Border News Agency
ဆားလင်းကြီး၊ စက်တင်ဘာလ ၂၁။
စစ်ကော်မရှင်ပြုလုပ်မယ့် ရွှေးကောက်ပွဲကို ဆန့်ကျင်ကြောင့် တပ်ပေါင်းစုဆိုင်ကယ်သပိတ်မှောက်ခဲ့ကြတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ စက်တင်ဘာလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု၊ ယင်းမာပင်မြို့နယ်သပိတ်အင်အားစု၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ တကသကျောင်းသားဟောင်းအင်အားစုရန်ကုန်နဲ့ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂပူးပေါင်းပြီး ပြည်သူတွေနဲ့အတူ သပိတ်စုံမှစစ်ကော်မရှင်ပြုလုပ်မယ့်ရွှေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။
တရားမဝင်အတုအယောင်ရွေးကောက်ပွဲဟာ စစ်ကော်မရှင်အတွက် နိုင်ငံရေးထွက်ပေါက်ဖြစ်ပြီး ပြည်သူလူထုအတွက် ထောင်ချောက်ဖြစ်တယ်ဆိုတာကို ကျေးရွာတွေလှည့်ပြီး သပိတ်တရားဟောခဲ့ကြတာပါ။