Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၁

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
အီရန်၊ မတ် ၉။

ကာဂျားစ်(Qajars)မင်းဆက် (၁၇၈၉ ခုနှစ်မှ ၁၉၂၅ခုနှစ်ထိ)

ကာဂျားစ်(Qajars)တွေဟာ အောဂ်ဟူးစ်တာခ့်(Oghuz Turks )အုပ်စုထဲကဘေ ယတ်လူမျိုးစု(Bayat tribe)အနွယ်တွေ ဖြစ်ပါတယ်။

သူတို့တွေဟာ အာမေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ အီရန်ရဲ့အနောက်မြောက်ဖက်မှာနေကြပါတယ်။

ဆာဖာဗဒ်မင်းဆက်(Safavid era)ကာ လပျက်သုန်းပြီးအချိန်ထိ ကာဂျားစ်တွေဟာ အစိတ်စိတ်အမြွာမြွာကွဲပြားနေခဲ့ပါတယ်။

၁၇၇၉ ခုနှစ်မှာ ဆာဖာဗဒ် မင်းဆက်ရဲ့ ကာရမ်ခန်းဇန်ဒင် ( Karim Khan Zandin)သေဆုံးပြီးနောက် ဇန်ဒ် နဲ့ အက်ဖ်ရှာရစ် မင်းဆက်တွေ (Zand and Afsharid dynasties)ကို ဆက်ခံဖို့ ကြိုး စားသူတွေကြားမှာ တိုက်ပွဲတွေ ပြင်းထ န်ခဲ့ပါတယ်။

အဂ္ဂမိုဟာမက္ခန်း(Agha Mohammad Khan)က ကာဂျားစ်လူမျိုးတွေကို ပြန် လည်စုစည်းနိုင်ခဲ့ပြီး ဇန်ဒ်နဲ့အက်ရှာရစ် မင်းဆက်ကိုဆက်ခံဖို့ ကြိုးစားသူတွေအောင်မြင်ခဲ့ပါတယ်။

အဲဒီလို အောင်မြင်ခဲ့လို့ အီရန်နယ်မြေတွေကို ပြန်လည်စည်းရုံးလာနိုင်ခဲပါတယ်။

အဂ္ဂမိုဟာမက်ခန်းကကာဂျားစ်မင်းဆ က်(Qajar Dynasty)ကို ၁၇၈၉ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ကာဂျားစ် မင်းဆ က်ဟာ ၁၇၈၉ ခုနှစ်မှ ၁၉၂၅ ထိ နှစ်ပေါင်း ၁၃၆ နှစ်ထိ ကြာရှည်ခဲ့ပါတယ်။

မြောက်ဦး၊ ကုန်းဘောင်နဲ့ကာဂျားစ် ခေတ်ပြိုင်

အဂ္ဂမိုဟာမက်ခန်း အီရန်ကို ပြန်စုစည်းတဲ့အချိန်ဟာ မြန်မာကုန်းဘောင်မင်းဆ က်ကို ထူထောင်ချိန် ၁၇၅၂ ခုနှစ်ထက် နှစ်ပေါင်း ၃၇ နှစ်ခန့်နောက်ကျပါတယ်။

ကုန်းဘောင်ကို ဦးအောင်ဇေယျ ထူထောင်ချိန်ဟာ ရခိုင်မှာ မြောက်ဦးမင်းဆက်နရအဘယ (Nara Abbaya) အုပ်ချုပ်နေတာပါ။

၁၇၈၅ ခုနှစ်မှာ ရခိုင်မြောက်ဦးထီးနန်းဟာ ကုန်းဘောင်ဘုရင် ဘိုးတော်မောင်ဝိုင်းဆီမှာ ကျရှုံးခဲ့ပြီးပါပြီ။ရခိုင်ထီးန န်းကျရှုံးပြီးနောက် လေးနှစ်အကြာမှာ ကာဂျာစ်မင်းဆက် အီရန်မှာ တက်လာတာပါ။

၂၀ ရာစု ဆိုရှယ်ဒီမိုကရက်အတွေး အခေါ်နဲ့အီရန်

ကာဂျာစ်မင်းဆက်ရဲ့အစ္စလမ်ပဒေသ ရာဇ်လူမှုအဖွဲ့အစည်းဟာ ဥရောပလူမှုပြုပြင်ပြောင်းလဲရေးတွေရဲ့ ရိုက်ခတ်မှုကို ခံရပါတယ်။

အီရန်ဟာ ရုရှားအင်ပါယာနဲ့ ဗြိတိသျှအင်ပါယာကြားညှပ်နေခဲ့ပါတယ်။

​အီရန်နိုင်ငံဟာ သမိုင်းကြောင်းအရတော့ “ကိုလိုနီနိုင်ငံ” အဖြစ် တရားဝင် သတ်မှတ်ခံရခြင်းမျိုး မရှိခဲ့ပါဘူး။

ရုရှား၊ ဗြိတိသျှ၊ ပြင်သစ်စတဲ့နိုင်ငံကြီးတွေက အီရန်ကို အပြည့်အဝသိမ်းပိုက်ပြီး သူတို့ရဲ့ ကိုလိုနီနယ်မြေအဖြစ် တိုက်ရိုက်အုပ်ချုပ်ခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။

ဒါပေမယ့်အီရန်ဟာ တစိတ်တပိုင်ကိုလို နီ(Semi-colonial)သဖွယ် ဖြစ်ခဲ့ရတဲ့ကာလတွေကိုတော့ ကြုံတွေ့ခဲ့ရပါတယ်။

၁၉ ရာစုမှာ ရုရှားအင်ပါယာနဲ့ ဗြိတိသျှအင်ပါယာတို့ဟာ အာရှမှာ ဩဇာလွှမ်းမိုးဖို့ အားပြိုင်ခဲ့ကြပါတယ်။

အီရန်(ထိုစဉ်က ပါရှား)ဟာ အဲဒီနှစ်နိုင်ငံကြားမှာ ကြားခံနယ်မြေလိုဖြစ်နေခဲ့ပြီးနှစ်နိုင်ငံစလုံးက ပါရှားရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကို ကိုယ့်ဩဇာခံဖြစ်အောင် အတင်းအကျပ် ဖိအားပေးခဲ့ကြပါတယ်။

၁၉၀၇ ခုနှစ် အင်္ဂလိပ်-ရုရှားသဘောတူညီချက် (Anglo-Russian Entente) အ ရ ပါရှားနိုင်ငံဟာ ပါဝါဂိမ်းထဲမှာ မလူးသာမလွန့်သာ အခြေအနေ ဆိုက်ခဲ့ရပါတယ်။

အဲဒီသဘောတူညီချက်အရ ပါရှားမြောက်ပိုင်းဟာ ရုရှားသြဇာခံနယ်မြေဖြစ်သွားပြီး တောင်ပိုင်းဟာ ဗြိတိသျှတို့ရဲ့ ဩဇာခံနယ်မြေဖြစ်သွားခဲ့ပါတယ်။

ဒါဟာ နိုင်ငံအချုပ်အခြာအာဏာကို ပြင်ပအင်အားကြီးနှစ်နိုင်ငံက ကိုယ့်သ ဘောနဲ့ခွဲဝေယူလိုက်တဲ့ သဘောမျိုးဖြ စ်တဲ့အတွက် ပြင်းထန်တဲ့တစိတ်တပိုင်းကိုလိုနီ(Semi- colony)အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။

အီရန်ရဲ့ ရေနံသယံဇာတနဲ့တခြားကုန် သွယ်မှုအခွင့်အရေးတွေကို ဗြိတိသျှတို့ (အဓိကအားဖြင့် Anglo-Persian Oil Companyမှတဆင့်)အကြီးအကျယ် ထိ န်းချုပ်ထားခဲ့တာကြောင့် နိုင်ငံရေးအရ လွတ်လပ်နေသယောင်ရှိပေမယ့် စီးပွား ရေးအရတော့ ကိုလိုနီနယ်မြေလိုပဲ ဆက်ဆံခံခဲ့ရပါတယ်။

အီရန်ဟာ တခြားအာရှနဲ့ အာဖရိကနိုင် ငံတွေလို နယ်ချဲ့လက်အောက်ကို တိုက် ရိုက်ကျရောက်တာမရှိခဲ့ပေမယ့် ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီး ပွားရေးဖိအားပေးမှုတွေကြောင့် အချု ပ်အခြာအာဏာကို အပြည့်အဝမကျင့် သုံးနိုင်ခဲ့တဲ့”ဩဇာခံနိုင်ငံ”(Client State)အဖြစ် နှစ်ပေါင်းများစွာ ဖြစ်နေခဲ့ပါတယ်။

ဒီအခြေအနေက အီရန်ရဲ့ လူမှုစီးပွားဘဝကို များစွာသက်ရောက်လာခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အီရန်ရဲ့လူမှုပထဝီ ဝင်ကိုကြည့်ရင် အစ္စလာမ်ပဒေသရာဇ်၊ အရင်းရှင် စီးပွားရေးအောက်မှာသာမန် လူထုဟာ ခရုဆန်ကျွတ်နေတာကို တွေ့ရမှာပါ။

တဖက်မှာတော့ ဥရောပသားတွေရဲ့ အငွေ့အသက်တွေကြောင့် အီရန်ထဲမှာ ပညာတတ်လူလတ်တန်းစား အလွှာက ပေါ်လာခဲ့ပါတယ်။

ဥရောပသားတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုက တဖက်မှာဥရောပနဲ့ ခရစ်ယာန်အပေါ် အီရန်သာမန်လူထုအတွက် မျက် မုန်းကျိုးစရာ ဖြစ်လာပါတယ်။

၂၀ ရာစု အစပိုင်းမှာတော့ အီရန်ရဲ့ လူ ထုနိုင်ငံရေးဟာ စတင်လူးလွန်လာပါပြီ။

၁၉၀၄ – ၀၅ ခုနှစ်မှာ ကော့ကေးဆပ်တောင်ပိုင်း(Transcaucasia)မှာ အီရန် ပညာတတ်တစုက ဆိုရှယ်ဒီမိုကရက်ပါတီကို ထူထောင်ကြပါတယ်။ စတင်ထူထောင်သူက အင်ဂျင်နီယာဘွဲ့ရဟေးဒါခန်းအမိုအောဂ္ဂလီ တရီဗာဒီ (Haydar Khan Amo-oghliTariverdi ) ပါ။

အီရန် ဆိုရှယ်ဒီမိုကရက်ပါတီကို ဦးဆောင်သွားသူက အဇာဘိုင်ဂျန်ဘော်ရှီဗစ်တဦးဖြစ်တဲ့နာရီမန် နာရီမန်နောဗ့် ( Nariman Narimanov)ပါ။

အီရန်ရဲ့ဆိုရှယ်ဒီမိုကရက်တစ်ပါတီဟာ ဆိုရှယ်လစ်၊လက်ဘရယ်၊ဖွဲ့စည်းပုံအ ခြေခံဥပဒေ လူမှုပဋိညာဉ်အယူအဆကို အီရန်အမျိုးသားရေးနဲ့ တွဲဖက်ထားပါတယ်။

အနောက်အပေါ် အမြင်မကြည်မှု

အီရန်ရဲ့ လူမှုစီးပွားအခြေအနေက ၁၉ ရာစုအကုန်ပိုင်းမှာ အခြေအနေပိုမိုဆိုးလာပါတယ်။

ရုရှားကို အရှုံးပေးခဲ့ရတဲ့၁၈၁၃ ခုနှစ် ဂူလီစတန်စာချုပ်(Treaty of Gulistan) နဲ့ ၁၈၂၈ ခုနှစ်၊တာခ့်မင်ချေစာချုပ် (Treaty of Turkmenchay)တွေကြောင့် အီရန်ဟာ ဂျော်ဂျီယာ၊အာမေနီးယားနဲ့ အီရန်ရဲ့အစဥ်အလာရှိခဲ့တဲ့ကစ္စပီယံပင် လယ်ရေတပ်(Caspian Navy)ကို လက် လွှတ်ခဲ့ရပါတယ်။

အဲဒီအပြင် အာဖဂန်နစ္စတန်ကို စွန့်လွတ်ပြီး ရုရှားဇာဘုရင် (Tsar)ကို ပေါင်သုံးသန်း ပေးခဲ့ရပါတယ်။

၁၈၅၇ ခုနှစ်ပါရီစာချုပ် (Treaty of Paris)အရ အီရန်ဟာ ဟောရတ် (Herat)မှတပ်ဆုတ်ပေးရပြီး ဗြိတိန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးပေးခဲ့ရပါတယ်။

ဥရောပနိုင်ငံတွေနဲ့ စစ်ရေးမယှဉ်နိုင်မှုက စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုတွေမှာပါ တဖက်သတ်လိုက်လျောမှုကို ဖြစ်စေပါတယ်။

“စီးပွားရေးအရပဲ ဖြစ်ဖြစ်၊ စစ်ရေးအရပဲ ဖြစ်ဖြစ် စက်မှုထုတ်ကုန်လူမှုအဖွဲ့အစည်းကို မတည်ဆောက်နိုင်တဲ့ အီရန်ဟာ ဗြိတိန်၊ ရုရှားနဲ့ယှဉ်လာရင် မြေကို ထိုးပေးနေရတာချည်းပါပဲ။

အီရန်မြေကို စီးပွားရေးစာချုပ်တွေအရ ထိုးပေးနေရမှုက အီရန်လူထုအတွက်တော့ ဇာတိမာန်နဲ့ ဂုဏ်သိက္ခာကို ထိခို က်မှုပါပဲ။တဖက်မှာတော့ အုပ်ချုပ်သူ ကာဂျာစ်မင်းဆက်အပေါ်မှာလည်း အီရန်လူထုဟာ စိတ်ကုန်လာပါတယ်။

အီရန်ဟာ ရိုးရာအထည်အလိပ်လုပ်ငန်းတွေနဲ့ နာမည်ကြီးပါတယ်။ အီရန်သားတွေရဲ့ ပါရှန်းကော်ဇောလိုအထည်တွေဟာ ဥရောပတင်မက အရှေ့ဘက် တရု တ်၊ဂျပန် တွေထိ ဂုဏ်သတင်းကြီးခဲ့ပါတယ်။

ကာဂျာစ်မင်းဆက်ကာလထဲမှာတော့ အီရန်ရဲ့အထည်အလိပ်လုပ်ငန်းဟာ ဥရောပကတင်သွင်းလာတဲ့အထည်အလိ ပ်တွေကို မယှဉ်နိုင်တော့ပါဘူး။မယှဉ်နို င်တဲ့အခါ ရိုးရာအထည်အလိပ်လုပ်ငန်းတွေ ပြိုလဲကုန်ပါတယ်။

အဲလိုပြိုလဲတဲ့အခါ အကျိုးဆက်က အထည်အလိပ်လုပ်ငန်းကို မှီခိုနေကြရတဲ့လူမှုဘဝတွေ စုတ်ပြတ်ကုန်ပါတယ်။

တချိန်က မြေဩဇာကောင်းလှတဲ့မြေ ယာတွေဟာ မြက်ရိုင်းတောတွေဖြစ်ကု န်ပါတယ်။ စုတ်ပြတ်သတ်ကုန်တဲ့လူမှုဘဝထဲမှာ ခိုးဆိုးလုယက်မှုတွေက ရောပြွန်းထကုန်ပါတယ်။

အမှန်ကတော့ ဒီလိုအဖြစ်အပျက်တွေဟာ ကိုလိုနီနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ထုံးစံပါပဲ။

ဒါပေမယ့် အီရန်ဟာ တချိန်တုန်းက ပါရှန်အင်ပါယာအဖြစ် ဂုဏ်ပြောင်ခဲ့ပြီးဥရောပလူမှုအဖွဲ့အစည်းကို ယှဥ်နိုင်ခဲ့သူတွေပါ။

ဒီလိုအနေအထားမျိုးက တခြားကိုလိုနီနိုင်ငံတွေနဲ့မတူဘဲ ဥရောပနဲ့ယှဉ်လာရင် သိမ်ငယ်မှုကို အီရန်တွေ ပိုခံစားရပုံ ရပါတယ်။

၂၀ ရာစု အစောပိုင်းကာလ အီရန်ရဲ့ လူမှုအဆောက်အအုံအလွှာကိုကြည့်ရင် အုပ်ချုပ်သူ ကာဂျာစ်မင်းဆက်၊ဘာ သာရေးအုပ်စု၊လူလတ်တန်းစားပညာ တတ်၊ကုန်သည်၊သာမန်ဆင်းရဲသားစတဲ့အလွှာတွေကိုတွေ့ရမှာပါ။

အီရန်ရဲ့ ဇာတိမာန်ဆိုင်ရာထိခိုက်မှုဟာ ဘာသာရေးအုပ်စု၊လူလတ်တန်းစားပ ညာတတ်နဲ့ကုန်သည်တွေအပေါ်မှာ ရိုက်ခတ်မှုရှိပါတယ်။

ဆေးရွက်ကြီးဆန့်ကျင်ရေး (Tobacco Protest)

ဆေးရွက်ကြီးဆန့်ကျင်ရေးဟာ အီရန်ခေတ်သစ်နိုင်ငံရေးသမိုင်းမှာ ပထမဆုံးလူထုလှုပ်ရှားမှုပါ။

အဲဒီလှုပ်ရှားမှုဟာ ၁၈၉၁ ခုနှစ်၊ဖေဖော် ဝါရီလမှ ၁၈၉၂ ခုနှစ် ဇွန်နဝါရီလထိ တနှစ်နီးပါး ကြာခဲ့ပါတယ်။

အဲဒါဟာ အီရန်ရဲ့ ၁၉၀၆ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာလှုပ်ရှားမှု အတွ က် ပထမဆုံးလမ်းခင်းမှုလည်းဖြစ်ပါတယ်။အမှန်ကတော့ အီရန်ရဲ့ကနဦးလူ ထုလှုပ်ရှားမှုဟာ ဘာသာရေးအလွှာကနေစတင်လာခဲ့တာပါ။

အဲဒီလိုသဘောမျိုးဟာ မြန်မာနိုင်ငံမှာလည်း ဖြစ်ခဲ့ပါတယ်။ဥပမာ- ဝိုင်အမ်ဘီအေ၊ဂျီစီဘီအေလိုအသင်းမျိုး စပေါ်လာတာဟာလည်း ဘာသာရေးအလွှာထဲက အခြေတည်မှုကို ယူတာပါပဲ။

ဆေးရွက်ကြီးဆန့်ကျင်ရေးဖြစ်လာတဲ့အကြောင်းရင်းခံက ၁၈၉၀ ခုနှစ်၊မတ် လမှာ ကာဂျာစ်ဘုရင်နာဆာအဲလ်ဒင် ရှား(Naser al-Din Shah)က ဗြိတိန်လူ မျိုးဘာရွန်ပေါလ်ဂျူလီယစ်ရိုက်တာ ( BaronPaul Julius Reuter)ကို နှစ်ငါးဆယ်ဆေးရွက်ကြီး လုပ်ပိုင်ခွင့်လက် ဝါးကြီးအုပ်ပိုင်ခွင့်ပေးလိုက်တာက စတာပါ။

အီရန်ကထုတ်တဲ့ဆေးရွက္ ကြီးတွေ ဟာ ဥရောပမှာ စျေးကောင်းပါတယ်။ ပြီးရင် နေရာတိုင်းမှာလည်း စိုက်လို့မရတဲ့မျိုးစိတ်တွေပါပါတယ်။

အဲဒါဟာ အီရန်အတွက် စိုက်ပျိုးရေးသယံဇာတပါပဲ။

ကာဂျာစ်ဘုရင်အမြင်မှာတော့ သူဆီကို ဝင်လာတဲ့အကျိုးအမြတ်ပဲရှိနေတာပါ။

အဲဒီအကျိုးအမြတ်ဟာ သာမန်အီရန်လူထုကို ဘယ်လောက်ထိ ဂုတ်သွေးစုတ်သွားတယ်ဆိုတာကိုတော့ ဘုရင်က မျက်ကွယ်ပြုနေပါတယ်။

ကုန်ထုတ်လုပ်မှုအားနည်းတဲ့ လူ့အဖွဲ့ အစည်းထဲမှာ အုပ်ချုပ်သူတွေဟာ နိုင် ငံခြားရင်းနှီးမြုပ်နှံမှုဆိုတာကို လက်ခံတဲ့အခါ မိမိရဲ့ လူထုအပေါ် မျက်ကွယ်ပြုပြီး သယံဇာတကို အချောင်နှိုက်တ တ်ကြတာဟာ လူသားသမိုင်းမှာ ခေတ်အဆက်ဆက်ရှိနေပြီးသားပါ။

ကာဂျာစ်ဘုရင်ရဲ့လုပ်ရပ်တွေကို အမြ င်မကြည်မှုက ဘာသာရေးအလွှာထဲမှာလည်း ဖြစ်နေတာကြာနေပါပြီ။ အမှန်ကတော့ ဘာသာရေးအဆောက်အအုံနဲ့ အုပ်ချုပ်ရေးအဆောက်အအုံဟာ အီရန်လူ့အဖွဲ့အစည်းရဲ့ထိပ်ဆုံးမှာ မိတ်ဘက်ပြုပြီး အတူတူထိုင်နေခဲ့ကြတာပါ။

ဒါပေမယ့် ရုရှားနဲ့ဗြိတိန်အားပြိုင်ရာ ကစားကွင်း ဖြစ်သွားပြီးနောက်မှာဥရောပသားတွေရောက်ရှိလာပြီး ဥရောပယဉ်ကျေးမှုတွေ ရောယှက်လာတာကို ဘာသာရေးအလွှာဘက်က အမြင်မကြည်ပါဘူး။

အီရန်ဘာသာရေးအလွှာရဲ့နိုင်ငံရေး

အီရန်ဘာသာရေးအလွှာဟာ ဘာကြောင့် အီရန်လူ့အဖွဲ့အစည်းရဲ့ နေ့စဉ်ဘဝထိ သက်ရောက် ဩဇာညောင်းရသလဲ ဆိုရင် အဖြေက ရိုးရိုးလေးပါ။

အီရန်ဘာသာရေးအလွှာဟာ အီရန်ရဲ့ လူမှုဒုက္ခဖိနှိပ်မှုတွေကို တွန်းလှန်ပေးတဲ့အချက်အလက်တွေ ရှိခဲ့လို့ပါပဲ။

ကာဂျာစ်ဘုရင်ရဲ့ ဆေးရွက်ကြီးလုပ်ပိုင်ခွင့်ကို ဗြိတိန်သားတဦးကို ရောင်း စားလိုက်လို့ သာမန်အီရန်လူထုရဲ့ ဘဝကို ထိခိုက်လာတဲ့အခါ ၁၈၉၁ ခုနှစ် ဒီဇင်ဘာလမှာ အီရန်ဘာသာရေးအာ ဏာပိုင်မာဂျအီတာလတ်မီဇာဟာဆန် ရှိရာဇီ (marja’-e taqlid Mirza Hasan Shirazi)က ဖတ်သဝါ(fatwa)ကို ထုတ်ပြန်လိုက်ပါတယ်။

မာဂျာအီတာလတ် marja’-e taqlid ဆိုတာက တော်ဝင်အယာတိုလာ ဘွဲ့နဲ့အ တူတူပါ။

ဘာသာရေးခေါင်းဆောင်ထုတ်ပြန်တဲ့ဖတ်သဝါအမိန့်က “ဆေးရွက်ကြီးကို သောက်ရင်အလ္လာကို မယုံကြည်ရာ ရောက်တယ်။” ဆိုတဲ့သဘောမျိုးပါ။

အဒီလိုဘာသာရေးဘက်ကနွယ်ပြီး အုပ်ချုပ်ရေးကို အာခံတာမျိုးကိုလည်း မရောက်တဲ့အမိန့်ရဲ့ ရည်ရွယ်ချက်က ”ဆေးရွက်ကြီးကို မသုံးဘူး။မစိုက်ဘူး၊ မရောင်းဝယ်ဘူး။”ဆိုတဲ့ သပိတ်မှောက်ခြင်းပါပဲ။

သာမန်အီရန်လူထုနဲ့အီရန်ကုန်သည်တွေအတွက်တော့ စိုက်ရင်လည်း ဝမ်းမဝ၊မစိုက်လည်းဝမ်းမဝတဲ့အတူတူမစိုက်တော့ပါဘူး။

ကာဂျာစ်ဘုရင်နဲ့ ဗြိတိန်ကို ပညာသားပါပါ အာခံအမိန့်ဖြစ်တာကြောင့် အီရန်ရဲ့ ပညာတတ်အလွှာကလည်း ထောက် ခံပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အီရန်ရဲ့ လူမှုဘဝ ကြပ်တည်းမှုကို အီရန်ရဲ့ ဘာသာရေးအဆောက်အအုံကစတင် အာခံလိုက်ပါပြီ။

၂၀ ရာစုအစပိုင်းရဲ့ အီရန် နိုင်ငံရေးဖြစ်စဉ်ကို ကြည့်ရင် လက်ဘရယ်ဒီမိုကရက်တွေပါတဲ ဆိုရှယ်ဒီမိုကရေစီတွေ အားကောင်ခဲ့ပါတယ်။

လူထုဒုက္ခကို မျက်ကွယ်မပြုတဲ့ဘာသာရေးအဆောက်အအုံရှိနေပါတယ်။

အဲဒီလိုဘာသာရေးအဆောက်အအုံနဲ့ လွတ်လပ်ညီမျှမှုကို လိုချင်တဲ့ပညာတ တ်လူလတ်တန်းစားတွေကြား ညီညွှတ်မှုကို ပါရှန်းစကားနဲ့ ဝါးဒက် ” Vahdat” လို့ခေါ်ပါတယ်။ဝါးဒက်ကြောင့် တော် လှန်ရေးအောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် နဂိုကပင် အယူအဆအထိုင် တွေမတူတဲ့အုပ်စုတွေကြား တော်လှန် ရေးအောင်မြင်ပြီးနောကိပိုင်းအားပြိုင်မှုတွေ ပြန်ဖြစ်လာပါတယ်။

အဲဒီအားပြိုင်မှုမှာ ဘာသာရေးအလွှာက အာဏာကိုရယူနိုင်ခဲ့ပါတယ်။

အဲဒီလိုရယူဖို့ လက်ဘရယ်ဒီမိုကရက်တွေကို ဖိနှိပ်တဲ့အခါ ဖိနှိပ်သူ (မိုစတီးဘဒ်”Mostebed”) တွေ ဖြစ်လာပါတယ်။

အီရန်နိုင်ငံရေးကို အဓိပ္ပါယ်ဖွင့်ရင် အီရန်လူထုဟာ ဒီမိုကရက်လွတ်လပ်မှုကို လိုချင်ပေမယ့် ဥရောပအမေရိကန်ရဲ့ လွှမ်းမိုးမှုကိုတော့ မလိုချင်ကြပါဘူး။

အီရန်မှာ ဘာသာရေးအလွှာဟာ ဖိနှိပ်ခံရတဲ့ပြည်သူတွေဘက်က ရပ်တည်တဲ့သမိုင်းတွေရှိလို့ လူထုက ယုံကြည်မှုရှိပါတယ်။

အီရန်တော်လှန်ရေးအောင်မြင်ပြီးနောက်ပိုင်း အီရန်ဒီမိုကရေစီအင်အားစုတွေနဲ့ဘာသာရေးအလွှာကြားမှာ အားပြိုင်မှုက ရှိခဲ့ပါတယ်။

အီရန်နိုင်ငံရေးကို အဓိပ္ပါယ်ဖွင့်ရင် ရု ရှားနဲ့အနောက်အုပ်စုကြားက ပါဝါဂိမ်းကွင်းပြင်လည်း ဖြစ်သလို ဒီမိုကရေစီအုပ်စုနဲ့ ဘာသာရေးအုပ်စုကြား အားပြို င်မှုလို့လည်း ဆိုနိုင်ပါတယ်။

ဆက်ရန်…

ကိုးကား

  • https://en.wikipedia.org/wiki/Persian_Constitutional_Revolution
PrevPreviousမဲဆောက်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
Nextကချင်၊ချင်း၊ရခိုင်သို့ စက်သုံးဆီသယ်ယူခွင့် NUG ကန့်သတ်Next
Previous Post

မဲဆောက်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

Next Post

ကချင်၊ချင်း၊ရခိုင်သို့ စက်သုံးဆီသယ်ယူခွင့် NUG ကန့်သတ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အင်းတော်တော်လှန်ရေး

မော်လူးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

March 9, 2026

​အမေရိကန်နဲ့မဟာမိတ်မဖွဲ့ဖို့ အီရန်ကာ့ဒ်တွေကို ဆီးရီးယားကာ့ဒ်တွေသတိပေး

March 9, 2026

​အီရန်ခေါင်းဆောင်သစ်အဖြစ် မူဂျတာဘာခါမေနီကိုခန့်အပ်မြို့တော်မှာအောင်ပွဲခံနေ

March 9, 2026

​မီဇိုရမ်မှာချင်းအမျိုးသားတဦးဆီက လေသေနတ် ၁၉ လက်ဖမ်းမိ

March 9, 2026

ကွတ်ခိုင်မှာနေအိမ်တလုံးမီးလောင်မှုဖြစ်ပွားလို့ အမျိုးသမီးနှစ်ဦးသေဆုံး

မော်လူးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

ကွတ်ခိုင်မှာ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသားတဦးဒဏ်ရာရ

​လယ်ဒိုမှာစစ်ကော်မရှင်တပ်က အရပ်သား ၃၀ ကို ဖမ်းဆီးသတ်ဖြတ်

​အမေရိကန်နဲ့မဟာမိတ်မဖွဲ့ဖို့ အီရန်ကာ့ဒ်တွေကို ဆီးရီးယားကာ့ဒ်တွေသတိပေး

​ဘူးသီးတောင်ရှိအိမ်ထောင်စု ၁၃၀ ကျော်ကို ULA ရိက္ခာထောက်ပံ့

Releated Post

ကွတ်ခိုင်မှာနေအိမ်တလုံးမီးလောင်မှုဖြစ်ပွားလို့ အမျိုးသမီးနှစ်ဦးသေဆုံး

March 9, 2026
ဓာတ်ပုံ - အင်းတော်တော်လှန်ရေး

မော်လူးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

March 9, 2026

ကွတ်ခိုင်မှာ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသားတဦးဒဏ်ရာရ

March 9, 2026
Photo-KNU

​လယ်ဒိုမှာစစ်ကော်မရှင်တပ်က အရပ်သား ၃၀ ကို ဖမ်းဆီးသတ်ဖြတ်

March 9, 2026

​အမေရိကန်နဲ့မဟာမိတ်မဖွဲ့ဖို့ အီရန်ကာ့ဒ်တွေကို ဆီးရီးယားကာ့ဒ်တွေသတိပေး

March 9, 2026
​Photo-GEM

​ဘူးသီးတောင်ရှိအိမ်ထောင်စု ၁၃၀ ကျော်ကို ULA ရိက္ခာထောက်ပံ့

March 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page