖြစ်လာမယ့်အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီတခုတည်းကိုသာအားထားနေကြရတဲ့ နိုင်ငံတဝှမ်းကထိခိုက်လွယ်ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးရွားဆိုးရွားရိုက်ခတ်နိုင်ပါတယ်။” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Michael Dunford က ဆိုပါတယ်။

မြန်မာပြည်သူပြည်သားတွေအားလုံးအတွက် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့တွေ ဆက်ပြီးပေးနိုင်ဖို့အမေရိကန်ဒေါ်လာသန်းခြောက်ဆယ်အရေးတကြီးလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့ WFP အနေနဲ့ကတော့မြန်မာပြည်သူပြည်သားတွေကို ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ကတိကဝတ်အတိုင်း ဆက်လက်ကြိုးစားလုပ်ဆောင်နေမှာဆိုပေမဲ့လည်း အကူအညီတကယ်လိုအပ်နေတဲ့သူတွေဆီအကူအညီတွေဆက်လက်ပေးပို့နိုင်ဖို့ရာရန်ပုံငွေတွေ ချက်ချင်းလက်ငင်းရရှိဖို့ အရေးကြီးပါတယ်။” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Michael Dunford က ဆိုပါတယ်။

WFP ဟာ စားနပ်ရိက္ခာလိုအပ်မှု အမြင့်ဆုံးဖြစ်ပြီးအခက်ခဲဆုံးရာသီချိန်ဖြစ်တဲ့ ဇူလိုင်လမှစက်တင်ဘာလအတွက်အရေးပေါ်အစီအစဥ်တွေအနေနဲ့အဲဒီလတွေမှာ စားနပ်ရိက္ခာပြတ်တောက်နိုင်မယ့်လူဦးရေသုံးသိန်းကို ပြန်ပြီးအထောက်အပံံ့တွေပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဉ်အရ မြန်မာနိုင်ငံမှာလူဦးရေ ၁၅ ဒဿ မ ၂ သန်းခန့်ဟာ တနေ့တာစားနပ်ရိက္ခာလိုအပ်ချက်တွေကိုမလုံလောက်တာတွေကြုံနေကြရပြီးမနှစ်ကလူဦးရေ ၁၃ ဒဿမ ၃ သန်း တိုးလာနေတယ်လို့ဆိုပါတယ်။

အဲဒီအထဲမှာလူဦးရေ ၂ ဒဿမ ၃ သန်းဟာ ဆာလောင်ငတ်မွက်မှာဒဏ်ကို ရင်ဆိုင်နေကြရပြီ WFP ရဲ့ ပုံမှန်ပံ့ပိုးကူညီမှုရနေတာတောင် ထမင်းနပ်မှန်မစားရတဲ့သူတွေရှိနေတယ်လို့ဆိုပါတယ်။

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာလည်းဟိန္ဒူဘာသာဝင်တွေဟာ စားနပ်ရိက္ခာ၊ဆေးဝါးအကူအညီတွေ လိုအပ်နေကြတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတ ယ်။

အဲဒီမောင်တောမြို့နယ်မှာ ဟိန္ဒူဘာ သာဝင်လေးထောင်ကျော်ထိရှိနေပြီးအများစုဟာ အလုပ်အကိုင်တွေမရှိကြသေးဘူးလို့ ဆိုကြပါတယ်။

သူတို့တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြသလို အာရက္ခတပ်တော်ဆီကလည်း အကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့ ဟိန္ဒူဘာသာဝင်တွေ ကဆိုကြပါတယ်။

“စားဖို့၊သောက်ဖို့ အခက်အခဲရှိတယ်။အလုပ်အကိုင်လည်းမရှိဘူး။ဆန်တသိုက်စားရမယ့်နေရာမှာ နှစ်ဗူးလုပ်လို့စားရတယ်။နှစ်ဗူးစားတာမှာ တဗူးလုပ်လို့စားနေရတယ်။အဲလိုအခက်အခဲတွေဖြစ်နေပါတယ်။အဲဒါတွေကိုကူညီပေးစေချင်ပါတယ်။လူတွေကအလုပ်အကိုင်လည်း အဆင်မ​ပြေဘူး။စားဝတ်နေရေးနဲ့အများကြီးဒုက္ခရောက်နေကြတယ်။” လို့ မောင်တောမြို့မှဟိန္ဒူဘာသာဝင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခဒေသမှာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေအများကြီးရှိနေပေမယ့် ရုံးအားလုံးကို ပိတ်ထားကြပြီး စစ်ဘေးရှောင်ထွက်သွားကြပြီမို့ နိုင်ငံ တကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေရဲအကူအညီတွေလည်းရပ်တန့်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး ပြည်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်နေသလို လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)တွေ ဖွင့်လှစ်ဆောင်ရွက်ပေးနေပေမယ့် လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်လို့ အာရက္ခပြည်တွေကဆိုကြပါတယ်။

PrevPreviousကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး
Nextမောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရNext
Previous Post

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

Next Post

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

August 18, 2026

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် စိစစ်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတိုက်တွန်း

August 18, 2026
Photo - ONN

AA ဝင်မယ့် ကလေးသုံးဦးကို မိဘတွေဆီပြန်အပ်

August 18, 2026
ဓာတ်ပုံ - အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

အရာတော်မှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရ

August 18, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် စိစစ်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတိုက်တွန်း

AA ဝင်မယ့် ကလေးသုံးဦးကို မိဘတွေဆီပြန်အပ်

အရာတော်မှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရ

မြို့ခုနှစ်မြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ဝက်လက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

Releated Post

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

August 18, 2026

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် စိစစ်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတိုက်တွန်း

August 18, 2026
Photo - ONN

AA ဝင်မယ့် ကလေးသုံးဦးကို မိဘတွေဆီပြန်အပ်

August 18, 2026
ဓာတ်ပုံ - အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

အရာတော်မှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရ

August 18, 2026
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မြို့ခုနှစ်မြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

August 18, 2026
ဓာတ်ပုံ - ပကဖ၊ ဝက်လက်မြို့နယ်

ဝက်လက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

August 18, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page