Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၂၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာမှာ ဓါးပြတိုက်ပြီးလူသတ်မှုပြစ်မှုနဲ့အချုပ်ခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရာမှထွက်ပြေးသွားတဲ့အချုပ်သားတဦးကို ပြန်လည်ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
သူဟာ ကြာညိုပြင်ကျေးရွာဇာတိဖြစ်ပြီး ပြိန်းချောင်းရွာမှာကျပန်းလုပ်ကိုင်စားသောက်နေတဲ့ အသက်သုံးဆယ်ငါးနှစ်အရွယ်ကိုညီညီစိုး ဖြစ်ပါတယ်။
သူ့ကို အာရက္ခတပ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS)က စက်တင်ဘာလ ၂၇ရက်၊ ဒီနေ့မှာ မြောက်ဦးမြို့နယ်မှာ ပြန်လည်ဖမ်းဆီးရမိတာပါ။
“ရဲတပ်ဖွဲ့တွေက မြောက်ဦးမြို့နယ်ကဂိတ်တခုမှာ မသင်္ကာလို့စစ်ဆေးရာကနေပြန်လို့ဖမ်းမိတာပြောပါတယ်။” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအချုပ်သားကိုညီညီစိုးဟာ ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းရွာမှာ ဇူလိုင်လ ၂၄ ရက်နေ့ညက အသက်ငါးဆယ်ကျော်အရွယ်ဒေါ်ဝင်းနုရီကို ဓါးပြတိုက်သတ်ဖြတ်ပြီး ရွှေလေးကျပ်နဲ့ ငွေတဆယ့်ငါးသိန်းကျပ် ခိုးယူသွားခဲ့တာပါ။
သူ့ကိုဓါးပြတိုက်ပြီး လူသတ်၊ ခိုးမှုနဲ့ ရွာသားတွေက ဇူလိုင် ၃၁ ရက်နေ့၊ ညအချိန်မှာ ဖမ်းဆီးမိကြတာလည်းဖြစ်ပါတယ်။
အဲဒီနောက် ကျောက်တော်မြို့နယ်မှာကိုညီညီစိုးကိုခိုးမှု၊ လုယက်မှုနဲ့ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၃၉၂ နဲ့ အမှုဖွင့် စစ်ဆေးနေတာဖြစ်တာပါ။
သူ့ကို ထိန်းသိမ်းစစ်ဆေးနေချိန် သြဂုတ်လ ၂၈ ရက်နေ့မှာ ကျောက်တော်မြို့နယ်၊ အချုပ်ခန်းမှနခြားအချုပ်သားတဦးနဲ့အတူ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
ကိုညီညီစိုးနဲ့အတူ အချုပ်ခန်းကထွက်ပြေးသွားတဲ့ ခိုးမှု၊ လုယက်မှုနဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ နဲ့အမှုဖွင့်တရားစွဲဲခံထားရသူကို မိုးမြတ်ကျော်ကိုစက်တင်ဘာလ ၆ ရက်နေ့က ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။







Comments 1
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.com/da-DK/register?ref=V3MG69RO