Border News Agency
သံတွဲ၊ စက်တင်ဘာ ၂၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲဲမြို့ကို စက်တင်ဘာလ ၂၇ ရက်နေ့ည ၈ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေပြီးခြောက်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီသံတွဲမြို့၊ ညောင်ပင်စျေးရပ်ကွက်ကို စစ်ကော်မရှင်တပ်ကပေါင်ငါးရာဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့လို့အရပ်သားတဦးသေပြီးခြောက်ဦးဒဏ်ရာရသွားတာပါ။
အဲဒီအထဲမှာကလေးသုံးဦးပါဝင်ပါပြီးအရေးပေါ်ကုသနေရကြရပါတယ်။
အဲဒီသေဆုံးဒဏ်ရာရသူတွေရဲ့အသေးစိတ်အချက်အလက်တွေကို Border News Agency က မေးမြန်းနေပါတယ်။
အဲဒီအချက်အလက်တွေကို ဆက်လက်ဖော်ပြပေးပါမယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ ၂၇ ရက်၊ မနေကလည်း တောင်ကုတ်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။